မောင်တောတွင် သက်ငယ်မုဒိန်းမှု ကျူးလွန်သတ်ဖြတ်ခဲ့သည့် အသက် (၁၄) နှစ်အရွယ် တရားခံကို ဘူးသီးတောင် အကျဉ်းထောင်သို့ ပို့ဆောင်ထား

အာရက္ခဒေသ မောင်တောမြို့နယ်၊ အောင်သုခကျေးရွာမှ အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးကို မုဒိန်းမှုကျူးလွန်ပြီး သတ်ဖြတ်ကာ အလောင်းဖျောက်ဖို့ကြိုးစားခဲ့ကြသူများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဘူးသီးတောင်အကျဥ်းထောင်သို့ မတ်လ ၁၇ ရက်ကပို့ဆောင်လိုက်သည်ဟု သိရသည်။

အဆိုပါပြစ်မှုကျူးလွန်သူမှာ အောင်သုခကျေးမှ အသက် ၁၄ နှစ်အရွယ် ကောင်လေးတစ်ယောက်ဖြစ်ပြီး ၎င်း၏ရွာမှ အသက် ၃နှစ်အရွယ် ကလေးငယ်ကို မုဒိန်းကျင့်ပြီး သတ်ဖြတ်ကာ အလောင်းဖျောက်ခဲ့ခြင်းကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဖမ်းဆီးကာ မောင်တောမှ ဘူးသီးတောင်အကျဥ်းစခန်းသို့ ပို့လိုက်ခြင်းဖြစ်သည်ဟုသိရသည်။

ပြစ်မှုကျူးလွန်ခံရသူ အမျိုးသမီးငယ်ကို အောင်သုခကျေးရွာနေ ဒေါ်အေးငြိမ်းသန်းနေအိမ်အနောက်ဘက်လမ်းတွင် ဂုန်နီအိတ်ဖြင့်ထုတ်ထားသော ကလေးမလေးရဲ့ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီး မသင်္ကာသူ သုံးဦးကို အာရက္ခပြည်သူ့အစိုးရက ခေါ်ယူစစ်ဆေးခဲ့သည်။

“ ကလေးအမေက ဂုံး(ခုံး) ရှာဖို့ ပင်လယ်ကမ်းစပ်ကို သွားတယ်။ သူ့အမေ ပြန်ရောက်လို ကလေးကို နို့တိုက်ဖို့ လိုက်ရှာတော့ မတွေ့တော့ဘူး။ ရှာမရတော့ အမေဖြစ်သူက အုပ်ချူပ်ရေးမှူးအဖွဲ့ကို သွားတိုင်တယ်။ တစ်ရွာလုံး ဝိုင်းပြီး လိုက်ရှာကြတယ်။ နောက်တော့ ညနေ အချိန်မှာ ဂုန်နီအိတ်နဲ့ ထုပ်ထားတဲ့ ကလေးအလောင်းကို ရွာအပြင်မှာ တွေ့ခဲ့တယ် ” ဟု အောင်သုခကျေးရွာက မိသားစုနှင့် ရင်းနှီးသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုသို့ ခေါ်ယူစစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်ခဲ့သည့် ၁၄ နှစ် လူငယ်က ၎င်းကိုယ်တိုင် ပြစ်မှုကျူးလွန်ခဲ့ကြောင်း ထွက်ဆိုခဲ့သဖြင့် ဖမ်းဆီးထိန်းသိမ်းထားကာ အမှုဖွင့်ပြစ်ဒဏ်ချနိုင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။

၎င်းအပြင် ပြစ်မှုကျူးလွန်ခံရသူကလေးမ၏ အဝတ်အစားများကို ပြစ်မှုကျူးလွန်သူ၏ နေအိမ်အိမ်သာတွင်းထဲမှာ တွေ့ရှိခဲ့ခြင်းကြောင့်ကျူးလွန်သူ၏မိခင်ဖြစ်သူလည်း အလောင်းဖျောက်ဖို့ပူးပေါင်းပါဝင်ခဲ့၍ ဖမ်းဆီးထားသည်ဟုသိရသည်။

“အဲ့ဒီကောင်လေးက ဝန်ခံထွက်ဆိုထားတယ်။ အရင်ဆုံး သူ ကလေးမလေးကို မုဒိန်းကျင့်တော့ ကလေးမလေးက အော်တာကြောင့် လည်ပင်းကို ညစ်ထားခဲ့တယ်လို့ဆိုတယ်။ ဒီလို လည်ပင်းညစ်ပြီး ပြစ်မှုကျူးလွန်နေရင်းက ကလေးမလေး သေဆုံးသွားတာလို့လည်း ဝန်ခံထားတယ်” ဟု အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြစ်မှုကျူးလွန်ခံရသူ ကလေးမလေး၏ရုပ်အလောင်းကို အာရက္ခအစိုးရကျန်းမာရေးဌာနကဆေးစစ်ကြည့်ရာမှာ ကလေးမရဲ့မအင်္ဂါစပ်နေရာမှာသွေးထွက်ပြီး အတင်းအဓမ္မပြုကျင့်ခံထားရသောလက္ခဏာတွေ့ရသလို ကိုယ်တွင်းအင်္ဂါတချို့လည်းဖျက်ဆီးခံခဲ့ရသည်ဟုသိရသည်။

“ အမေဖြစ်သူ ကြံရာပါဖြစ်တယ်။ အစပိုင်းက အဲဒီ မိန်းကလေးကို သူ့ရဲ့အိမ်မှာ မြေမြှုပ်ထားတာပါ။ ရွာသားတွေ အကုန်လုံး ဝိုင်းပြီးရှာကြတော့ သူ့အမေက ကြောက်ပြီး အပြင်ကို စွန့်ပစ်ခဲ့တာ ထင်တယ်။ ရှာလို့ တွေ့တဲ့အချိန် နဖူးမှာဒဏ်ရာတွေ ပါတယ်။ လျှာတွေလည်း ပြတ်လို့ တွေ့တယ်။ ပြီးရင် သူ့မှာ ပါသွားတဲ့ လက်ကောက်တွေ၊ နားကပ်တွေလည်း မရှိတော့ဘူး ” ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။

“ ဆေးစစ်ချက်အရ ခန္ဓာကိုယ်အတွင်းက အူတွေ ပြတ်တောက်သွားပြီး အင်္ဂါစပ်မှာလည်း ဒဏ်ရာအများ ကြီးရှိတယ်။ သွေးတွေ ထွက်နေတာ။ ဆေးစစ်ချက်အရ အဓမ္မပြုကျင့်ခဲ့တာဆိုပြီး သက်ဆိုင်ရာက ပြောတယ် ” ဟု ယင်းအကြောင်းကို သိသူ နောက်ထပ် အမျိုးသမီးတစ်ဦးက ပြောသည်။

အမျိုးသမီးငယ်၏ ရုပ်အလောင်းကို မတ်လ ၁၇ ရက်၊ မနေ့က အောင်သုခကျေးရွာသုဿာန်မှာ မြေမြုပ်သဂြိုဟ်လိုက်ပြီဟု သိရသည်။

ဓာတ်ပုံ- အဓမ္မပြုကျင့် သတ်ဖြတ်ခံရသည့် သုံးနှစ်အရွယ် ကလေးငယ်အား ဂုန်နီအိတ်အဖြူဖြင့် ထည့်ထားသည့်အနေအထားအား တွေ့ရစဉ်


Leave a Reply

Your email address will not be published. Required fields are marked *