ဖခင်ဖြစ်သူ နောက်မိန်းမနဲ့အဆင်ပြေဖို့ မိဘမဲ့ဖြစ်ခဲ့ရတဲ့ မောငိနှမလ၂ ယောက်

မြင်တွေ့လိုက်ရတာ ရင်ထဲကိုမြားတစ်စင်းနဲ့

ပစ်ခွင်းလိုက်သလို နာကျင်ခံစားရပါတယ်

ကလေးတို့ရယ်😪

အဖေနဲ့အတူ နေချင်တယ် တဲ့ လေ …

ကလေးတို့ရယ် မင်းတို့လေး‌တွေထက်

ပိုပြီးချစ်ရတဲ့ မိန်းမတယောက် အနားမှာရှိ‌နေပြီမို့

သူ့ဘဝထဲမှာ မင်းတို့လေးတွေမလိုအပ်တော့လို့

မိဘမဲ့ကျောင်းကို သူကိုယ်လိုက်ပို့ခဲ့တာပေါ့ ..

ဟုတ်ပါတယ် ဒီမောင်နှမလေး၂ယောက်က တမူးဘက်ကပါ။

အမေဖြစ်သူက ဆုံးပါးသွားခဲ့ပါပြီ။

အဖေဖြစ်သူကလည်း နောက်အိမ်ထောင်ပြုလိုက်ပြီဖြစ်လို့

အဖေဖြစ်သူကိုယ်တိုင်နဲ့

ကလေးတွေရဲ့ အဒေါ်ဖြစ်သူတို့က

မိဘမဲ့ကျောင်းကို

လာပို့သွားတာ ဖြစ်ပါတယ် …..

ကံဆိုးလိုက်ကြတာ ဖခင်တယောက်လုံး

ရှိပါသေးလျက်နဲ့ ကလေးတွေ မိဘမဲ့ခဲ့ရပြီ

အဖေလို့ ခေါ်ခွင့်လေးတွေ ဆုံးရှုံးခဲ့ရပြီ ….😪

နောက်ထပ် သူစိမ်းမိန်းမတယောက်အပေါ်မှာတောင်

ချစ်ခြင်းမေတ္တာတွေ ထားနိုင်ခဲ့သေးတာ

ကိုယ့်သွေးကမွေးတဲ့ ရင်သွေးလေးတွေအတွက်

ရှိပြီးသား ချစ်ခြင်းမေတ္တာတွေကို

ဘာ့ကြောင့်များ ဆက်ပြီး မရှင်သန်စေခဲ့ရတာလဲ … 😪


Comments

Leave a Reply

Your email address will not be published. Required fields are marked *