မအလ စစ်တက္ကသိုလ် (DSA)မှာ သင်တဲ့အင်္ဂလိပ် Skills

ကျုပ်တစ်ယောက်ထဲတော့ စိတ်ညစ်မခံနိုင်ဘူး 🥴

တပ်မတော်သိက္ခာကျဆင်းစေနိုင်လို့ စစ်တက္ကသိုလ် DSA ထဲက ဗီဒီယိုဖိုင် ဖျက်ပေးပါဆိုပဲ။

မင်းတို့ အရည်အချင်းကို ပြည်သူက သိခွင့်ရခဲ့တဲ့ဗီဒီယိုပါ။

မင်းတို့သင်တဲ့ပညာရေးစရိတ်ဟာတိုင်းပြည်က ဘဏ္ဍာနဲ့လည်ပတ်နေလို့ မင်းတို့အရည်အချင်းကိုလည်း ပြည်သူက သိခွင့်ရှိသင့်တာပဲ။

မင်းတို့ဟာ တိုင်းပြည်တိုးတက်အောင်လုပ်နိုင်တဲ့ ဖြစ်ထိုက်တဲ့ အရည်အချင်းမျိုးမရှိတာလည်း ဒီဗီယိုက သက်သေပါ။

ဒီ ဗွီဒီယိုကြောင့် တပ်မတော်သိက္ခာကျဆင်းတယ်ဆိုတာဟာ မမှန်နိုင်ပါဘူး။

အရည်အချင်းကင်းမဲ့တဲ့ တပ်မတော်နဲ့ မင်းတို့ DSA ဆင်း​တွေရဲ့လိမ်ညာနေတဲ့အရည်အချင်းကို ပြည်သူက အမှန်တိုင်းသိခွင့်ရခဲ့တာပါ။

ဒါကြောင့် ဖျက်မပေးနိုင်ပါဘူး။

Ven Pannadipa


Leave a Reply

Your email address will not be published. Required fields are marked *