📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ဗန်းမော်၌ စစ်ရေးအထိနာ၍ ကျေးရွာများကို ပို ဗုံးကြဲ

—

by

in

ဗန်းမော်တိုက်ပွဲအတွင်း တပ်ရင်းတချို့ လက်လွှတ်ရသည့် စစ်တပ်က ဗန်းမော်၊ မိုးမောက်၊ မံစီမြို့နယ်တို့ရှိ ကျေးရွာ များ အား ပစ်မှတ်ထားဗုံးကြဲမှု ပိုလုပ်လာကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

ဗိုလ်မှူးကြီး နော်ဘူက “မိုးမောက်မြို့နယ်တို့ မံစီမြို့နယ်တို့မှာ ညသန်းခေါင် လေယာဉ်နဲ့ဗုံးကြဲတာ အရပ်သား သေဆုံးမှုရှိ တယ်။ အရေအတွက် အသေးစိတ် မသိရသေးပါဘူး။ ဗန်းမော်ဘက်မှာ သူတို့အထိနာတယ်ဆိုတော့ ပြည်သူရှိတဲ့ဘက်ကို ဗုံးကြဲတာ ပြည်သူကို ကျနော်တို့တော်လှန်တဲ့အဖွဲ့တွေနဲ့ အဆက်အသွယ် မလုပ်အောင် ခြိမ်းခြောက်တဲ့ပုံစံနဲ့ ဗုံးကြဲတာ” ဟု ပြောသည်။

ယမန်နေ့ ညပိုင်းတွင် စစ်တပ်အနေဖြင့် မံစီမြို့နယ် မန်ဝိန်းကြီးဒေသနှင့် ဧရာဝတီမြစ်အတွင်း ရွှေတူးဖော်နေသည့် နေရာ တခုကို ဗုံးကြဲခဲ့ရာ ထိခိုက်ဒဏ်ရာရမှုအခြေအနေအသေးစိတ်ကို မသိရသေး ကြောင်းလည်း ၎င်းက ပြောသည်။

ခလရ ၂၃၆ လက်လွှတ်ခဲ့ရသည့် ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းကလည်း မိုးမောက်မြို့နယ် ဝက်ယင်းနှင့် နန့်အီကျေးရွာတို့ အား စစ်တပ်က ဗုံးကြဲရာ အရပ်သား ကလေးငယ်သုံးဦးအပါအဝင် ၇ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့သည်။ ဝက်ယင်းရွာမှ သေဆုံးသူ ၇ ဦးသည် မိသားစုဝင်များဖြစ်ကြပြီး ၎င်းတို့အိမ်အပါအဝင် ရွာရှိနေအိမ်တချို့လည်း ပျက်စီးခဲ့ရသည်။

ဖေဖော်ဝါရီ ၂၁ ရက် ညပိုင်းကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသော မံစီမြို့နယ်၊ မံသာကျေးရွာအား စစ်တပ်က ဗုံးကြဲသည့် အတွက် ကလေးတဦးအပါအဝင် ၂ ဦး သေဆုံးကာ သုံးဦးဒဏ်ရာရခဲ့သည့်အပြင် ဗန်းမော်မြို့နယ်၊ ရေလဲရွာတွင် လည်း ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင်း အရပ်သား ၃ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၁ ရက်က မံစီမြို့နယ်၊ မန်တာကျေးရွာကို ဗုံးကြဲ၍ ပျက်စီးမှုများ/Thein aung (CJ)

လူအစုလိုက် သေဆုံးစေသည့် စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုအပေါ်ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ကချင်လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (KHRW) က ထုတ်ပြောခဲ့ပြီး ဖြစ်ပွားနေသော ပဋိပက္ခများအတွင်း ဒေသခံများအနေဖြင့် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်များ ဆက်လက် တိုးမြင့်လာလျက်ရှိနေကြောင်းလည်း ၎င်းတို့က ဆိုသည်။

စစ်တပ်အနေဖြင့် KIA ထိန်းချုပ်နယ်မြေများအတွင်းရှိ ကျေးရွာများအား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများအား ပစ်မှတ်ထားကာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေသည့်အတွက် ဒေသခံပြည်သူများအနေဖြင့် စစ်ရေး သတိ ရှိကြရန် KIA က တိုက်တွန်းထားသည်။

KIA ပူးပေါင်းတပ်များက ယမန်နှစ်ဒီဇင်ဘာလဆန်းပိုင်း၌ စတင် ထိုးစစ်ဆင်နေသည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲသည်လည်း ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး လတ်တလော စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) အနီး အဓိက တိုက်ပွဲ ပြင်းထန်နေကြောင်းလည်း ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

၎င်းက “တိုက်ပွဲက ဆက်ဖြစ်နေပါတယ်။ အဓိကတော့ စကခ ၂၁ ဘက်မှာ၊ စကစဘက်ကတော့ အဓိက လေကြောင်းနဲ့ ဒရုန်းတွေနဲ့ တိုက်နေတာပေါ့။ စစ်ကူပို့တာတွေလည်း ရှိတယ်” ဟု ပြောသည်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း KIA ပူးပေါင်းတပ်များက ခလရ ၂၃၆၊ အမြောက်တပ် အမတ ၃၆၆၊ သံချပ်ကာတပ်ရင်း၊ တင့်ကားတပ်ရင်းနှင့် တပ်စခန်းတချို့ တိုက်ခိုက်သိမ်းပိုက်ကာ မြို့ပေါ်နေရာအများစုအား ထိန်းချုပ်ထားနိုင်ပြီး မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေး ဆက်လက် ကြိုးပမ်းနေကြောင်း KIA ဘက်က ပြောထားသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်