အနုပညာရှင်တွေ စစ်မှုထမ်းရင် စစ်မှုထမ်းဖို့ ပြောတဲ့လူတွေက အနုပညာအလုပ်တွေ လုပ်နိုင်လားလို့ ပြည်သူ့ပါတီဥက္ကဋ္ဌကြီးကို ပြန်ပြီး မေးခွန်းထုတ်လိုက်တဲ့ ခြူးလေး 🥰

အနုပညာရှင်များအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်:သင့်ကြောင်း ပြောဆိုခဲ့တဲ့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကို စစ်တပ်အသိုင်းအဝိုင်းနှင့် ရင်းနှီးသူ သရုပ်ဆောင် ခြူးလေးက…

“အနုပညာရှင်တွေ စစ်မှုထမ်းရင်၊ စစ်မှုထမ်းဖို့ ပြောတဲ့လူတွေက အနုပညာအလုပ်တွေ လာလုပ်နိုင်မှာလား

“လူတွေက အနုပညာရှင်တွေကို စစ်ထဲသွားဖို့ချည်းပဲ ဝိုင်းပြီး တို-က်တွန်:နေကြတယ်။ နည်းနည်းပါးပါး ကိုယ်ချင်းစာ စဉ်းစားကြည့်ကြလေ။

တကယ်လို့ ကျွန်မတို့တွေသာ ရှေ့တန်းသွားရပြီဆိုရင်၊ စ-စ်မှုထမ်:ဖို့ ပြောနေတဲ့ သူတွေက ကျွန်မတို့နေရာမှာ အစားဝင်ပြီး အနုပညာအလုပ်တွေ လာလုပ်နိုင်မှာမို့လို့လား။” ဆိုကြီး မေးခွန်းထုတ်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ခြူးလေးက အနုပညာရှင်ဆိုသည်မှာ နိုင်ငံတစ်ခုအတွက် အလွန်အရေးပါကြသူများဖြစ်၍ တန်းတစ်ခုရှိနေကြောင်း၊

နေရာတကာ သာမန်အရပ်သားပြည်သူများအတွက် ချမှတ်ထားသော စည်းမျဥ်းစည်းကမ်းတွေအတွင်း ဆွဲမထည့်သင့်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *