မော်တော်ယာဉ်များ QR စနစ်ဖြင့် စက်သုံးဆီဖြည့်ရာတွင် Barcode မှားယွင်းမှုကြောင့် ဆီဖြည့်ခွင့် မရသူများရှိ၊ စက်သုံးဆီဈေး ၆၀၀ ကျော်အထိ မြင့်တက်လာ

အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် စက်သုံးဆီချွေတာရေးအဖြစ် စစ်ကော်မရှင်က အသစ်ကျင့်သုံး လိုက်သည့် QR Code စနစ်ဖြင့်စက်သုံးဆီ ဖြည့်ရာတွင် မော်တော်ယာဉ်အများအပြား၌ wheel Tax ပါ barcode မှားယွင်းမှုများကြောင့် ဆီဖြည့်ခွင့်မရကြောင်း သိရသည်။

စစ်ကော်မရှင်သည် ယမန်နေ့ မတ် ၁၂ ရက်နေ့က barcode စနစ်ဖြင့်ဆီဖြည့်သွင်းရန် ထုတ်ပြန်ပြီးနောက် ယနေ့မှာပင် အခက်အခဲများစွာကြုံတွေ့ရခြင်းဖြစ်သည်။ ယာဉ်ပိုင်ရှင်အချို့မှာ ဆီတစ်ကြိမ်မျှ ဖြည့်တင်းရ ခြင်းမရှိသေးသော်လည်း Barcode ဖတ်ရာတွင် “ဆီဖြည့်ပြီးသား” ဟု အနီရောင်ပြနေခြင်း၊ ယာဉ်နံပါတ် မှားယွင်းနေခြင်းတို့ကြောင့် ဆီဆိုင်များက ရောင်းချပေး၍ မရကြောင်း သိရသည်။

650346116 1251491210453229 5384010770664170478 N

650803602 1251491470453203 61707795066608091 N

650354293 1251491440453206 2818870555553491703 N

“ ဆီဖြည့်ဖို့ wheel tax ပေးလိုက်တယ်။ barcode ဖတ်ပြီးတော့ အနီရောင်ပြနေတယ်။ ဆီဖြည့် မရဘူး။ ဆီဖြည့်သားပြီးပေါ့။ အဲဒါဆိုင်ကိုပြောတယ်။ အခုမှဆီဖြည့်ရတာဆိုပေမယ့် ဆီဖြည့်ပြီးသား ဆိုပြီး ထပ်ဖြည့်မရတော့ဘူး။ barcode တွေထပ်နေတာလားမသိဘူး။ ကညနရုံးမှာသွားစစ်ဖို့ပဲ ပြောတယ်” ဟု ရန်ကုန်မြို့ခံ ကိုယ်ပိုင်ယာဉ်မောင်းတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

မော်တော်ယာဉ် wheel tax ပါ ဘားကုတ်ကို လိုင်စင်မဲ့ယာဉ်များအတွက် ပုံတူပွားထားခြင်းဖြစ်နိုင်ပြီး ဘားကုတ်အရည် အသွေးညံ့ဖျင်းမှုကြောင့်လည်း ဖြစ်နိုင်ကြောင်း လုပ်သက်ရင့် ယာဉ်မောင်းများထံမှ သိရသည်။

651228900 1251491347119882 381425209189421804 N

651192988 1251491250453225 2912466842059820240 N

651167331 1251491317119885 1845884976028857158 N

အဆိုပါ QR စနစ်ကြောင့် လိုင်စင်မရှိသည့် ဆိုင်ကယ် ဘေးတွဲသမားများမှာ ဆီဆိုင်ကြီးများတွင် ဝယ်ယူ၍မရတော့ဘဲ ပြင်ပ တရားမဝင် အရောင်းဆိုင်များတွင် ဈေးကြီးပေးကာ ဝယ်ယူနေရသဖြင့် အခြေခံ လူတန်းစားများအတွက်ပါ အခက်အခဲ ဖြစ်ပေါ်လျက်ရှိသည်။

ထို့ပြင် ယနေ့ မတ် ၁၃ ရက်နေ့ စက်သုံးဆီဈေးနှုန်းများသည်လည်း တစ်လီတာလျှင် ကျပ် ၃၀၀ မှ ၆၀၀ ကျော်အထိ သိသာစွာ မြင့်တက်လာခဲ့သည်။

ယနေ့စစ်ကော်မရှင်သတ်မှတ်သောစက်သုံးဆီရည်ညွှန်းဈေးတွင် ၉၂ တစ်လီတာ ၂၈၃၀ ကျပ် ( ၃၀၅ ကျပ်တိုး)၊ ၉၅ တစ်လီတာ ၂၉၃၀ ကျပ်( ၃၃၅ ကျပ်တိုး)၊ ပရီမီယံဒီဇယ် ၃၅၆၀ ( ၆၅၅ ကျပ်တိုး) နှင့် ဒီဇယ်ဆီ ၃၂၀၅ ကျပ် ( ၅၉၅ ကျပ်တိုး) လာကြောင်းသိရသည်။

စစ်ကော်မရှင်သည် စက်သုံးဆီ ချွေတာရန်ဟုဆိုကာ မော်တော်ယာဉ်များကို စုံ/မ ဂဏန်းခွဲ၍ မောင်းနှင်စေခြင်းအပြင် QR Code ဖြင့် လီတာကန့်သတ် ရောင်းချခြင်းများကို အတင်းအကျပ် လုပ်ဆောင်လာခြင်း ဖြစ်သည်။


Leave a Reply

Your email address will not be published. Required fields are marked *