📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ကရင်နီနှင့်ရှမ်းတောင်ဒေသ ဇန်နဝါရီလအတွင်း တိုက်ပွဲများ၌ စစ်ကောင်စီဘက်မှ ၄၀ ကျော်သေဆုံး၊ ၁၀ ဦးအလင်းဝင်

—

by

in

ကရင်နီနှင့် ရှမ်းတောင်ဒေသတိုက်ပွဲများတွင် ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးထက်မနည်း သေဆုံးပြီး ဒုအရာခံဗိုလ်အပါအဝင် ၁၀ ဦး လက်နက်ချအလင်းဝင်လာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ကသတင်းထုတ်ပြန်သည်။

ဇန်နဝါရီလအတွင်း ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် ၊ ဘောလခဲမြို့နယ် ၊ ဖားဆောင်းမြို့ နှင့် ကရင်နီ-ရှမ်းတောင်နယ်စပ်ရှိ မိုးဗြဲမြို့ ၊ ဆီဆိုင်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ဇန်နဝါရီ ၉ ရက်နေ့က ဆီဆိုင်မြို့နယ်၊ ရွှေတဂူကျေးရွာ စေတီကုန်းရှိ စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်၏ စခန်းကို သိမ်းယူသည့်တိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်၃၀ကျော်သေဆုံးပြီး ဇန်နဝါရီ ၁၂ ရက်က ဘောလခဲမြို့နယ် မိုင်းထမ်းကျေးရွာ နှင့်ဝမ်မလန်းကျေးရွာကြား မိုင်းဆွဲတိုက်ခိုက်မှုတို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်းသေဆုံးကြောင်း KNDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။သေဆုံးသူများအနက် ရုပ်အလောင်းသုံးဆယ်ကျော်တွေ့ရှိခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီထံမှ လက်နက်ကြီး၊ လက်နက်ငယ် ၃၂ လက် သိမ်းဆည်းရရှိပြီး စစ်ကောင်စီဒုအရာခံဗိုလ်တဦး ၊ တပ်သားကိုးဦး စုစုပေါင်း၁၀ဦးသည် သေနတ် ခုနစ်လက်နှင့်အတူ ဘက်ပြောင်းခိုလှုံလာသည်ဟုKNDF ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

” သူတို့တွေ( အလင်းဝင်လာသူများ) ကတော့ အတင်းအဓမ္မစစ်မှုခိုင်းပြီးတော့မှ ရှေ့တန်းပို့ခံရတဲ့သူက အများစုဖြစ်ပါတယ်” ဟု KNDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ကရင်နီ-ရှမ်းတောင်နယ်စပ်ရှိ မိုးဗြဲမြို့တွင် ဇန်နဝါရီတလလုံး နေ့စဉ်နီးပါး ထိတွေ့တိုက်ပွဲများ ဖြစ်ခဲ့ပြီး မိုးဗြဲမြို့အခြေစိုက် ခမရ(၄၂၂)တပ်မှ စစ်ကောင်စီစစ်ကြောင်းအချို့သည် မြို့တွင်းသို့ ဝင်ရောက်နိုင်ရေးအတွက် ဒရုန်း၊ လက်နက်ကြီးများ အလွန်အကျွံအသုံးပြု၍ တိုက်ခိုက်နေသည်ဟု KNDF က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ထိုးစစ်ဆင်တိုက်ခိုက်မှုကို ပူးပေါင်းတော်လှန်ရေးတပ်များမှ ခုခံတိုက်ခိုက်ပြီးမိုးဗြဲမြို့အား ထိန်းချုပ်ထားဆဲဟု ဆိုသည်။

“မိုးဗြဲကတပ်တွေကတော့ မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ အသည်းအသန်ကြိုးစား‌နေတယ်” ဟု KNDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ၂၀၂၄ ဩဂုတ်လမှစတင်ကာ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမှ ဖယ်ခုံ၊ ထိုမှတဆင့် ၂၀၂၄ နှစ်ကုန်ပိုင်းတွင် ဖယ်ခုံမှ မိုးဗြဲမြို့ကို စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်ပြီး ယင်းစစ်ကြောင်းသည် လက်ရှိတွင် မိုးဗြဲမြို့တွင်းရှိ ခမရ(၄၂၂) နှင့်ပူးပေါင်းမိသွားပြီဖြစ်ကြောင်း သိရသည်။

ဘောလခဲမြို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေသဖြင့် ဒေသခံများအနေဖြင့် ၁၀ ရက်အတွင်း ဘေးလွတ်ရာတိမ်းရှောင်ကြရန် တော်လှန်ရေးပူးပေါင်းတပ်က ဖေဖော်ဝါရီ ၂ ရက်နေ့တွင် သတိပေး ထုတ်ပြန်ထားသည်။

ဇန်နဝါရီလအတွင်း စစ်ဆင်ရေးများတွင်KNDF ရဲဘော် ခြောက်ဦးကျဆုံးခဲ့သည်ဟုလည်း သတင်းထုတ်ပြန်ထားသည်။ ကရင်နီပြည်နှင့် ကရင်နီ-ရှမ်းတောင်နယ်စပ်တွင် စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု ၃၁ကြိမ်ထက်မနည်းနှင့် လက်နက်ကြီးပစ်ခတ်မှု ၃၀ကျော် ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ အဆိုပါတိုက်ခိုက်မှုများကြောင့် ကလေးငယ်နှစ်ဦး အပါအဝင် အရပ်သား ခုနစ်သေဆုံးပြီး ကလေးငယ် သုံးဦး၊ ကိုယ်ဝန်ဆောင်မိခင်တဦးအပါအဝင် ၁၄ ဦးဒဏ်ရာရခဲ့ကြောင်း KNDF က သတင်းထုတ်ပြန်ထားသည်။ထို့အပြင် ဒေသခံပြည်သူများ၏နေအိမ် ၃၈လုံးနှင့်အထက် ပျက်ဆီးခဲ့ပြီး စာသင်ကျောင်း နှစ်ကျောင်း ၊ ဘုန်ကြီးကျောင်းငါးကျောင်းပျက်ဆီးခဲ့သည်ဟု ဆိုသည်။ တိုက်ပွဲများဆက်လက်ပြင်းထန်နိုင်ကြောင်းလည်း KNDFက သတင်းထုတ်ပြန်ထားသည်။

ပုံအညွှန်း- ဇန်နဝါရီ ၉ ရက် ဆီဆိုင်မြို့နယ် ရွှေတဂူကျေးရွာ စေတီကုန်းတိုက်ပွဲအတွင်း ကရင်နီပူးပေါင်းတပ် သိမ်းဆည်းရရှိသည့် လက်နက်များ

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်