“ချင်းတွင်းမြစ်ရေဝဲထဲမှာ ပျောက်ဆုံးသွားတဲ့ ကလေးငယ် (၄) ဦး… မိဘတွေအတွက် ရင်ကွဲစရာ အဖြစ်အပျက်” 😢

ချင်းတွင်းမြစ်အတွင်း ရေဆင်းကူးသည့် ကျောင်းသား ၄ ဦး ရေနစ်သေဆုံး

Mm News.xyz 2026 03 07 163555

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ချင်းတွင်းမြစ်ထဲ ရေဆင်းကူးတဲ့ ကျောင်းသားကျောင်းသူ ၄ ယောက် ရေနစ်သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

မတ် ၄ ရက် ညနေလောက်မှာ ကျောင်းသားတွေ ချင်းတွင်းမြစ်ထဲ ရေဆင်းကူးကြရာမှာ ၄ ယောက် ရေနစ်သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ကူညီဆောင်ရွက်ပေးသူတယောက်က “ချင်းတွင်းမြစ်ဆိပ်မှာ ရေကူးရင်းဖြစ်တာ။ ရေနစ်သေဆုံးမှု ဖြစ်ခဲ့တဲ့ ကလေးတွေက နာဂနှစ်ခြင်းအသင်းတော်ရဲ့ အသင်းဝင်ကလေးတွေလို့ သိရတယ်။ ရေဆင်းကူးတဲ့ ကလေးတွေ အားလုံး ၁၁ ယောက်ပါ။ ကလေး ၄ ယောက် ဆုံးပါးသွားခဲ့တာ” လို့ ပြောပါတယ်။

ရေနစ်သေဆုံးသွားတဲ့ ကလေးတွေဟာ နောင်ဖွတ်မော်ရပ်ကွက်မှာ နေထိုင်ကြပြီး ပထမတန်းကျောင်းသားတယောက်၊ ပဉ္စမတန်းကျောင်းသားတယောက်၊ ဆဋ္ဌမတန်းကျောင်းသူ တယောက်နဲ့ ဒသမတန်းကျောင်းသူတယောက်တို့ ဖြစ်တယ်လို့ သိရပါတယ်။

ဒေသခံတယောက်က “ကလေးတွေရဲ့ ရုပ်အလောင်းတွေကို မနေ့ ၅ ရက် မနက်ပိုင်းက တွေ့တာ။ ရုပ်အလောင်းတွေကို ဟုမ္မလင်းမြို့ ရင်ခွင်ရုံမှာ ပို့ဆောင်ထားတယ်” လို့ ပြောပါတယ်။

ချင်းတွင်းမြစ်ထဲက ရေစီးအားပြင်းထန်တဲ့ နေရာတခုမှာ ကလေးတွေ ရေနစ်ခဲ့တာဖြစ်ပြီး မိုးရာသီ မဟုတ်ပေမဲ့ ရေစီးပြင်းထန်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါကြောင့် ကလေးတွေ ရေနစ်သေဆုံးခဲ့တဲ့နေရာမှာ လာမဲ့ ပူပြင်းတဲ့နွေရာသီ ရေဆင်းကူးတာ၊ ရေချိုးတာတွေ လုပ်ပါက ကလေးငယ်တွေအနေနဲ့ အထူးသတိပြုဖို့ လိုအပ်တယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက အကြံပြုထားပါတယ်။

​စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ နံလုံးဆိပ်ကမ်းအနီးမှာ အလွန်ဝမ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ Grade-10၊ Grade-6၊ Grade-5 နဲ့ Grade-1 ဖြေဆိုထားကြတဲ့ ကျောင်းသားငယ် (၄) ဦးဟာ မြစ်ထဲကို ရေဆင်းချိုးရာကနေ ရေဝဲထဲပါသွားခဲ့ကြတာပါ။

Mm News.xyz 2026 03 07 163830

၎င်းနေရာဟာ လူသူအရောက်အပေါက်နည်းပြီး တစ်နှစ်ပတ်လုံး ရေဝဲထိုးလေ့ရှိတဲ့ အန္တရာယ်ရှိနေရာတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ညောင်လှဆိပ်ကမ်းမှာ ဧရာဝတီမြစ်ထဲ ရေဆင်းချိုးရင်း ရေနစ်ပျောက်ဆုံးနေတဲ့ကလေး ၄ ဦးကို သေဆုံးလျှက် ပြန်တွေ့ရတယ်လို့သိရပါတယ်။

မတ်လ ၆ ရက် ညနေပိုင်းက ဧရာဝတီမြစ်ထဲကို ကလေး ၉ ဦး ရေဆင်းချိုးရာကနေ ရေနစ်ကြတာပါ။

ဖြစ်ဖြစ်ချင်း ၅ ဦးကို ကယ်ဆယ်လိုက်နိုင်ပေမယ့် ၄ ဦးကတော့ ပျောက်ဆုံးခဲ့တာလို့သိရပါတယ်။

မနေ့မနက်ပိုင်းမှာ ၅ နှစ်အရွယ် ကလေး ကို သေဆုံးလျှက်တွေ့ပြီး ကျန် ၃ ဦးရဲ့ ရုပ်အလောင်းတွေကို ဆက်တွေ့ ခဲ့တာပါ။

“ ကလေးတွေကို ကနေ့သင်္ဂြိုဟ်မယ်လို့သိရတယ်ဗျ” လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူတစ်ဦးကပြောပါတယ်။

သေဆုံးသွားတဲ့ ကလေးတွေ ဟာ အသက် ၁၆နှစ်နဲ့ ၁၃နှစ်အရွယ် မိန်းကလေး၂ ဦး၊၅နှစ်နဲ့ ၆နှစ်အရွယ်ယောကျာ်းလေးနှစ်ဦးတို့ဖြစ်ပါတယ်။

ကလေးတွေ ရေနစ်တဲ့ ဆိပ်ကမ်းဟာ ရေအနက် ဝါးနှစ်ပြန်ခန့်နက်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

နွေရာသီကျောင်းပိတ်ရက် အပျော်ခရီးကနေ အပြန်လမ်းမရှိတော့တဲ့ အဖြစ်ဆိုးမျိုး နောက်ထပ်မကြုံရအောင် မိဘပြည်သူများအနေနဲ့ မိမိတို့ရဲ့ သားသမီးတွေကို အောက်ပါအချက်များ သတိပေးပေးကြပါရန် တိုက်တွန်းလိုပါတယ် –

⚠️ မကျွမ်းကျင်တဲ့ ရေပြင်၊ မြစ်၊ ချောင်းများမှာ ရေမကူးစေရန်။

⚠️ ရေဝဲနှင့် ရေစီးသန်သည့် အန္တရာယ်ရှိနေရာများကို မသွားစေရန်။

⚠️ ကလေးငယ်များ ရေဆင်းချိုးလျှင် လူကြီးမိဘများ အနီးကပ် စောင့်ကြည့်ပေးရန်။

ဆုံးပါးသွားခဲ့ရတဲ့ ကလေးငယ်လေးများ ကောင်းရာသုဂတိလားပါစေကြောင်း ဆုတောင်းပေးလိုက်ရပါတယ်။ 🙏


Leave a Reply

Your email address will not be published. Required fields are marked *