မယားရှိတာ ကို မသိပဲ ပတ်သတ်မိတာပါဆိုပြီး ငါ့အဖေ ဆိုင်ကယ်ပေါတတ်ခွ ငါ့အဖေကိုပြန်ခိုင်း ပါတယ်

ငါ့အဖေ ကမပြန်တာပါဆိုပြီး ကြိုးနဲ့ မချည်ထားပါဘူး

သူ့ဟာ သူမပြန်တာပါဆိုပြီး ငါ့အဖေနောက် ကောက်ကောက်ပါအောင်လိုက်သွားတဲ့ လင်ခိုးမ

နင်တို့လည်း အရှက်မရှိသလိုငါတို့လဲ တင်ရဲတယ်

ငါ့အဖေနဲ့ စကားမပြောရသရွေ့ ငါတို့အဖေ နဲ့ ပတ်သတ်နေသရွေ့ နင့်ကို အရှက်ကွဲအောင်လုပ်ပြ မယ် စိတ်ချ

နင့်နောက်မဆုတ်သရွှေ့ နင်နောက်ကြောင်းတွေအကုန်စုံစမ်းထားတယ်

တစ်ခုပြီးတစ်ခု လာမယ် 🤬

မယားငယ်နဲ့ အတူနေနေတာ လေး ငါး ရက် ကြားထဲမှာလဲ

ကောင်းကောင်းပြောပြီး ပြန်ခေါတယ် နှစ်ယောက်လုံးကိုတားတယ်

အဲ့ဒါ ကိုလျစ်လျူရှူ့ထားကျတယ် တစ်မိသားစုလုံးမျက်နှာကိုမကြည့်တဲ့ သူတွေကိုငါ့တို့လည်းမကြည့်ဘူးဟာ

ငါတို့ နာကျင်ရတာတစ်ခါလဲ မဟုတ်သလို နှစ်ခါလဲ မဟုတ်ဘူး

အခေါက်ပေါင်းများစွာ 😡 မုန်းတယ် အဖေကော အမေကော😢

မယားငယ်နဲ့ ပေါင်းရဖို့အရေး ကို ငါတို့သေခန်းပြတ်ချင်လဲ ပြတ်ဆိုပဲ

ကိုယ့်အဖေကိုယ်တိုင်ကိုက တန်းလန်းဆွဲ ဖြစ်နေတာမှားနေတာကိုလဲ သိတယ်

ဘာလို့ ဒီလိုတွေလိုက်တားနေရလဲ သိလား

ငါတို့အပြင် နောက်မိန်းမနဲ့ ရထားတဲ့ ကောင်လေး ကိုသနားလို့

ငယ်ငယ်ထဲ ကငါတို့မောင်အဖြစ်သတ်မှတ်ခဲလို့

ငါတို့လို့စိတ်ဒဏ်ရာ မရစေချင်လို့ တစ်အိမ်ထောင်မကောင်းလို်တစ်အိမ်ထောင်ထူတယ်

ငါတို့မောင်နှမတွေနားလည်ပေးတယ်

ဘာမှမဖြစ်သလိုနေပေးတယ်

ခုက ငါးဆယ်နားကပ်မှ နောက် ထပ်မိန်းမတစ်ယောက်က ကောင်းပါတယ်တဲ့လား

အဲ့တစ်ယောက်နဲ့ ကော မြဲ မှာ တဲ့လား

မွေးဦးမယ်ခလေးတွေ ပြီးရင် စိတ်ဒဏ်ရာတွေပေးဦးမယ်

ငါတို့တွေမိဘကိုပြန်ပြောရင် အမှားလုပ်ရင်တော့ငရဲ ကြီးတယ်တဲ့

မိဘတွေ အမှားလုပ်ရင်ကော ဘယ်သူက အပြစ်ပေးမှာလဲ

မိဘတွေကို ချစ်ခွန်းလို့ ငယ်ငယ်ထဲ ကလူကြီးတွေက သွန်သင်ဆုံးမခဲ့လို ဘာမှ မပြောပဲ ဘယ်သူနဲ့ ယူ ယူ ဘယ်နယောက်ယူယူ ငါတို့ ချစ်ပေးနားလည်ပေးခဲ့တာ

အခု ဘယ်အချိန်ထိနားလည်ပေး နေရမှာလဲ

ငါကံကြီးထိုက်မယ်ဆိုထိုက်ပါစေ တော့

အမေလဲ ငါတို့မျက်နှာ မကြည့်ပဲ နောက်ခလေးတွေရဲ မျက်နှာ ကို မကြည့်ပဲ ငါတို့အပျို အရွယ်မှာ သုံးဆက်မြောက်အိမ်ထောင်ကို ပြုတယ်

တားမရခဲ့ဘူး ခု အဖေ ကျတော့လည်း ငါ က ခလေး အမေဖြစ်တော့မယ်

သုံးဆက်မြောက်အိမ်ထောင် ပြုမယ်တဲ့

ရပါပြီး လုပ်ကျ ပါလုပ်ကျ ပါ

သားသမီးတွေကို ငရဲပေးတဲ့ မိဘတွေ 😔

မိဘအဖြစ်မှ စွန့်လွှတ်ခြင်း

မယား ငယ်နဲ့ပေါင်းရဖို့အရေး ကို သားသမီးအကုန်လုံး ဆွေမျိုးအကုန်လုံး ကိုအဆက်အသွယ်ဖြတ်ပြီး မယား ငယ်ရဲ့ မြူစွယ်မှုတွေနောက်ကိုပျော်ပျော်ကြီးလိုက်သွားတဲ အဖေ

အဖေရဲ့ ရွှေးချယ်မှုတွေက အမြဲ မှန်ကန်နေနိုင်ပါစေ

ဒီသားသမီးတွေက မိဘတွေနဲ့ ပတ်သတ်ရင်အမြဲ ငရဲ ရနေရလွန်းလို့ ဒီဘဝတော့ အဖေ ဆိုတာ ဘဝမှာ သေလူအဖြစ်နဲ့ပဲ နေထိုင်ပါတော့မယ်

မယားငယ်ရဲ့ ဆဲဆိုမှုတွေစော်ကား မှူတွေကို ဒီလောက်နဲ့ ပဲ ခံပါတော့မယ်

ရှေ့လျောက်သမီးမိသားစုအတွက်ပဲ စိတ်ပူပြီး သမီးမိသားစု ကိုပဲ ပိုချစ်ပါတော့မယ်

ခံစားချက်တွေကိုအမြဲ ရှေ့တန်းတင်ပြီး ရွှေးချယ်ခဲ့ တဲ့ အဖေရဲ့ အိမ်ထောင်ရေးမှာ ပျော်နေနိုင်ပါစေ

တစ်ခုပဲ မှတ်ထားပေးပါ

အဖေဟာ အိုလာမယ့်လူပါ🙁

ရှေ့လျောက် ဒီ အဖေနဲ့ ပတ်သတ်တာမှန်သမျှကို ဘာမှနားမထောင်ချင်တော့သလို

ဒီအဖေနဲ့ပတ်သတ်တာမှန်သမျှကို အကုန်စွန့်လွှတ်လိုက်ပါပြီ။

Nan Ei Cho


Leave a Reply

Your email address will not be published. Required fields are marked *