ဘုန်းကြီးကျောင်းနဲ့ KTV မှားတက်လာကြသူများ
အောက်တန်းစား အပြုအမူတွေနဲ့ သာသနာ့အရိပ်ခိုစားနေကြသူများ
ဘယ်လောက်ခင်တဲ့သူဖြစ်ဖြစ်ဒီလိုတော့မလုပ်သင့်ပါဘူး
တမင်များ ဖန်တီးနေကြသလားလို့တောင် တွေးမိလောက်အောင် အင်မတန်မှကို အထင်သေးစရာ၊ ရွံစရာကောင်းတဲ့ အပြုအမူတွေကို မြင်တွေ့နေရပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း ဒီလို TikTok ဗီဒီယိုမျိုးတွေ၊ ဒီလို အသက်အရွယ် ဝန်းကျင်တွေနဲ့ပဲ ပြဿနာတက်ခဲ့ဖူးတယ်။
အခုတော့ ကျောင်းတိုက်ထဲအထိ ဒီလို အောက်တန်းစား လုပ်ရပ်တွေကို ရဲရဲဝံ့ဝံ့ လုပ်လာကြတာဟာ…
ဒါမျိုးကို လုပ်နေကြမို့လား?
လုပ်ခွင့် ရနေကြလို့လား?
ဒါမှမဟုတ် လူတွေက မျက်စိယဉ်းပါးသွားလို့ အမှားကြာ အမှန်ဖြစ်နေတာလား?
ဝေဖန်ခံရပြီဆိုရင်လည်း “ဒုလ္လဘပါ၊ ဆွေမျိုးပါ၊ အစ်မပါ၊ အမေပါ” ဆိုတဲ့ ခပ်ပေါပေါ ဆင်ခြေတွေပေး၊ ဘာသာဝင်တွေကလည်း အလွယ်တကူ လက်ခံပေးလိုက်ကြတာနဲ့ပဲ ဒီသံသရာက လည်နေတော့တာပါပဲ။
လိုင်းပေါ်တင်ခံရရင် အကောင့်ခဏပိတ်၊ ကွန်မန့်ပိတ်ပြီး လူမေ့လောက်မှ ပြန်ထွက်လာကြတဲ့ သာသနာ့အရိပ်ခို အလဇ္ဇီတွေရဲ့ လုပ်ရပ်က တကယ်ကို စိတ်ပျက်စရာပါ။
ဒါတွေ ဘာကြောင့် ဖြစ်နေရတာလဲလို့ ပြန်တွေးကြည့်ရင်… အဓိကက “လူတွေ” ကြောင့်ပါပဲ။
သီလ၊ သမာဓိ၊ ပညာ နည်းမရှိ၊ ဝိနည်းဥပဒေ သိက္ခာပုဒ်တွေကိုမှ မလေးစားတဲ့သူတွေကို ကျွန်မတို့က ဘာအတွက်ကြောင့် ထောက်ပံ့ လှူဒါန်းနေကြဦးမှာလဲ?
ရဟန်းရဲ့ အသက်ဟာ သီလပါ။
အာဏာစက်၊ ဓမ္မစက်နဲ့ ထိထိမိမိ အရေးမယူနိုင်သရွေ့တော့ ဒီလို အစုပ်အပြတ်တွေက ဇောင်းကြွနေဦးမှာပါပဲ။
တကယ်တော့ ဒီကျောင်း၊ ဒီဘုန်းကြီး၊ ဒီမိန်းမတွေကို သိတဲ့ လူ့အသိုင်းအဝိုင်းကသာ ဝိုင်းဝန်း ကျဉ်ဖယ် ရှောင်ရှားလိုက်ကြရင် အတော်လေး ထိရောက်မှာ ဖြစ်ပေမဲ့ ကျွန်မတို့ ဘာသာဝင်တွေက မလုပ်နိုင်ကြသေးဘူး။
ဒါကြောင့်…
“လုပ်ရဲလာသူတွေကို အပြစ်မဆိုသာ၊ မလုပ်နိုင်ကြသေးသူတွေရဲ့ အညံ့သာ” လို့ပဲ ပြောရတော့မယ်။
ဒီအတိုင်းပဲ ထိုင်ကြည့်နေကြဦးမှာလား?
သင်ရော ဒါမျိုးကို လက်သင့်ခံနိုင်ရဲ့လား…
တကယ်ပဲ ဖြစ်သင့်ရဲ့လားဆိုတာ တွေးကြည့်ပြီးပြောခဲ့ကြပါဦး။


Leave a Reply