အမ်ပီတီ ဒုံးပျံ FTTH အင်တာနက်ဝန်ဆောင်မှုကို ဒဲ့ပြောပါမယ်။
မတ်လ ၁၃ ရက် နေ့လည် ၁၁ နာရီခွဲဝန်းကျင်မှာ EPC က ကြိုးတွေ အကုန် ဖြ၊တ်ချသွားလို့ အင်တာနက် ဝန်ဆောင်မှု ပြတ်တောက် သွားပါတယ်။
အမ်ပီတီ Call center ကို အကြောင်းကြားပါတယ်။ ၄၈ နာရီ စောင့်ပါလို့ ပြောတယ်။
ဒီနေ့ ၄၈ နာရီပြည့်လို့ ပြန်ဆက်တော့ ဘာမှ မတတ်နိုင်တဲ့ ပုံစံမျိုးနဲ့ ဒီအတိုင်း ငြိမ်ခံလိုက် တိုင်စိုက် ကြိုးသွယ်ပြီးမှ ဝန်ဆောင်မှု ပြန်ရမယ်။
ဘယ်အချိန်မှာ ဘာလုပ်မလဲဆိုတာ သူတို့လည်း မသိဘူးတဲ့။
အင်တာနက်ဖိုးကျတော့ တရက် နောက်ကျတာနဲ့ အတိအကျ ဖြ၊တ်တယ်။
အင်တာနက်ကျတော့ ဘယ်တော့ရနိုင်မလဲဆိုတာ မပြောနိုင်တဲ့ ကမ္ဘာ့အံ့ဖွယ် ဝန်ဆောင်မှုပါပဲ။
သဘာဝဘေးအန္တရာယ်တွေ၊ မတော်တဆမှုတွေကြောင့် အင်တာနက် ပြတ်တောက်တာ လက်ခံပါတယ်။
အခုဟာက EPC နဲ့ အမ်ပီတီ အကြိမ်ကြိမ် ညှိနှိုင်းခဲ့ပြီးမှ ဘာမှ အဖြေမထွက်လို့ တမင် ဖြ၊တ်ချခံရတာတဲ့။
ဝန်ဆောင်ခတွေ ကြိုသွင်းထားတဲ့ ပြည်သူတွေကို ဖုန်းတချက်ဆက်ပြီး အကြောင်းမကြားခဲ့ဘူး။
ဝန်ဆောင်မှု မသုံးခင် survey အရင်ဆင်းခဲ့တုန်းကတော့ လုံးဝ အဆင်ပြေတဲ့ ပုံစံမျိုးပြောပြီး စာချုပ်တွေ ဘာတွေနဲ့ ကြီးကြီးကျယ်ကျယ် လုပ်ခဲ့တာဆိုတော့ ဒီလောက်ထိ စုတ်ပြတ်မယ် မထင်ထားခဲ့ဘူး။
လစာတွေ အများကြီး ယူထားတဲ့ MPT က စီမံခန့်ခွဲတဲ့ လူကြီးတွေလည်း ရှက်ရကောင်းမှန်း မသိကြဘူးလား။
ကားကြီးတွေ စီး၊ ရုံးခန်းထဲမှာ ဆရာကြီး စတိုင်နဲ့ ထိုင်နေကြသူတွေက ကိုယ့်ကုမ္ပဏီ ဝန်ဆောင်မှု ဒီလောက် ညံ့ဖျင်းနေတာကို မသိချင်ယောင်ဆောင်နေကြတာ မရယ်ရတဲ့ ဟာသ တပုဒ်ပါပဲ။
အဆိုးဆုံးက ဖြစ်လာရင် ငုံခံကြ၊ ဒီခေတ်ထဲမှာ ဒီလိုကတော့ ဖြစ်မှာပဲ၊ မင်းတို့ သုံးချင်ရင် ဒီလောက်မှ သည်းမခံနိုင်ဘူးလား ဆိုတဲ့ ကြောင်တောင်တောင် mindset ကို ပေါ်တင် ရို၊က်သွင်းနေတာပါပဲ။
တနေ့ တမျိုး မရိုးရတဲ့ ရွှေပြည်ကြီးမှာ လူဖြစ်ရတာ အရမ်းကို ကံကောင်းနေပါပြီနော်။


Leave a Reply