မျက်စိနဲ့ သွား ဝေဒနာရှင်များအတွက် သတင်းကောင်း

မင်္ဂလာဒုံမှာ အပတ်စဉ် တနင်္ဂနွေတိုင်း အခမဲ့ ကုသပေးနေပြီ!(ခွဲစိတ်မှုတွေအထိတဲ့)

မျက်စိဝေဒနာနဲ့ သွားဝေဒနာ ခံစားနေရပေမဲ့ ဆေးကုသစရိတ် အခက်အခဲရှိနေသူများအတွက် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ တိပိဋက ပုလဲရောင်ရှိန် ကျောင်းတိုက်ကြီးမှာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း အခမဲ့ (Free) ကုသပေးနေပါတယ်။

ခွဲစိတ်ကုသမှု ပါဝင်သလား?

ဟုတ်ကဲ့၊ ပါဝင်ပါတယ်ခင်ဗျာ။ လူနာသစ်တွေကို ကျွမ်းကျင်ဆရာဝန်ကြီးများက စနစ်တကျ စစ်ဆေးပေးပြီး လိုအပ်တဲ့ လူနာတွေကို မျက်စိခွဲစိတ်ကုသမှု ပြုလုပ်ပေးဖို့ ရက်ချိန်းများပါ တစ်ခါတည်း ချပေးနေတာ ဖြစ်ပါတယ်။

ကုသပေးနေသည့် ဝန်ဆောင်မှုများ:

မျက်စိဌာန: အမြင်အာရုံစစ်ဆေးခြင်း၊ ရေချိန်တိုင်းခြင်းနှင့် ခွဲစိတ်ကုသပေးခြင်း။

သွားဌာန: သွားနှုတ်ခြင်း၊ ဖာခြင်း၊ အကြောထုတ်ခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ခြင်း။ (မှတ်ချက် – အံကပ်နှင့် သွားစိုက်ခြင်း မပါဝင်ပါ)။

လူမျိုး၊ ဘာသာ၊ ဆင်းရဲချမ်းသာ မရွေးဘဲ မည်သူမဆို လာရောက်ကုသနိုင်တာကြောင့် နီးစပ်ရာ ဝေဒနာရှင်များ သိရှိသွားအောင် ဝိုင်းဝန်း Share ပေးခြင်းဖြင့် ကုသိုလ်ယူကြပါဦး။

သွားရောက်ရမည့် လိပ်စာ:

📍 တိပိဋက ပုလဲရောင်ရှိန် ကျောင်းတိုက်၊ ရခိုင်ကျောင်းလမ်းမ၊ ပုလဲမြို့သစ်၊ မင်္ဂလာဒုံမြို့နယ်။

🚌 (YBS 35, 92, 97, 116 – ရခိုင်ကျောင်းမှတ်ိုင်တွင် ဆင်းရန်)


Comments

Leave a Reply

Your email address will not be published. Required fields are marked *