ရွှေစက်တော်က Day club ဖြစ်နေပြီလားလို့ ဒေသခံတွေမေးခွန်းထုတ်နေ

မြန်မာနိုင်ငံရဲ့ ရက်အရှည်ကြာဆုံးဘုရားပွဲဖြစ်တဲ့ ရွှေစက်တော်ဘုရားပွဲဟာ Day club ဖြစ်နေပြီလားလို့ ဒေသခံတွေမေးခွန်းထုတ်နေကြပါတယ်။

အရင်က စိတ်အေးချမ်းသာစွာ ဖူးမြှော်နိုင်တဲ့ ရွှေစက်တော်ဘုရားပွဲဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေစပြီး မန်းချောင်းရေပြင်တဝိုက်မှာ သီချင်းသံ ဒီဂျေသံတွေနဲ့ ဆူညံနေတယ်လို့ ရွှေစက်တော်အနီးနားက ရွာခံတစ်ဦးက ပြောပါတယ်။

“ မကွေးမြို့က KTV က အဖွဲ့တဲ့ G12 တွေ စာမေးပွဲဖြေတော့ KTV တွေ ပိတ်ရတော့ ရွှေစက်တော်မှာ လာကဲကြတာ DJ တီးတဲ့သူတွေလည်းပါတယ် သူတို့ကိုယ်သူတို့ Club ရောက်နေတယ် ထင်နေလား မသိဘူး သောက်စားမူးရူးပြီး ထင်ရာလုပ်နေကြတာ” လို့ ဆိုပါတယ်။

အရင်တချိန်က ဘုရားပွဲခင်းထဲ အရက်သေစာသယ်ယူခွင့်တောင်မပေးခဲ့တဲ့ ရွှေစက်တော်ဘုရားပွဲမှာ အခုဆိုရင် အများပြည်သူတွေအမြင်မတင့်တယ်တဲ့ အမူအရာတွေပါ လုပ်နေကြတာလို့ဆိုပါတယ်။

“ ကိုယ်တွေ ရှေ့မှာဖြစ်ပျက်နေတာ ရှက်စရာကြီး ဘာသာရေး ပွဲ ကိုတော့ သိက္ခာ မချပါနဲ့။ မြင်မကောင်းဘူး။ ယောကျာ်းနဲ့မိန်းမတွေ မဖွယ်မရာကို ကပြနေကြတာ။ ရွှေစက်တော်ဆိုတာ တန်ခိုးကြီးဘုရား။ ပုံပျက်ပန်းပျက်နဲ့လုံးဝမသက်ဆိုင်ပါ။ အသားကြီးငါးကြီးတောင်စားမရဘူးဆိုတာ မိဘတွေကပြောခဲ့ဖူးတယ်” လို့ ရွှေစက်တော်ကို ဘုရားဖူးပြန်လာတဲ့ အမျိုးသမီးတစ်ဦးကလည်းပြောပါတယ်။

ရွှေစက်တော်ဘုရားပွဲမှာ အခုလိုတွေပြုမှုနေကြလို့ ဒေသခံတွေနဲ့ ဘုရားဖူးပြည်သူတွေ စိတ်အနှောင့်ယှက်ဖြစ်နေကြရတာကြောင့် သက်ဆိုင်ရာတာဝန်ရှိလူကြီးတွေအနေနဲ့ အမြန်ဆုံးအရေးယူပေးကြဖို့ကိုလည်း လူမှုကွန်ယက်မှာ တွင်တွင်ကျယ်ကျယ်တောင်းဆိုနေကြပါတယ်။

ဒီနှစ်မှာတော့ မန်းရွှေစက်တော်ဘုရားပွဲကို ဇန်နဝါရီ ၂၂ ရက်ကနေ ဧပြီ ၁၇ ရက်အထိ ၈၆ ရက်ကြာ ကျင်းပနေတာဖြစ်ပါတယ်။

သာသနာ့နယ်မြေ ရွှေစက်တော်က အမြင်မတင့်တယ်တဲ့ ပွတ်သဘင်ပွဲများ

ရွှေစက်တော် ဂေါပကတွေကတော့ အကြံကုန် ဂဠုန် ဆားချက်သွားပြီ ထင်ပါတယ်။ အရင်က သာသနာ့နယ်မြေ ဘရားပွဲ ဖြစ်တဲ့ ရွှေစက်တော်မှာ ယဇ်ရွှေရည်ကို တိတ်တခို၊း ကျိတ်တိုးနဲ့သာ ရောင်းချခဲ့ရတာပါ။

အခုတော့ ကျိုက်ထီးရိုးလို လူစည်စေချင်တဲ့ ရွှေစက်တော် ဂေါပကတွေဟာ ဒီဂျေ ပွ၊တ်သဘင်နဲ့ မာရ်နတ်ရဲ့ သမီးပျိုတွေကိုပါ မန်းချောင်း ဘုရားပွဲထဲကို ခေါ်လာပါပြီ။

ယခု ပုံမှာ ဖော်ပြထားတဲ့ တည်းခိုဆောင်နဲ့ အနီးနားမှာ အောက်စက်တော်ရာ စေတီ တည်ရှိပါတယ်။ အဲဒါကို ဒီလို လူအုပ်နဲ့ ဒွန့်နေကြတာကို ဂေါပက လူကြီးများက သင့်တော်တယ်လို့ ထင်ပါသလား။

ဒွန့်ချင်၊ ပွ၊တ်ချင်ရင် မန်းရွှေစက်တော် ဘုရားပွဲလို့ နာမည် မတပ်ပါနဲ့။ မန်းချောင်း ရေကစားကွင်းလို့ နာမည်တပ်ပြီး ဘုရားပရဝဏ်နဲ့ ကန့်သ၊တ်လိုက်ကြပါ။

အခုတော့ ဒီဂျေစက်တွေနဲ့ ကခုန်ပျော်မြူး ဖော်လော် ဒွန့်နေကြတာဟာ ဘယ်သူ့အတွက်မှ မြင်မကောင်းကြပါဘူး။

ဒီလိုကိစ္စဆိုတာ ဂေါပက လူကြီးတွေမှာ ၁၀၀ ရာခိုင်နှုန်း တာဝန် ရှိပါတယ်။ အလှူငွေပဲ မက်ပြီး ဘုရားပွဲမှာ အခုလို သရုပ်ပျက်ပွဲတွေ လုပ်ခွင့်ပေးတဲ့ ဂေါပကတွေ အမြန် နှုတ်ထွက်သင့်ပြီ ဖြစ်ကြောင်း ဖော်ပြလိုက်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *