လျှပ်စစ်ရုံးထဲကို မြွေဟောက် ဖမ်းပြီး လွှတ်ပေးလိုက်တဲ့ အမျိုးသား

မီးခဏခဏပျက်လွန်းလို့ စိတ်တိုပြီး လျှပ်စစ်ရုံးထဲကို မြွေဟောက် ဖမ်းပြီး လွှတ်ပေးလိုက်တဲ့ အမျိုးသား

မီးခဏခဏပျက်တာကို စိတ်မရှည်တော့တဲ့ အိန္ဒိယနိုင်ငံက အမျိုးသားတစ်ယောက်ဟာ လျှပ်စစ်ရုံးကို တိုင်တန်းဖို့သွားရာမှာ လက်ချည်းသက်သက် မသွားဘဲ အဆိပ်ပြင်းတဲ့ *”မြွေဟောက်”* တစ်ကောင်ကိုပါ တစ်ပါတည်း အဖော်ခေါ်သွားခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ၊ ဥတာပရာဒေ့ရှ်ပြည်နယ်က လယ်သမားတစ်ဦးဟာ သူ့ရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် လျှပ်စစ်မီး လုံလုံလောက်လောက်မရတာ၊ မီးခဏခဏပျက်တာတွေကြောင့် အကြိမ်ကြိမ် တိုင်ကြားခဲ့ဖူးပါတယ်။

ဒါပေမယ့် တာဝန်ရှိသူတွေဘက်က ထိရောက်တဲ့ အရေးယူဆောင်ရွက်မှု မရှိတာကြောင့် နောက်ဆုံးမှာတော့ စိတ်ပေါက်ကွဲပြီး မြွေဟောက်တစ်ကောင်ကို အိတ်ထဲထည့်ကာ လျှပ်စစ်ရုံးထဲ လွှတ်လိုက်တာပဲ ဖြစ်ပါတယ်။

ရုံးခန်းအတွင်း မြွေဟောက် ရောက်လာတာကို မြင်လိုက်ရတဲ့ ဝန်ထမ်းတွေဟာ အလုပ်ကိစ္စတွေကို ဘေးချိတ်ပြီး အသက်လုကာ ထွက်ပြေးခဲ့ကြရပါတယ်။

အဆိုပါ အမျိုးသားကတော့ ဒါဟာ သူ့ရဲ့ ဒေါသကို ပြသတာဖြစ်ပြီး “အလုပ်မလုပ်ရင် ဒီလိုပဲ ကြုံရမယ်” ဆိုတဲ့ သဘောမျိုး တုံ့ပြန်ခဲ့ကြောင်း သိရပါတယ်။

ကံကောင်းထောက်မစွာနဲ့ ဒီဖြစ်ရပ်မှာ မြွေကိုက်ခံရသူတော့ မရှိခဲ့ပါဘူး။


Comments

Leave a Reply

Your email address will not be published. Required fields are marked *