🤔မိန်းကလေး တစ်ယောက်ရဲ့ အိမ်ထောင်ရေးကံက အလွန်ပြောဖို့ ခက်တယ် ဆိုတာ အမှန်ပဲနော် 🤔👇

ဒီ မင်းသမီးလေး မေမီကျော်ကျော်ဆိုရင် စကားပြောတာလေးကအစ အလွန်အေးဆေး တည်ငြိမ်ပီး တည်တည်ငြိမ်ငြိမ်လေးနဲ့ တော်တော်လေး အထက်တန်းကျကျ နေထိုင်တတ်တဲ့ မင်းသမီးလေး

အိမ်ထောင်ကျ သွားတော့လဲ သူမ အမျိုးသားက နယ်နယ် ရရ မဟုတ် အမေရိကန် စစ်တပ်မှာတောင် ရာထူးကြီးကြီးနဲ့ တာဝန် ထမ်းဆောင်နေတဲ့ သူ

လစာဆိုလဲ ဒေါ်လာ သိန်းချီရတော့ ဒီ မင်းသမီးလေးရဲ့ အိမ်ထောင်ကျ ကံကောင်းမှုလေးက အများအတွက် မမျှော်မှန်း နိုင်အောင် အားကျစရာ ဖြစ်ခဲ့တာ

ဒါပေမယ့် သူမရဲ့ အိမ်ထောင်ရေး ကွာရှင်းခြင်းနဲ့ ပီးဆုံးခဲ့ရပီလို့ သိခဲ့ရတယ်

ဒီလို ကွာရှင်းခဲ့ရတဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး မင်းသမီး မေမီကျော်ကျော်ပြောပြလာတာလေး တော်တော်ကို ပညာသားပါတာနော်

” အိမ်ထောင်တစ်ခုမှာ ဖောက်ပြန်တာ တစ်ခုထဲကပဲ ကွာရှင်းစေတာ မဟုတ်ပါဘူးတဲ့

ကိုယ့် အပေါ် လေးစားမှုမရှိဘူး ကိုယ့် မိသားစု အပေါ် လေးစားမှု မရှိဘူး

ကိုယ့်ကိုဆိုရင် ငါ လုပ်လို့ရတာပဲ ငါဆက်ဆံချင်သလို ဆက်ဆံလို့ရတာပဲဆိုတဲ့ တစ်ဖက်စောင်းနင်းဆန်တဲ့ ဆက်ဆံရေးတွေကြာလာတော့ မခံနိုင်တော့ပါဘူးတဲ့

နာကျင်ရတာတွေ များလာတော့ လူသား တစ်ယောက်ဖြစ်တဲ့ အတွက် ဘယ်ထိ သည်းခံနိုင်မှာလဲတဲ့

လူတစ်ယောက်စီက အလျော့ပေးခံရတယ် ဆိုတာ ဘာမှန်း မသိလောက်အောင်ကို သူမ ဖြစ်ခဲ့ရတယ်လို့ ပြောပြလာတယ်

ကိုယ့်ကိုကိုယ် ချစ်တတ်ဖို့ မေ့နေခဲ့ပီး သူများအတွက်ပဲ သူများရဲ့ ဆန္ဒကိုပဲ လိုက်လျောပေးခဲ့ရလို့ အခုချိန်မှ ကိုယ့်ကိုကိုယ် ချစ်တတ်ဖို့ ပြန်ကြိုးစားနေရတာပါတဲ့ 🤗

အိမ်ထောင်ရေး တစ်ခုမှာ ကိုယ့်ထက် အများကြီး သာလွန်တဲ့ ယောကျာ်းမျိုးကို ရတာနဲ့ အဲ့ အိမ်ထောင်ရေးက ကံကောင်းခြင်းတွေနဲ့ ပြည့်စုံသွားပီလို့ မမှတ်လိုက်ကြနဲ့နော်

ကိုယ့် အပေါ် တကယ် စေတနာရှိ တကယ် လေးစားမှုရှိ တကယ် ကြင်နာမှု ပေးနိုင်တဲ့ အမျိုးသားလဲ ဖြစ်ဦးမှ

ကိုယ့်အပေါ် လေးစားမှုတောင် မရှိတဲ့ အမျိုးသား တစ်ယောက်က ကိုယ့်အတွက် ခင်ပွန်းကောင်း တစ်ယောက် ဘယ်လို ဖြစ်လာနိုင်တော့မှာလဲနော်

အိမ်ထောင်ရေးတစ်ခုကို ဖောက်ပြန်မှု တစ်ခုထဲကပဲ ပြိုကွဲစေတာ မဟုတ်တာ သင်ခန်းစာပါပဲ 🤔🤔


Leave a Reply

Your email address will not be published. Required fields are marked *