“နှစ်ရှည်လများ ခါးနာဝေဒနာ ခံစားနေရသူများအတွက် လက်တွေ့ပျောက်ကင်းတဲ့ ဆေးနည်းလေး ပြန်လည်မျှဝေခြင်း”
ခါးနာတာ (၂) နှစ်ကျော်ပြီဖြစ်တဲ့ ကျွန်မ၊ လိမ်းဆေးပေါင်းစုံသုံး၊ သက်ရင်းကြီးရွက်၊ ဗာဒံရွက်တွေပေါ် အိပ်ကြည့်ပေမဲ့ မထူးခြားခဲ့ပါဘူး။
နောက်ဆုံးတော့ ဝဋ်ကြွေးပဲဆိုပြီး လက်လျှော့ထားခဲ့တာပါ။
ဒါပေမဲ့ မကြာသေးခင်ကမှ သိလိုက်ရတဲ့ “ခွေးတောက်ရွက်နဲ့ သနပ်ခါး” ဆေးနည်းလေးကြောင့် အံ့ဩစရာကောင်းအောင် ပျောက်ကင်းသွားခဲ့ပါတယ်။
🛠 ပြုလုပ်နည်း
(အရမ်းရိုးရှင်းပါတယ်)
၁။ ခွေးတောက်ရွက်အစိမ်းကို ရေစင်အောင်ဆေးပါ။
၂။ ကျောက်ပျဉ်ပေါ်မှာ သနပ်ခါး (ကရမက်ဆိုရင် ပိုကောင်းပါတယ်) နဲ့ ခွေးတောက်ရွက်ကို ရောပြီး ပျစ်ပျစ်လေးရအောင် သွေးပါ။
၃။ ရလာတဲ့ ဆေးရည်ကို နာကျင်နေတဲ့နေရာမှာ နှံ့အောင် လိမ်းပေးပါ။
၄။ ဆေးခြောက်သွားပြီဆိုမှ အိပ်ရာဝင်ပါ။
✨ လက်တွေ့ရလဒ်
ကျွန်မကတော့ တစ်ညလိမ်းရုံနဲ့ မနက်မှာ သိသိသာသာ ပေါ့ပါးသွားပါတယ်။
(၁၅) နှစ်ကြာ ခါးနာဝေဒနာရှင် အမျိုးသားဆိုရင် (၃) ရက်ဆက်တိုက် လိမ်းပေးလိုက်တာ အခုဆို “ယူပစ်သလို” ပျောက်သွားပြီလို့ ပြောနေပါတယ်။
ကိုယ့်အနားမှာတင် အလွယ်တကူရှိနေတဲ့ ဆေးဖက်ဝင်အပင်ရဲ့ အစွမ်းကို လျှော့မတွက်ကြပါနဲ့။
ခါးနာနေသူတွေရှိရင် တစ်ပတ်လောက်တော့ ပုံမှန်လေး လိမ်းကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။
အားလုံးပဲ ဝေဒနာအပေါင်းမှ ကင်းဝေးကြပါစေ။


Leave a Reply