အကြမ်းဖက် စစ်ကော်မရှင်၏ နတ်ရေကန်ဗျူဟာကုန်း၏ အဓိက ပင်မကာကင်းစခန်းတစ်ခုကိုအာရက္ခတပ်တော်(AA) က မတ်လပထမပတ်က ထိုးစစ်ဆင်တိုက်ခိုက်ရာ တစ်ရက်တည်းအတွင်း အပြီးသတ် သိမ်းပိုက်ရရှိထားကြောင်း သတင်းရရှိသည်။
နတ်ရေကန်ဗျူဟာကုန်း၏ အဓိက ပင်မကာကင်းစခန်းတစ်ခုကို AAက သိမ်းပိုက်ထားသည်သာမကစစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းအချို့ကိုပါ သိမ်းဆည်းရမိသည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“နတ်ရေကန်တောင်ကြောတစ်ကြောထဲမှာရှိတဲ့ အဓိကကာကင်းလို့ပြောလို့ရတယ်။ အဲဒီကာကင်းစခန်းထဲကစစ်တပ်က အမြဲတမ်း ဒရုန်းတွေနဲ့ပစ်တယ်။လက်နက်ကြီးပစ်တာတွေအမြဲလုပ်တယ်။ အဲဒါကြောင့် AA ကတိုက်တာ။တစ်ရက်ပဲတိုက်လိုက်ရတယ်။ ကာကင်းစခန်းကိုသိမ်းနိုင်ခဲ့တယ်” ဟု ပြောသည်။
အဆိုပါကာကင်းစခန်းမှစစ်ကောင်စီတပ်သားတချို့ နတ်ရေကန်ဗျူဟာကုန်းပေါ်ထွက်ပြေးသွားပြီး တချို့ကို အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိထားသည်ဟု ၎င်းကဆက်လက် ပြောဆိုသည်။
“တချို့ကတော့ ကုန်းပေါ်ပြေးတယ်။တချို့ကတော့ AA ကအရှင်ဖမ်းမိတာတွေရှိတယ်။သေတာတွေလည်းရှိတယ်” ဟု ပြောသည်။
\ကာကင်းစခန်းကုန်အသိမ်းခံရပြီးနောက် အကြမ်းဖက်စစ်ကော်မရှင်မှ နတ်ရေကန်တောင်ကြောတစ်လျှောက်ကို Y-12၊ဂျက်ဖိုက်တာ ဒရုန်းများဖြင့် နေ့စဉ် ဗုံးလာကြဲလျက်ရှိကြောင်း သိရသည်။
\အဆိုပါ နတ်ရေကန်တောင်ဗျုဟာစခန်းကို AA ဦးဆောင်သည့် ပူးပေါင်းမဟာမိတ်တော်လှန်ရေးတပ်များက နှစ်နဲ့ချီပြီး ဝိုင်းပိတ်ဆို့ထားကာ စားနပ်ရိက္ခာ ဖြတ်တောက်ထားပြီးနောက်၂၀၂၆ ခုနှစ် မတ်လပထမအပတ်တွင် အဓိကကာကင်းစခန်းကို ထိုးစစ်ဆင်သိမ်းပိုက်လိုက်ခြင်းဖြစ်သည်ဟုသိရသည်။
စစ်ကောင်စီသည်အင်အား ၅၀၀ ခန့်ဖြင့် နတ်ရေတောင် ဗျူဟာကုန်းကို ခုခံ ကာကွယ်နေသော်လည်း ပြည်သူ့စစ်မှုထမ်းများမှာ ငတ်ပြတ်မှုဒဏ်ကို မခံနိုင်၍ နေ့တိုင်းလိုလို စခန်းစွန့်ခွာထွက်ပြေးမှုများ ရှိနေပြီး အများစုမှာ လက်နက်မဲ့ထွက်ပြေးနေကြသည်ဟု စစ်ရေးနီးစပ်သူထံမှ သိရသည်။


Leave a Reply