သင့်ဖုန်းက အခွန်မဆောင်ဘဲ တရားမဝင် တင်သွင်းထားတဲ့ ဖုန်း ဖြစ်နေရင် (သို့မဟုတ်) ဖုန်းရဲ့ IMEI နံပါတ်က CEIR စနစ်မှာ မှတ်ပုံမတင်ထားရင် လာမယ့်ဧပြီလ ၁ ရက်နေ့ကစပြီး ဖုန်းလိုင်း ဖြတ်တောက်ခံရနိုင်ပါတယ်။

ဒါကြောင့် အရေးကြီးတဲ့အချက်တွေကို နားလည်လွယ် အောင် အတိုချုပ် ရှင်းပြပေးလိုက်ပါတယ်။

အခွန်ဆောင်ပြီးသား ဖုန်းတွေကော?

၂၀၂၆ ခုနှစ်၊ မတ်လ ၁ ရက်နေ့မတိုင်ခင်ကတည်းက သုံးနေတဲ့ ဖုန်းတွေအားလုံးဟာ အခွန်ဆောင်ဖို့ မလိုဘဲ၊ CEIR စနစ်မှာ အလိုအလျောက် မှတ်ပုံတင်ပြီးသား ဖြစ်သွားမှာပါ။

ဒါပေမဲ့ ဒီအချက်ကို မမေ့ပါနဲ့

သင်လက်ရှိ သုံးနေတဲ့ဖုန်းက အခွန်မဆောင်ရဘဲ တရား ဝင် ဆက်သုံးနိုင်ဖို့အတွက် ၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့မတိုင်ခင် (MPT၊ ATOM၊ U9၊ Mytel) စတဲ့ SIM Card တခုခု ထည့်ပြီး ဖုန်းခေါ်ဆိုတာ (သို့မဟုတ်) ဖုန်းဖွင့်ထားဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ဒါမှသာ CEIR စနစ်မှာ သင့်ဖုန်းရဲ့ IMEI က အလိုအလျောက် မှတ်ပုံတင် ပြီးသား ဖြစ်မှာပါ။

ဧပြီလ ၁ ရက်နေ့နောက်ပိုင်းကစပြီး ဘာဖြစ်မှာလဲ?

၂၀၂၆ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့ကစပြီး၊ CEIR စနစ်မှာ မှတ်ပုံမတင်ထားတဲ့ ဖုန်းတွေနဲ့ SIM Card အသစ်တွေကို စတင်ချိတ်ဆက်ရင်၊ အဲဒီဖုန်းတွေကို (၃၀) ရက်အထိပဲ ယာယီသုံးခွင့်ပေးမှာပါ။

အဲဒီ ရက် (၃၀) အတွင်းမှာ သတ်မှတ်ထားတဲ့ အခွန်နဲ့ ဒဏ်ကြေးတွေကို ဝဘ်ဆိုက် (သို့မဟုတ်) နီးစပ်ရာ အခွန်/အကောက်ခွန် ရုံးတွေမှာ ပေးဆောင်မှသာ ဖုန်းလိုင်းကို ဆက်သုံးနိုင်မှာပါ။ အခွန်မဆောင်ရင် ဖုန်းလိုင်း ဖြတ် တောက်ခံရပါမယ်။

သင်လက်ရှိသုံးနေတဲ့ဖုန်းကို လာမယ့်မတ်လ (၃၁) ရက်နေ့မတိုင်ခင် SIM Card ထည့်ပြီး သေချာဖွင့်သုံးထားဖို့ မမေ့ပါနဲ့!

သင့်သူငယ်ချင်းတွေ၊ မိသားစုဝင်တွေကိုလည်း ဖုန်းလိုင်းမပြတ်တောက်ရအောင် ဒီအချက်ကို Share ပေးပြီး သတိပေးလိုက်ပါဦး!

ကိုယ့်ဖုန်းကိုယ်စစ်ကြည့်လို့ ရပါတယ်၊ ဆိုင်ကြီးတွေက ဝယ်ထားလဲစစ် ကြည့်ဦးနော် … 🤗🤗

မိမိဖုန်းရဲ့ IMEI Number ကို Copy ယူပြီး၊www.ceir.gov.mm မှာ Check IMEI status ထဲဝင်ပီး ကိုယ့် IMEI Number ကို စစ်လိုက်တဲ့အခါ။

ပုံထဲကလို အချက် ၃ ချက်မှာ အမှန်ခြစ်ဖြစ်နေရင် ရပါပြီခင်ဗျ။

◾️ IMEI Status မှာ Correct

◾️ Tax Payment Status မှာ Paid

◾️ Device Blocking Status မှာ Allowed လို့ ပေါ်တယ်ဆိုရင် ရပါပြီခင်ဗျ။

Dual SIMs တွေ၊ eSIM Support တွေကတော့ အကုန်လုံး SIM ထည့်ပြီး Activated လုပ်ထားပေးဖို့ လိုအပ်ပါမယ်နော်။

မတ်လ ၃၁ နောက်ပိုင်း ပြီး စကန်းဖုန်း ဝယ်မယ်ဆိုရင် ပိုပြီး သတိထားရပါမယ်။

အသစ်ပါကင်က ဘယ်ချိန်ဝယ်ဝယ် အဆင်ပြေနေမှာ ဖြစ်ပြီး Second ဝယ်မှသာ တိုင်ပတ်မှာပါ။

မတ်လ ၃၁ အရှေ့ပိုင်း ဝယ်ထားတဲ့ မည်သည့်ဖုန်းမဆို မြန်မာပြည် (Sim card) ထည့်သုံးဖူးရင် ဘာမှမဖြစ်ပါဘူး စိတ်မပူရပါဘူး။ သုံးနေကျ ဖုန်းတွေက အရမ်းစိတ်ပူစရာ မရှိပါဘူးနော်။

မိမိဖုန်းဟန်းဆက် အခွန်ဆောင်ပြီးဖြစ်မဖြစ် ဒီလိုစ.စ်ပါ

1. မိမိဖုန်းရဲ့ IMEI ကို သိရှိဖို့ *#06# ကိုဖုန်းခေါ်ပါ.

2. IMEI နံပါတ် သိပြီဆိုရင် https/ceir.gov.mm/ ကို ဝင်ပါ.

3. Check status ကို နှိပ်ပါ.

4. Enter IMEI ဆိုတဲ့နေရာမှာ မိမိရဲ့ IMEI နံပါတ်ဖြည့်ပြီး I’m not a robot နှိပ်ပြီး ခဏစောင့်ပါ.

5. I’m not a robot ကနေ Verified ပြပြီး check status ဆိုတာလေး အပြာရောင်ဖြစ်သွားရင် အဆိုပါ check status ကို နှိပ်လိုက်ပါ.

6. Check IMEI status ဆိုတဲ့ ခေါင်းစဥ်အောက်မှာ IMEI status မှာ Correct , Tax payment status မှာ Paid , Device blocking status မှာ Allowed ပြပြီး ၃နေရာလုံး အမှန်ခြစ်ပြနေရင်တော့ ဒီဟန်းဆက်က အခွန်ဆော.င်ပြီးဖြစ်လို့ အဆင်ပြေပြေ သုံးလို့ရပြီပဲ ဖြစ်ပါတယ်.

— တချို့ဆင်းကတ်ထည့်မသုံးတာကြာပြီဖြစ်တဲ့ ဟန်းဆက်တွေ ဆင်းကတ် ၂ကတ်သုံး ဟန်းဆက်တွေမှာ တစ်ကတ်ပဲသုံးနေရင်း အခုမှ အသစ်တစ်ကတ် သုံးဖို့ထည့်မယ့်သူတွေအနေနဲ့ ဆင်းကတ်ထည့်အပြီး စ.စ်ရင် Paid မပြတတ်တာမျိုးလည်း ရှိနိုင်ပါတယ်. ဒီလိုဖြစ်ရင် ဖုန်းအထွက် တကောလ်လောက် ခေါ်ကြည့်ပြီးမှ ပြန်စ.စ်ကြည့်ပါ. အဲဒီအခါကျ Paid ပြတာမျိုး တွေ့ရပြီး အဆင်ပြေသွားပါလိမ့်မယ်.

—နောက်တစ်ခု ဖြစ်တဲ့ Pay tax ကတော့ ဧပြီလမှ ဟန်းဆက် အသစ် နိုင်ငံခြားကနေ ဝ.ယ်လာသူတွေ တင်သွင်:လာသူတွေအတွက်ပါ အခွန်အတွက်က ဟန်းဆက်တန်ဖိုးရဲ့ ၃၅ ရာခိုင်နှုန်း လို့လည်း လက်ရှိ ပြောထားကြတာတွေ့ရပါတယ်. ဥပမာ ကျပ်သိန်း ၆၀ ဝန်းကျင် ဖုန်းတစ်လုံးဆိုရင် အခွန်အပါ ကျပ်သိန်း ၈၀ နီးပါးအထိ ရှိသွားနိုင်တယ်လို့ ဆိုထားကြပါတယ်.

645677017 1518159076981741 7817257518180737820

645677017 1518159076981741 7817257518180737822

645677017 1518159076981741 7817257518180737823

645677017 1518159076981741 7817257518180737825

645677017 1518159076981741 7817257518180737826

645677017 1518159076981741 7817257518180737827

645677017 1518159076981741 7817257518180737828

645677017 1518159076981741 7817257518180737829


Leave a Reply

Your email address will not be published. Required fields are marked *