“သေတပန် သက်ဆုံးတိုင်… ခင်ပွန်းဖြစ်သူ သင်္ဂြိုဟ်မည့်မနက်မှာ လိုက်ပါကွယ်လွန်သွားခဲ့တဲ့ အဘွားနှင့် အဘိုးတို့၏ အံ့မခန်းသံယောဇဉ်”

​မေတ္တာတရားဆိုတာ သေခြင်းတရားကတောင် ခွဲမရနိုင်ဘူးဆိုတာ ဒီဖြစ်ရပ်က သက်သေပြနေပါတယ်။

အသက် (၉၆) နှစ်အရွယ် အဘိုး ဦးအေးသောင်းဟာ မတ်လ (၁၂) ရက်နေ့ ည (၁၀) နာရီမှာ ကွယ်လွန်သွားခဲ့ပါတယ်။

အဘိုးရဲ့ နာရေးအတွက် ပြင်ဆင်နေကြရင်း အဘိုးကို သင်္ဂြိုဟ်မည့်နေ့ မနက်မှာပဲ ဇနီးဖြစ်သူ အသက် (၉၄) နှစ်အရွယ် အဘွား ဒေါ်ညွန့်ခင်ဟာလည်း အဘိုးအပေါ်ထားတဲ့ သံယောဇဉ်စိတ်နဲ့ပဲ လိုက်ပါကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။



ဘဝတစ်လျှောက်လုံး အတူလက်တွဲလာခဲ့ကြသလို နောက်ဆုံးခရီးမှာလည်း တစ်ယောက်တည်း မသွားစေဘဲ အတူတူ သွားနိုင်အောင် စောင့်ဆိုင်းနေခဲ့ကြသလား ထင်ရပါတယ်။

ခင်ပွန်းဖြစ်သူကို သင်္ဂြိုဟ်မယ့်နေ့မှာပဲ ဇနီးသည်က ထပ်မံကွယ်လွန်သွားတာကြောင့် အဘိုးနဲ့ အဘွားကို တစ်နေ့တည်း၊ တစ်ချိန်တည်းမှာပဲ အတူတူ သင်္ဂြိုဟ်ပေးခဲ့ကြပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရွတ်ဖတ်ဆုတောင်းပေးခဲ့တဲ့ ဘုန်းဘုန်းကလည်း “ဘဝမှာ အခုလိုမျိုး ဇနီးမောင်နှံစုံတွဲ ရက်အများကြီးမခြားဘဲ ကွယ်လွန်တာမျိုး ယခင်က တစ်ကြိမ်သာ ကြုံဖူးပြီး အခုဟာက ဒုတိယအကြိမ်မြောက် ကြုံရတဲ့ ဖြစ်ရပ်ဆန်းပဲ” လို့ မိန့်ကြားခဲ့ပါတယ်။

ကြီးမားလွန်းတဲ့ မေတ္တာတရား၊ ခိုင်မြဲလွန်းတဲ့ သံယောဇဉ်တွေနဲ့ အဘိုးနဲ့ အဘွား… နောင်ဘဝဆက်တိုင်းမှာလည်း အခုလိုပဲ အေးအတူ ပူအမျှ လက်တွဲနိုင်ကြပါစေ။

ကောင်းရာသုဂတိသို့ ရောက်ရှိပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *