ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၈ ဦးသေဆုံးခဲ့ကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ယနေ့ မတ်လ ၂၂ ရက်နေ့တွင် ဇီးကုန်းမြို့နယ်၊ စိန်ဘုံသာရွာဘက်ကို ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက စိန်ဘုံသာရွာအနီးတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၄ ဦး၊ ရဲ ၃ နှင့် ပျူစောထီး ၁ ဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူများထဲတွင် ဇီးကုန်မြို့ စစ်ကြောရေး၌ အမည်ဆိုးဖြင့် ကျော်ကြားသော အမှတ် ၄ နယ်ထိန်း ရဲသက်မောင်မောင်နှင့် စိန်ဘုံသာကျေးရွာမှ ပျူစောထီး ရဲမင်းအောင် လည်းပါဝင်ကြောင်း သိရှိရသည်။
“ဇီးကုန်၊ စိန်ဘုံသာရွာဘက်ကိုလာတဲ့ စစ်ခွေးစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ် တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး ၄ ကောင်၊ ရဲ ၃ ကောင်နဲ့ ပျူစောထီး ၁ ကောင်သေဆုံးပါတယ်။ ဖြစ်စဉ် အပြည့်အစုံကိုတော့ သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့တွေ့ ထုတ်ပြန်ပါလိမ့်မယ်” ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ယနေ့မတ်လ ၂၂ ရက် နံနက် ၁၀ နာရီခွဲခန့်က လောင်းကစားဝိုင်းကိုလာတဲ့ အဖွဲ့ကို ပစ်ခတ်ခဲ့တာမှာ ဇီးကုန်းမြို့မရဲစခန်းက နယ်ထိန်းခေါင်းဆောင်၊ နယ်ထိန်းသက်မောင်မောင်၊ ပျူစောထီး တဦးအပါ စစ်သားစုစုပေါင်း (၈) ဦးခန့်အထိ သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရသည်။
“နာမည်ဆိုးနဲ့ကျော်ကြားတဲ့ နယ်ထိန်းရဲ နဲ့ နယ်ထိန်းခေါင်းဆောင် အပါအဝင် ပျူစောထီးပါတယ်။ အခြေအနေက ရှုပ်ယှက်ခတ်နေတယ်။ ထပ်ပြီး အတည်ပြုဖို့လည်း ကြိုးစားနေတယ်။ ” လို့ ဒေသအခြေစိုက်တော်လှန်ရေးအင်အားစုဝင်တဦးက ပြောသည်။
အလားတူ ဇန်နဝါရီလပိုင်းကလည်း အကြမ်းဖက် စစ်တပ်က အတုယောင် ရွေးကောက်ပွဲ အပိုင်း ၂ ပြုလုပ်ရန် ပြင်ဆင်နေချိန် နတ်တလင်းမြို့နယ်၊ ဇီးကုန်းမြို့နယ်နှင့် မင်းလှမြို့နယ် အတွင်းရှိ အကြမ်းဖက် အထိုင်ချတပ်စွဲထားသော စစ်တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိများ အပါအဝင် စစ်သား ၅၀ ကျော်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိကာ မဲပုံး နှင့် မဲစာရင်းများပါ မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။


Leave a Reply