📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

မင်္ဂလာဒုံ စက်သုံးဆီဆိုင်နားမှာ ယာဉ်ဆင့်တိုက်မှုတွေဖြစ်

မင်္ဂလာဒုံ စက်သုံးဆီဆိုင်နားမှာ ယာဉ်ဆင့်တိုက်မှုတွေဖြစ်ပြီး ယာဉ်မောင်း ၁ ဦး မီးလောင်သေဆုံး

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ် က စက်သုံးဆီဆိုင်အနီးမှာ ယာဉ် ၃ စီးဆင့်တိုက်လို့ ယာဉ်မောင်းတဦး မီးလောင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၁၆ ရက် မနေ့ကည ၁၀ နာရီခန့်မှာ အမှတ်(၃) လမ်းမကြီးပေါ်ရှိ Terminal စက်သုံးဆီဆိုင်အနီး တရားရုံးရှေ့မှာ Light Truck ကား၊ အငှားယာဉ် Taxi နဲ့ သုံးဘီးဆိုင်ကယ်တို့ တိုက်မိခဲ့တယ်လို့ သိရပါတယ်။

ယာဉ် ၃ စီးတိုက်မှုကြောင့် Light Track ကား ခေါင်းခန်းမီးလောင်ကာ ယာဉ်မောင်း သေဆုံးခဲ့ပြီး ကျန်ကားပေါ်လူတွေက ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

“သုံးဘီးက ရပ်ကွက်ထဲက အမှိုက်တွေ သယ်လာတာ၊ အဲ့နားအရောက်မှာ ကား ၃ စီးဆင့် တိုက်တာ၊ Light Track က မီးလောင်သွားတယ်” လို့ ဒေသခံတဦးက မြို့တော်ကို ပြောပါတယ်။

မီးလောင်မှုကို ဒေသတွင်းပရဟိတအဖွဲ့တွေနဲ့ မီးသတ်တပ်ဖွဲ့တွေ မီးသတ်ဆေးဗူးတွေနဲ့ မီးငြှိမ်းသတ်ခဲ့ရကာ သေဆုံးသူ ရုပ်အလောင်းနဲ့ ဒဏ်ရာရတဲ့ အမျိုးသားလူနာ ၂ ဦးကို မြောက်ဥက္ကလာပ ဆေးရုံကို ပို့ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *