တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ထားဝယ်-မြိတ် အမှတ်(၈)လမ်းမကြီး မင်းဒပ်ကျေးရွာမှာ အာဏာသိမ်းစစ်တပ် နှစ်ပေါင်း(၃၀)ကျော်အထိုင်ချတပ်စွဲထားတဲ့ ဝင်းဝတပ်စခန်းကို သိမ်းယူရရှိခဲ့တယ်လို့ ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးက ထုတ်ပါတယ်။

Mm News.xyz 2026 03 12 180120

ဝင်းဝတပ်စခန်းကို ၂၀၂၆ခုနှစ် မတ်လ (၁၁) ရက်နေ့ ညနေ ၄ နာရီအချိန်မှာ KNLA တပ်မဟာ(၄) တပ်ရင်း(၁၂)၊ တပ်မဟာ (၆) တပ်ရင်း(၂၇)၊ တပ်မဟာ(၄) အထူးကွန်မန်ဒိုတပ်ဖွဲ့၊ ဗျူဟာ(၃၃) လက်အောက်ခံ T(5)တပ်ရင်း နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့တာလို့ ဆိုပါတယ်။ ‎

တိုက်ပွဲနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ဖော်ပြထားတာမရှိပေမယ့် တိုက်ပွဲအတွင်း သိမ်းဆည်းရမိထားတဲ့ လက်နက်ခဲယမ်းတွေကိုတော့ ဓာတ်ပုံနဲ့တကွ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

Mm News.xyz 2026 03 12 180129

တိုက်ပွဲနဲ့ပတ်သက်ပြီး အခုထက် ပိုမိုသိရှိနိုင်ဖို့ ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်က တာဝန်ရှိသူတွေကို ဆက်သွယ်နိုင်ဖို့ကြိုးစားနေပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့မှာ သရက်ချောင်းမြို့နယ်အတွင်းက ဝင်းဝစခန်း၊ သရက်နှစ်ခွတံတားဂိတ်၊ ရွှေဂူတောင်တံတားဂိတ်အပါအဝင် စစ်ကော်မရှင်တပ်ပစ်မှတ်တွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တိုက်ခိုက်မှုစတင်ပြီး မတ်လ ၁၁ ရက်နေ့ညနေမှာ ဝင်းဝစခန်းကို ရရှိတယ်လို့ တော်လှန်ရေးတပ်တွေဘက်က ကြေညာခဲ့တာပါ။


Leave a Reply

Your email address will not be published. Required fields are marked *