၁။ နိမိတ်ပုံမှာ မြင့်မြတ်သော ကောင်းကင်တမန်တော်သည် နောက်ဆုံးသော တရားစီရင်ချက်ကို တရားစီရင်နေခြင်း ဖြစ်သည်။

ဒီနိမိတ်ပုံအရ ၂၀၂၆ ခုနှစ်သည် ကမ္ဘာကြီးအတွက် အပြောင်းအလဲ ဖြစ်စဉ်ကြီးကို ကိုယ်စားပြုနေသည်။

လူသားတို့ ပြုလုပ်ခဲ့သော အမှားများ၊ နိုင်ငံရေးအာဏာရှင်များ၏ ဆုံးဖြတ်ချက်များ၊ စီးပွားရေးစနစ်များ၏ မညီမျှမှုများကို တရားစီရင်မည့် နှစ်တစ်ခုကို ရောက်နေပြီဟု ပြောဆိုနေပေသည်။ ကမ္ဘာ့နိုင်ငံရေးတွင် အရေးကြီးသောဆုံးဖြတ်ချက်ကြီးများ ပေါ်လာနိုင်ပြီး အချို့သောခေါင်းဆောင်များသည် မိမိတို့၏ လုပ်ရပ်များအတွက် တာဝန်ယူရမည့်အချိန် ရောက်လာပါလိမ့်မည်။ အချို့နိုင်ငံများတွင် လူထု၏ အသံများ မြင့်တက်လာပြီး အာဏာစနစ်များကို ပြန်လည်စစ်ဆေးရန် လှုပ်ရှားမှုများ ဖြစ်ပေါ်လာနိုင်သည်။ ဒီနှစ်သည် ကမ္ဘာအဆုံးသတ်ဖို့မရှိဘဲ အသစ်စတင်ခြင်း၏ အလင်း ကို ခံစားရနိုင်မည့် နှစ်တစ်နှစ် ဖြစ်ပါလိမ့်မည်။ ဒါကြောင့် ကမ္ဘာကြီးသည် အတိတ်အမှားများကို ပြန်လည်ကြည့်ရှုပြီး အသစ်သော လမ်းကြောင်းတစ်ခုကို ရွေးချယ်ရမည့် ကာလသို့ ဝင်ရောက်လာလိမ့်မည်။ ၂၀၂၆ မှာ နိုင်ငံကြီးအချို့၏ အာဏာရှင်များ အပြောင်းအလဲဖြစ်ပါလိမ့်မည်။

၂။ နိမိတ်ပုံမှာ ကမ္ဘာကြီး၏ လျှို့ဝှက်ချက်များ ပေါ်ပေါက်လာခြင်း ဖြစ်ပေသည်။

ဒီနိမိတ်ပုံအရ ၂၀၂၆ သည် ကမ္ဘာပေါ်မှာ ပျောက်ကွယ်သွားပြီဖြစ်ပါသော လျှို့ဝှက်ချက်များ နှင့် ရှေးဟောင်း နန်းစဉ်ရတနာများ ထွက်ပေါ်လာလိမ့်မည်ဖြစ်သည်။ ဘာသာရေးနဲ့သက်ဆိုင်သော လျှို့ဝှက်စာတမ်းများ နှင့် ပျောက်ကွယ်ခဲ့သော ယဉ်ကျေးမှုများ ထွက်ပေါ်လာလိမ့်မည်။ အတိတ်မှ ဝှက်ထားခဲ့သော နိုင်ငံရေး သို့မဟုတ် သမိုင်းဆိုင်ရာ လျှို့ဝှက်ချက် ထုတ်ဖော်ခံရနိုင်သည်။ သယံဇာတအသစ် (energy / mineral) တစ်ခုနဲ့ပတ်သက်ပြီး ကမ္ဘာတစ်ခုလုံး အာရုံစိုက်လာတတ်သည်။ ကမ္ဘာလုံးဆိုင်ရာငွေကြေး သို့မဟုတ် စီးပွားရေးအခွင့်အလမ်းအသစ်

တစ်ခု ပေါ်လာနိုင်သော်လည်း အဲ့ဒီအရာကြောင့် အငြင်းပွားမှုများ ဖြစ်နိုင်သည်။ Standard ဖြစ်သော ဒေါ်လာအစား အစားထိုးငွေကြေးတစ်ခုခုပေါ်ပေါက်လာတတ်သည်။

နံပါတ်တစ် နဲ့ နံပါတ်နှစ်၏ ပေါင်းစပ်မှုအရ သယံဇာတပစ္စည်းများနှင့်ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံများအကြား ပြိုင်ဆိုင်မှုတွေ ဖြစ်ပေါ်လာတတ်သည်။ (ယခု ဓာတ်ဆီကိစ္စနဲ့ ဒီဟောကိန်းထဲမှာ အကျုံးဝင်နေပါတယ်)

၃။ နိမိတ်ပုံမှာ လှံတစ်ချောင်းကိုင်ဆောင်ထားသော ဂရစ်ဖင်သတ္တဝါကြီးသည် နေမင်းကြားမှ ထွက်ပေါ်လာလိမ့်မည်။

အင်အားချင်းပြိုင်ဆိုင်နေကြသော ကမ္ဘာ့နိုင်ငံကြီးများသည် အကျိုးတူသောကိစ္စများအတွက် ပူးပေါင်းကြလိမ့်မည်။ ကမ္ဘာမှာ အကြီးမားဆုံးသော မဟာမိတ်အဖွဲ့အစည်းကြီးတစ်ခု ဖြစ်ပေါ်လာတတ်သည်။ ကမ္ဘာ့နိုင်ငံရေးဆိုင်ရာ ညီမျှခြင်းစနစ်တစ်ခု ထွက်ပေါ်လာနိုင်သည်။ ရုရှား နဲ့ အမေရိကန် တို့ ပူးပေါင်းခြင်းဆိုင်ရာ မဟာမိတ်တောင် ဖြစ်လာနိုင်ခြေ အလွန်များလာလိမ့်မည်။ ဒီနှစ်မှာ မပူးပေါင်းနိုင်သေးရင်တောင်မှ ပူးပေါင်းမည့်အကြောင်းအရာများ ပေါ်ပေါက်လာတတ်သည်။ အင်အားကြီးသော နိုင်ငံကြီးတွေ ပေါင်းစည်းခြင်းကို မလွဲမသွေပြသနေသောနှစ်တစ်နှစ်ဖြစ်ပေသည်။

၄။ နိမိတ်ပုံမှာ လွတ်လပ်သောမြို့တော်ကြီးတစ်ခုသည် ပျော်ပွဲရွှင်ပွဲများဖြင့် အောင်ပွဲခံနေသော နိမိတ်ပုံဖြစ်သည်။

ဒီနှစ်ထဲမှာပင် အာဏာရှင်နိုင်ငံတစ်ခုမထက် လွတ်လပ်ရေးရမဲ့ နိမိတ်ပုံကို တွေ့နေရတယ်။ ကမ္ဘာကြီးကို ဩဇာတွေ အာဏာတွေ စစ်တပ်များဖြင့် အုပ်ချုပ်မနေတော့ဘူး။ စီးပွါးရေးပြောင်းလဲမှုဆိုင်ရာ စနစ်များဖြင့် အုပ်ချုပ်မည့် နိုင်ငံတကာဆိုင်ရာ အစိုးရအသစ်များ ဖြစ်ပေါ်လာလိမ့်မည်။ အာဏာရှင်နိုင်ငံများ အသီးသီးကျဆုံးလာလိမ့်မည်။ ဩဇာ နဲ့ အာဏာကို အရင်းမတည်သော အရင်းရှင်နိုင်ငံများလည်း အများအပြားဖြစ်ပေါ်လာတတ်သည်။ ဒီနှစ်ထဲမှာ ကမ္ဘာပေါ်တွင်ရှိသော နိုင်ငံတစ်ခု၏ ဘုရင်မင်းမြတ်တစ်ပါးပါး နတ်ရွာစံမည့် သဘောသဘာဝကို တွေ့မြင်ရသည်။ ထိုသို့ နတ်ရွာစံခြင်းကနေ ထိုနိုင်ငံ၏ ရှုပ်ထွေးမှုများကို ဖြစ်ပေါ်လာစေလိမ့်မည်။ ပုပ်ရဟန်းမင်းကြီး နှင့် ကမ္ဘာ့ခေါင်းဆောင်ကြီးတစ်ဦးဦး သို့ ဘုရင်တစ်ပါးပါး ဖြင့် တွေ့ဆုံပြီး ကိစ္စတစ်ခုအား ဆောင်ရွက်ကြလိမ့်မည်။

၅။ နိမိတ်ပုံမှာ တရားမျှတခြင်း နှင့် စစ်မက်ဖြစ်ပွါးခြင်းကို ဖြစ်စေသော ချိန်ခွင်လက်တံနှစ်ခု တူညီစွာ Balance ဖြစ်နေခြင်း ဖြစ်သည်။

ဒီနိမိတ်ပုံအရ ဒီနှစ်သည် တတိယကမ္ဘာစစ်ကြီး ဖြစ်ပေါ်လာနိုင်မည့် နိမိတ်ပုံဟု ယူဆ၍မရပါ။ ကမ္ဘာ့နိုင်ငံရေး၏ ဒီနှစ်၏ သမိုင်းမှာ စစ် နဲ့ ငြိမ်းချမ်းရေးသည် အတူတကွရှိနေတာကို တွေ့နေရပါတယ်။ တစ်ဖက်မှာ ငြိမ်းချမ်းရေးစကားဝိုင်းလုပ်နေချိန်မှာ နောက်တစ်ဖက်မှာ နောက်တစ်စု စစ်တိုက်နေကြခြင်းဟုသော နိမိတ်ပုံဖြစ်သည်။ ငြိမ်းချမ်းသောကာလမဟုတ်ဘဲ ဒီနှစ်ကနေစပြီး နောက်နှစ်တွေအထိ စစ်ဖြစ်လိုက် ငြိမ်းချမ်းရေးလုပ်လိုက် ၊ နောက်တစ်နေရာစစ်ဖြစ်လိုက် ငြိမ်းချမ်းရေးလုပ်လိုက်နဲ့ သံသရာလည်နေလိမ့်မည်။ ဘယ်လောက်ပဲ စစ်ကိစ္စ ပြင်းထန်ပြင်းထန် တတိယကမ္ဘာစစ် လုံးဝမဖြစ်လာနိုင်ပါ။ ကမ္ဘာ့နိုင်ငံရေးတွင်

ညှိနှိုင်းမှုနှင့် ပြိုင်ဆိုင်မှု နှစ်ခုလုံး တစ်ချိန်တည်းမှာ ဖြစ်ပေါ်လာမှာဖြစ်သည်။ ဘယ်လောက်ပင် ညှိနှိုင်းညှိနှိုင်း စစ်ရေးတင်းမာမှုတွေဆက်လက်ရှိနေအုန်းမည်။ မောင်ဖြူ နဲ့ မောင်မည်း နဲ့ ချလို့ပီးရင် ၊ မောင်နီ နဲ့ မောင်ဝါ နဲ့ ချမယ် ပြီးရင် မောင်ဖြူ နဲ့ မောင်ဝါချ ၊ မောင်ဝါ နဲ့ မောင်မည်း နဲ့ ချ အဲ့ဂလို ပတ်ရှုပ်နေသော ကမ္ဘာ့စစ်ရေးစစ်ရာအခြေအနေတွေကို မြင်နေရမဲ့နှစ်တစ်ခုပါ။

၆။ နိမိတ်ပုံမှာ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်တစ်ဦးက လင်းယုန်ငှက်ကို လှံဖြင့် ထိုးစွနေသော နိမိတ်ပုံဖြစ်သည်။

ဒီနှစ်၏ အဆိုးဆုံးသော ရလာဒ်တစ်ခုမှာ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်များ နှင့် နိုင်ငံရေးဆိုင်ရာ ပုဂ္ဂိုလ်များအကြားတွင် ကြီးမားသော ပဋိပက္ခအရေးများ ပေါ်ပေါက်လာလိမ့်မည်။ မဆုံးနိုင်သော ဘာသာရေးစစ်ပွဲအသစ်များ ပေါ်ပေါက်လာလိမ့်မည်။ ကမ္ဘာ့ Top Ten နိုင်ငံကြီးတစ်ခုထက် မနည်း အဖွဲ့အစည်းနှစ်ခုမထက်မက ကွာပြားမှုတွေ ရှိလာနိုင်သည်။ ကမ္ဘာ့ကုလသမ္မဂ္ဂ အဖွဲ့အစည်းကြီးသည် ဘက်ကွဲမှုများ ရှိလာတော့မည်။ ပိုမိုသစ်လွင်ပြီး ပိုမိုရှုပ်ထွေးသော နိုင်ငံကြီးအတွင်းရှိ အတွင်းရေးပြဿနာများ ပေါ်ပေါက်လာတတ်သည်။ ကမ္ဘာ့လုံးဆိုင်ရာ ကြီးမားသော ဘာသာရေးပြဿနာကြီးတစ်ခု ပေါ်ပေါက်လာလိမ့်မည်။ ဘာသာရေး နဲ့ နိုင်ငံရေး ရောထွေးမှု ရှုပ်ထွေးမှုများစွာ ပေါ်ပေါက်လာနိုင်ခြေများသော နှစ်တစ်နှစ်ပါ။

၇။ နိမိတ်ပုံမှာ ကမ္ဘာကြီးပေါ်တွင် ဘုရားသခင် ၏ ဖလားတော် ပေါ်ပေါက်လာခြင်း ဖြစ်ပေသည်။

ဒီနှစ်သည် ကမ္ဘာကြီး၏သမိုင်းသစ်တစ်ရပ်ကို စတင်ရေးထိုးကြတော့မည်ဖြစ်ပြီး စနစ်တွေ ဘောင်တွေ နိုင်ငံရေးတွေ အုပ်ချုပ်ရေးတွေ ကမ္ဘာ့စည်းမျဉ်းတွေ စတင်ပြောင်းလဲတော့မည့် နှစ်တစ်နှစ်ဖြစ်သည်။ ကမ္ဘာကြီး၏အဆုံးသတ်တစ်ခုကို ရောက်နေပြီးတော့ အချို့သောစနစ်တွေ အဆုံးသတ်သွားပြီး ကမ္ဘာသစ်တစ်ခုပေါ်ပေါက်လာတော့မည့် နိမိတ်ပုံကို ခံစားနေရသည်။ ကမ္ဘာကြီး၏အုပ်ချုပ်ရေးစနစ်ကြီး လုံးဝပြောင်းလဲသွားတော့မည်။ ဒီနှစ်သည် ကမ္ဘာကြီးကို ပျက်စီးအောင်လုပ်နေသော စနစ်များ ယိုယွင်းစေသော ယိုပေါက်များ အဖွဲ့အစည်းများ ရာဇဝတ်ဂိုဏ်းများ လူလိမ်ဂိုဏ်းများ အကုန်လုံးနီးပါး ရှင်းလင်းခံရတော့မည်။ အချို့သောနိုင်ငံခေါင်းဆောင်ကြီးများသည် ဩဇာနဲ့ အာဏာကို ဖော်ပြတတ်ကြသော်လည်း ကောင်းမွန်သောကမ္ဘာအသစ်ဆီကို ရောက်အောင်သွားမည်ဆိုသော ဆုံးဖြတ်ချက်ကိုတော့ ပြောင်းလဲလိမ့်မည်မဟုတ်ပါ။ လူသားတွေနဲ့ပဲ ဆက်လက်သွားမှာမို့ လူသားတွေကို အကျိုးစီးပွါးများ ပျက်စီးစေသောအရာများ ဒီနှစ်မှာ အကြီးအကျယ် ဖြိုချခံရပါတော့မည်။

ကမ္ဘာ့စက်ဝန်းတစ်ခု၏ အဆုံးနှင့် အသစ်စတင်ခြင်းဖြစ်သည်။

၈။ နိမိတ်ပုံမှာ ဘုရားသခင်၏ တည်ရှိမှုကို မျက်ကွယ်ပြုပြီး လူတစ်ဦးသည် ကောင်းကင် နှင့် မြေကြီးကြားတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဒီနိမိတ်ပုံအရ ကမ္ဘာကြီးတွင် ကမ္ဘာ့ခေါင်းဆောင်အားလုံးကို ဩဇာလွှမ်းမိုးနိုင်သော ထိပ်သီးခေါင်းဆောင်များ ပေါ်ပေါက်လာလိမ့်မည်။ တစ်ဦး ကနေ သုံးဦးဖြစ်နိုင်သည်။ တစ်ချိန်က နပိုလီယံ ပေါ်ပေါက်ခဲ့သလိုမျိုး ခေတ်သစ် နပိုလီယံခေါင်းဆောင်ကြီး ပေါ်ပေါက်လာတတ်သည်။ ထိုခေါင်းဆောင်မှာ မည်သည့် ကမ္ဘာ့နိုင်ငံရေး ကစားကွက်ထဲတွင် သိပ်မပါဝင်တတ်သော သူတစ်ဦးဦး ဖြစ်လာလိမ့်မည်။ အဲ့ဒီခေါင်းဆောင်ကြောင့်ပဲ

ကမ္ဘာ့နိုင်ငံရေးအခြေအနေ ပြောင်းလဲသွားမှာ ဖြစ်ပေသည်။ ဒီနှစ်ကနေစပြီး (၃) နှစ်အတွင်း ပေါ်ပေါက်လာမှာဖြစ်သည်။ ကမ္ဘာ့သမိုင်းမှာ အကြီးမားဆုံးသော ကမ္ဘာ့ခေါင်းဆောင်တစ်ဦးဦး ၏ ဩဇာများကို ခံစားရတော့မည့် နှစ်တစ်နှစ်ဖြစ်သည်။

၉။ နိမိတ်ပုံမှာ လူအများသည် အကြိတ်အနယ်တိုက်ခိုက်နေကြပြီး သူတို့၏အပေါ်တွင် ငြိမ်းချမ်းရေးချိုးငှက်တစ်ကောင် ပျံသန်းနေခြင်း ဖြစ်သည်။

ဒီနှစ်သည် ကမ္ဘာ့လုံးဆိုင်ရာ စီးပွါးရေးအကျပ်အတည်းများ ပြင်းထန်လာမည့် နှစ်တစ်နှစ်ဖြစ်သည်။ မအေးချမ်း မတည်ငြိမ်သော နိုင်ငံများ တစ်နေ့တစ်ခြား တိုးပွါးလာသဖြင့် ကမ္ဘာ့စီးပွါးရေးတွေမှာလည်း အပြောင်းအလဲ အများအပြားဖြစ်ပေါ်တတ်သည်။ ကမ္ဘာ့စီးပွါးရေးပျက်ကပ်နီးနီး အခြေအနေထိ ရောက်ရှိတတ်သည်။ လူသားတွေသည်လည်း အချိန်အခါကောင်းကို မစောင့်နိုင်သည့်အတွက်ကြောင့် ကမ္ဘာ့လုံးဆိုင်ရ အကျပ်အတည်းများစွာ ဖြစ်ပေါ်လာတာလည်း တွေ့နေရပါသည်။ ကမ္ဘာ့စီးပွါးရေးကတော့ ဒီနှစ်သည် လုံးဝ အခြေအနေမကောင်းပါ။

၁၀။ နိမိတ်ပုံမှာ ကြယ်တံခွန်တစ်ခုကို နိမိတ်ဖြစ်နေသော ပညာရှိတစ်ဦး ၏ စဉ်းစားတွေးခေါ်နေခြင်းကို ဖြစ်သည်။

ဒီနိမိတ်ပုံကလည်း ကမ္ဘာကြီးကို စိမ်းလန်းစိုပြေပြီး ကောင်းမွန်အောင် ဖန်တီးတည်ဆောက်ပေးမည့် ခေါင်းဆောင်ကောင်းတွေ နိုင်ငံအသီးသီးကနေ ထွက်ပေါ်လာတော့မည်။ မြန်မာတွေရဲ့စကားအရဆိုရင် စကြာမင်းတွေ စကြဝတေးမင်းတွေ ပေါ်ပေါ်လာတော့မည်ဆိုပြီး ပြောရင် ပိုကောင်းမယ်ထင်တယ်။ ဒီအရာကို နှစ်ကြိမ်တောင် နိမိတ်ပြတယ်ဆိုတော့ ခေါင်းဆောင်ကောင်းတွေ အများကြီးထွက်ပေါ်လာတော့မယ်ဆိုတာတော့ ကြိမ်းသေသလောက်ပဲ။

၁၁။ နိမိတ်ပုံမှာ ဩဇာအာဏာရှိသောပုဂ္ဂိုလ်တစ်ဦးကို ကောင်းကင်မှ တမန်တော်မှ ကောင်းချီးမင်္ဂလာ ပေးနေခြင်း ဖြစ်သည်။

ဒီနိမိတ်ပုံအရ မူလအတိုင်းရှိနေသော ကမ္ဘာ့ခေါင်းဆောင်ကြီးများ၏ အပြောင်းအလဲကို ညွှန်းဆိုနေသည်။ အရင်ကတည်းက ထိုင်နေကြသော ကမ္ဘာ့ခေါင်းဆောင်များသည် သူတို့နေရာကို လက်လွှဲပေးမည့် နိမိတ်ပုံမျိုး ဖြစ်နေသည်။ ဤသဘောအရ ၂၀၂၆ ကနေစပြီး ၂၀၃၀ အတွင်း ကမ္ဘာ့ခေါင်းဆောင်များ အပြောင်းအလဲ ဖြစ်လာတော့မည်။ အာဏာရှင် ထိပ်သီးနိုင်ငံပင် ဖြစ်ပလေ့စေ ခေါင်းဆောင်ပြောင်းမည်။ သို့မဟုတ် ခေါင်းဆောင်တစ်ဦးဦး ကွယ်လွန်မည်။ လူအသစ်များသည် နိုင်ငံရေး သို့မဟုတ် အင်အားကြီးအဖွဲ့အစည်းများတွင် ပေါ်ပေါက်လာတော့မည်။

၁၂။ နိမိတ်ပုံမှာ ကမ္ဘာကြီး၏စောင့်ရှောက်သူ သူတော်စင်ကြီးသည် အမှောင်အတွင်းမှထွက်ပေါ်လာပြီး ငှက်ဆိုးများကို သုံးခွလှံဖြင့် ခုခံတိုက်ခိုက်နေခြင်း ဖြစ်သည်။

ဒီနိမိတ်ပုံအရ ဒီနှစ်သည် ကမ္ဘာကြီးပေါ်မှာ မရှိသင့်သော မကောင်းသောအရာများ မကောင်းသောသူများ ၏ အခန်းကဏ္ဍ မှေးမှိန်စပြုလာသောနှစ်တစ်နှစ်ဖြစ်သည်။ ကမ္ဘာကြီးကို တစ်ငွေ့ငွေ့တိုက်စားနေသော စနစ်ကြီးတွေ စတင်ပြိုကွဲစပြုလာသောနှစ်တစ်နှစ်လည်း ဖြစ်လာလိမ့်မည်။ ကမ္ဘာကြီးတွင် ပြည်သူတွေမသိအောင် ဖုံးကွယ်ထားသော ကမ္ဘာ့အတွင်းရေး လျှို့ဝှက်ချက်များလည်း ဘူးပေါ်သလို ပေါ်ပေါက်လာလိမ့်မည်။ ကမ္ဘာကြီးက ကျွန်တော်တို့ကို လိမ်ထားသော ညာထားသော အလိမ်အညာများကို ဒီနှစ်မှာ တစ်ခုပြီးတစ်ခု ကြားလာရပါလိမ့်မည်။

လက်ကျန်ဟောကိန်း ——————-

ကမ္ဘာ့စီးပွါးရေးအကျပ်အတည်းကြီးဖြစ်မည်။ ကမ္ဘာ့ငွေကြေးမတည်ငြိမ်မှုများ ဖြစ်လာပြီး ငွေကြေးသတ်မှတ်ချက်များ ဖြစ်ပေါ်လာမည်။ စွမ်းအင်လောင်စာသုံးစွဲမှုများ အပြောင်းအလဲ ဖြစ်လာမည်။ ကမ္ဘာ့ Stock ရှယ်ယာများ မညီမျှမှုများ ဖြစ်ပေါ်လာမည်။ ကမ္ဘာ့စီးပွါးရေးပျက်ကပ်အဆင့်မဟုတ်ဘဲ နိုင်ငံအချို့၏ တစ်သီးပုဂ္ဂလကပ်ဘေးအဆင့်တွေတော့ ရှိလာလိမ့်မည်။

ရောဂါပိုးအသစ်တစ်ခု ပေါ်ပေါက်လာတတ်သော်လည်း ကမ္ဘာ့ကပ်ရောဂါအဆင့်တစ်ခုထိကို မရောက်ရှိိနိုင်ပါ။ ရာသီဥတုဆိုင်ရာ အခြေပြုသော ရောဂါများ ဖြစ်ပွါးတတ်သည်။ ကျွန်တော်တို့ နေ့စဉ်သောက်သုံးနေသော ဆေးဝါးများ၏ အာနိသင်ကို ဖြိုခွဲပစ်နိုင်သော ဗိုင်းရပ်စ်တစ်မျိုးကို တွေ့ရှိတတ်သည်။ ကြီးမားသော ဆေးပညာဆိုင်ရာ ရှာဖွေမှုကြီးများလည်း ရှိလာလိမ့်မည်။ ကမ္ဘာ့လုံးဆိုင်ရာ ဆေးသုတေသနလျှို့ဝှက်ချက်ကြီးများ ပေါက်ကြားလာတတ်သည်။ ကမ္ဘာ့ဆေးကုမ္ပဏီကြီးတစ်ခု၏ နာမည်ပျက် အပုပ်အပွများ ပေါ်ပေါက်တတ်သည်။

သဘာဝကပ်ဘေးအနေနဲ့ဆိုပါက ဒီနှစ်သည် ကမ္ဘာကြီး၏ ငလျင်လှုပ်ခတ်မှု အများကြီးနှစ်တောင် ဖြစ်ပေါ်လာနိုင်သည်။ စိုးရိမ်ရသော ငလျင်ဇုန်များ တိုးပွါးလာလိမ့်မည်။ ရေလွှမ်းမိုးခြင်း နှင့်အတူ ကမ္ဘာကျော်မြို့ကြီးများ နစ်မြုပ်ခြင်းအထိ ဖြစ်ပေါ်လာနိုင်သည်။ ကမ္ဘာ့ ရာသီဥတုအပြောင်းအလဲသည် အဆိုးရွားဆုံးနှစ်တစ်နှစ်အဖြစ် ဒီနှစ်က ရှိနေပေသည်။ မီးတောင်ပေါက်ကွဲမှုဖြစ်စဉ်များ နိမိတ်စပြလာလိမ့်မည်။ မီးတောင်ပေါက်ကွဲနိုင်သည့် ဖြစ်စဉ်ကြီးတစ်ခုထက်မနည်း ရှိနေသည်။

ဒီနှစ်သည် နည်းပညာဆိုင်ရာ တိုးတက်မှုမှာ အရှိန်အကောင်းဆုံးနှစ်တစ်နှစ်ပါ။ လောင်စာဆီအစားသုံးသော စွမ်းအင်သုံးစနစ်သစ်များစွာ ဖြစ်ပေါ်လာတတ်သည်။ လောင်စာဆီကနေစတင်ပြီး တန်ဖိုးကြီးသော သယံဇာတပစ္စည်းများအတွက် ကြီးမားသောအားပြိုင်မှုကြီးတွေ ရှိနေပေသည်။ နျူကရီးယားဆိုင်ရာ ပြဿနာ အကျပ်အတည်းဖြစ်ပေါ်လာလိမ့်မည်။ နည်းပညာအသစ်များပေါ်ပေါက်မှု များပြားလာခြင်းကြောင့် ကမ္ဘာ့နည်းပညာဆိုင်ရာ လုံခြုံရေးပျက်ပြားခြင်းကဲ့သို့သော ဖြစ်စဉ်များ ဖြစ်ပေါ်လာလိမ့်မည်။ သယံဇာတပစ္စည်းသစ်များ နဲ့ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်များ တွေ့ရှိရပေလိမ့်မည်။

ဒီနှစ်ကတော့ တစ်ကမ္ဘာလုံး ၏ သုံးပုံတစ်ပုံလောက်က စစ်ရေးစစ်ရာကိစ္စများဖြင့် လွှမ်းမိုးနေမှာပဲဖြစ်ပြီးတော့ နိုင်ငံနိုင်ငံအချင်းချင်း နိုင်ငံတွင်းစစ်ပွဲများ နေရာအနှံ့တွင် ရှိနေမည်ဖြစ်ပေသည်။ ကမ္ဘာလုံးတွင် ခေါင်းဆောင်အသီးသီးတို့၏ ပြောင်းလဲမှုများသောနှစ်ပါ။ နိုင်ငံအသီးသီး၏ အာဏာရှင်စနစ်များ ပြိုလဲလိမ့်မည်။ နိုင်ငံအသီးသီး၏ မင်းပြောင်းမင်းလွှဲ အစိုးရအပြောင်းအလဲ သိသိသာသာများတဲ့နှစ်တစ်နှစ်ဖြစ်လာလိမ့်မည်။ NATO , BRICS , United Nations ကဲ့သို့သော မဟာမိတ်အဖွဲ့အစည်းကြီးတစ်ခု ပေါ်ပေါက်လာတတ်သည်။ ဘယ်တော့မှ မပေါင်းစည်းမဲ့ နိုင်ငံကြီးနှစ်နိုင်ငံ ပူးပေါင်းကြလိမ့်မည်။ ဘာသာရေး နဲ့ နိုင်ငံရေး ပဋိပက္ခတွေ အရမ်းကြီးကျယ်မည့်နှစ်တစ်နှစ်ပါ။

ကမ္ဘာ့စနစ်ကြီး ပျက်သုဉ်းပြီး စနစ်သစ်ကို ကူးပြောင်းမဲ့နှစ်က ဒီ ၂၀၂၆ ပါ ၊ ဒီ ၂၀၂၆ သည် ကမ္ဘာကြီး၏သမိုင်းမှာ အရေးပါအရာရောက်ဆုံး နဲ့ ပြဿနာအစုံလင်ဆုံးနှစ်လို့ ပြောရင်လည်း မှားမယ်မထင်ပါဘူး။ အရမ်းအားကောင်းသော ခေါင်းဆောင်သစ်များလည်း ပေါ်ပေါက်လာမှာပါ။ ကမ္ဘာ့အမိုက်ဆုံးသော အဖွဲ့အစည်းများ၏ သုံးပုံတစ်ပုံကနေ နှစ်ပုံအထိ အဖျက်ဆီးခံရပါတော့မည် နှိပ်ကွပ်ခံရပါတော့မည်။ တစ်ကမ္ဘာလုံးဆိုင်ရာ လိုက်နာရမည့် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများ ထွက်ပေါ်လာပြီး ဒီစည်းမျဉ်းစည်းကမ်းများကြောင့်လည်း ပြဿနာအရှုပ်အထွေးများ ဖြစ်လာပါလိမ့်မည်။

ဒီနှစ်မှာ မှတ်မှတ်ရရ ကွယ်လွန်အနိစ္စရောက်တတ်သောသူအချို့မှာ ကမ္ဘာကျော်သရုပ်ဆောင်ကြီး (ယောင်္ကျား) တစ်ဦး (ရောဂါဖြင့်ကွယ်လွန်) ၊ အဆိုတော် (မိန်းမ) တစ်ဦး ( Accident ဖြင့် ကွယ်လွန်) ၊ Kpop အဖွဲ့တစ်ခုမှာ နာမည်ကြီးတစ်ဦး ကွယ်လွန် ၊ နာမည်ကြီး BL သရုပ်ဆောင်တစ်ဦး ကွယ်လွန်မှု ရှိတတ်ပါသည်။ ဒီနှစ်မှာ မှတ်မှတ်ရရ ကွယ်လွန်အနိစ္စရောက်မှု လက်ဆယ်ချောင်းမကရှိတတ်ပါတယ်။ တစ်ကမ္ဘာလုံးကို အာသွားစေမည့် အနုပညာရှင်တစ်ဦး ကနေ နှစ်ဦး လည်း ပါဝင်နေတာကို ခံစားရနေပါသည်။

လင်းညှို့တာရာ


Leave a Reply

Your email address will not be published. Required fields are marked *