ဆိုင်ကယ်နှင့် ကား မျက်နှာချင်းဆိုင်တိုက်မှုမှာ တမင်ရည်ရွယ်ချက်ရှိရှိ တိုက်သတ်ခဲ့

ပြီးခဲ့တဲ့ရက်ပိုင်းက သထုံမြို့နယ်မှာဖြစ်ပွားခဲ့တဲ့ အမျိုးသမီးငယ် သုံးဦးစီးနင်းလာသော ဆိုင်ကယ်နှင့် ကား မျက်နှာချင်းဆိုင်တိုက်မှုမှာ တမင်ရည်ရွယ်ချက်ရှိရှိ တိုက်သတ်ခဲ့တာဟု ဖော်ပြလာပါတယ်။👇

မတော်တဆ လူသေစေမှုနဲ့ ရည်ရွယ်ချက်ရှိရှိ လူသတ်မှု မတူညီပါဘူး။ ဒါဟာရှင်းလင်းသော ရည်ရွယ်ချက်ရှိသည့် လူသတ်မှုဖြစ်ပါတယ်။

တရားခံသည် တာယာစက်ရုံနဲ့ EPC ဝင်းတွင် ကျင်လည်သူဖြစ်သည်အလျှောက် သေဆုံးသူ ၃ ဦးအနက်မှ ၁ ဦးကို သမီးရည်းစားစကားပြောပြီး အငြင်းခံထားရခြင်းဖြစ်ပါတယ်။

ဒီနေရာမှာ ကောင်မလေးအမည်တော့ မဖော်ပြလိုပါဘူး။

တရားခံဟာ အခင်းမဖြစ်မီအချိန်က အဆိုပါမိန်းကလေးနေအိမ်အား သူငယ်ချင်းဖြစ်သူများထံံသို့မေးမြန်းခြင်း၊ တာယာစက်ရုံဝင်းအတွင်း မူးမူးရူးရူး ကားပတ်မောင်းနေခြင်း စသည့် မူမမှန်သည့် အပြုအမူများကို လုပ်ဆောင်ခဲ့ကြောင်း စက်ရုံနေ ပြည်သူများထံမှ တိကျသောသတင်းများ ရရှိပါတယ်။

နီးစပ်သူများ မျက်မြင်ကူညီခဲ့ကြများနှင့် ဖြစ်စဥ်မြင်သော လမ်းသွားလမ်းလာပြောကြားချက်များအရ တရားခံမောင်းနှင်လာသောကားသည် အခြားကားကိုကျော်တက်ပြီး မောင်းနှင်လာတာမရှိဘဲ ဆိုင်ကယ်ရှိရာသို့ ဦးတည်မောင်းနှင်လာခြင်းဖြစ်ပါတယ်။

ကားမူမမှန်တာမြင်သော ဆိုင်ကယ်မောင်းသူက ဆိုင်ကယ်ကိုဘေးချပြီးရပ်ပေးခဲ့ပေမယ့် ရည်ရွယ်ချက်တခုကြောင့် တမင် အရှိန်ပြင်းစွာ ဝင်တိုက်ခဲ့ခြင်းဖြစ်ပါတယ်။

ဒေါ်လှသန်းရွှေ တရားခံ၏မိခင်ဖြစ်သူက လူကြီးတွေနဲ့ပေါင်းပြီး နာရေးမြေမချခင်မှာ အိမ်တအိမ် သိန်း ၁၀၀ ကျပ်ဖြင့် လာရောက်ညှိနှိုင်းခဲ့ပါသည်။

ညှိနှိုင်းရာမှာလည်း ရှေ့ ၂ အိမ်က ညှိနှိုင်းမှုကိုလက်ခံကြောင်း​ လက်ရှိနာရေးအိမ်ကိုပြောပါတယ်။

၃ အိမ်စလုံးကို အလားတူစကားပြောခဲ့တာပါ။

နာရေးရှင်ဘက်ကလည်း ၂ အိမ်ကပြေလည်ပြီး တအိမ်တည်းပြဿနာမဖြစ်လိုတာကတကြောင်း၊ သောကပင်လယ်ဝေပြီး ထူပူနေတာကတကြောင်း အရမ်းမစဥ်းစားတော့ဘဲ လူကြီးတွေရှေ့ လက်မှတ်ထိုးပေးခဲ့ရပါတယ်။

ဒေါ်လှသန်းရွှေ ခင်ဗျားသား အရက်သမားဆေးသမားကို ခင်ဗျားချစ်သလို နစ်နာသူမိဘတွေကလည်း အသက်ငယ်ငယ် အဖိုးတန် သမီးလေးတွေကို ဘယ်လောက်ချစ်မလဲ ကိုယ်ချင်းစာဖို့လိုပါတယ်။

သိန်း ၁၀၀ ရာ သူတို့သူငယ်ချင်းတွေ မုန့်ဖိုးပေါင်းထည့်ရင်တောင် ပြည့်တဲ့ပမာဏဖြစ်ပါတယ်။

ဒီကလေးလေးတွေ အသက်ကြီးလာရင် သိန်း ၁၀၀ မက ရှာပြီး မိဘကိုလုပ်ကျွေးနိုင်တာကိုလည်း ဒေါ်လှသန်းရွှေအနေနဲ့ မေ့မနေစေချင်ပါဘူး။

ဒေါ်လှသန်းရွှေနဲ့ လူကြီးတွေပေါင်းပြီးချုပ်တဲ့စာချုပ်ဟာ တဖက်သက်ဆန်ဆန်ရေးသားထားပြီး နာရေးမြေမချခင် အပူတွေဝေနေချိန်မှာ လာချုပ်သောစာချုပ်ဖြစ်ပါတယ်။

ဒေါ်လှသန်းရွှေနဲ့တရားခံဘက်က နစ်နာသူတွေကျေနပ်လောက်တဲ့ထိ လျှော်ကြေးခံစားခွင့်ကို ပေးအပ်ရမှာဖြစ်ပြီး တရားခံလည်း ထောင်ကျခံရမှာဖြစ်ပါတယ်။

တရားခံကိုလွတ်အောင်လုပ်မယ်ဆိုလည်း ထိုက်ထိုက်တန်တန်နဲ့ နစ်နာသူ ကျေနပ်လောက်တဲ့ ခံစားခွင့်တွေ ပေးသင့်ပါတယ်။

တရားခံနေလင်းစိုးဟာ နည်းပညာတက္ကသိုလ်ကို MP Major ဖြင့် တက်ရောက်ဖူးသူဖြစ်ပြီး လက်ရှိ ကညန မှာလုပ်ကိုင်နေသူဖြစ်ပါတယ်။

ဖခင်ဟာ အငြိမ်းစား EPC အရာရှိ ဦးကြည်စိုးဖြစ်ပြီး မိသားစုအင်အား အမျိုးအင်အားတောင့်တင်းသူဖြစ်ပါတယ်။

မိန်းမနဲ့ကလေးရှိတယ်လို့လည်း ကြားသိရပါတယ်။

လေးစားရတဲ့ရဲတပ်ဖွဲ့ တရားရေးအဖွဲ့နဲ့ မြို့အုပ်ချုပ်သူများခင်ဗျာ…

မိတ်ဆွေတို့ တခါလောက်တော့ လိပ်ပြာလုံလုံနဲ့ အမှုစီရင်ဖို့လိုအပ်ပါတယ်။

ဒီကိစ္စ ဘယ်သူမှားလဲ ဘယ်သူမှန်လဲ တနိုင်ငံလုံးလည်းသိတယ်။

မိတ်ဆွေတို့လည်းသိနေတာတောင် တရားခံကိုလွှတ်ပေးလိုက်ရင် မိတ်ဆွေတို့ တရားခံနဲ့ထပ်တူ လိပ်ပြာလုံမလား။

မိတ်ဆွေတို့ သားသမီးဆိုရင်ရော မိတ်ဆွေတို့ အခုလို သိန်း၁၀၀နဲ့ ကျေနပ်မှာလားလို့ မေးခွန်းထုတ်လိုပါတယ်။

သတင်းမတင်တာကြာတဲ့မိမိအနေဖြင့် ဒီကိစ္စကိုစဖြစ်တည်းက မတင်ပါဘူး။

သထုံနိုင်ငံရေးကိစ္စလည်းမဟုတ်ရင် မတင်တာများပါတယ်။

ဒါကတော့ နိုင်ငံရေး စစ်ရေးနဲ့မဆိုင် အင်အားကြီးသူက အင်အားငယ်သူကို ဖိနှိပ်တာ လက်မခံလို့ တင်ပြခြင်းဖြစ်ပါတယ်။

မှတ်ချက်။ စာချုပ်ဟာ ပေးပို့သူရဲ့လုံခြုံရေးအရ AI အကူအညီဖြင့် နောက်ခံပြောင်းပြီး စာချုပ်ကို Plain Paper ပြောင်း၍ တင်ထားတာဖြစ်ပါတယ်။

စာချုပ်ပါအရေးအသားများကို ပြည်သူအဓိက သိစေရန်ချပြခြင်းဖြစ်ပါသည်။

အခင်းဖြစ်ပွားရာမှာ ကလေးငယ်များကို ကူညီကယ်ဆယ်ခဲ့ကြတဲ့ ပြည်သူများနဲ့ သထုံ ထောင်မှူးအခြေစိုက် မေတ္တာရိပ်အသင်း၊ မေတ္တာရှင်ရဲ့အစေခံအသင်းတို့အား အထူးကျေးဇူးတင်ရှိပါတယ်။

လာမန့်မဲ့လူတွေကလည်း သေဆုံးသူတွေထိခိုက်နစ်နာမဲ့ စကားလုံးတွေ ဥပမာ- ဦးထုတ်မဆောင်းဘူး၊ ၃ယောက်စီးတယ်ဆိုပြီး လာမမန့်ကြပါနဲ့။

သေဆုံးသူများကို လေးစားတတ်ဖို့ လူ့ယဥ်ကျေးမှုရှိရပါတယ်။ သေဆုံးသူတွေဟာ အသက် ၁၉ ၂၀ သာရှိသေးတဲ့ တက္ကသိုလ်ကျောင်းသူတွေပါ။

ကားရဲ့ပျက်ဆီးမှုအနေအထားနဲ့ ရင်ခွဲစစ်ဆေးချက်တွေအရ ဦးထုတ်ဆောင်းရင်လည်း အသက်ရှင်ဖို့အခွင့်အလမ်းမရှိပါဘူးခင်ဗျ။

ရည်ရွယ်ချက်နဲ့ အရှိန်ပြင်းပြင်း တိုက်တာပါ။

သထုံပြည်သူများမှလည်း နစ်နာသူ ကျောင်းသူ ၃ဦးကို ဝန်းရံပေးကြဖို့ မျှော်လင့်ပါတယ်။

အများထင်ကြသလို မတော်တဆမဟုတ်ဘဲ ရည်ရွယ်ချက်ရှိတဲ့ လူTetမှုဖြစ်ကြောင်း နောက်ဆုံးတင်ပြလိုပါတယ်။

မတရားမှုအတွက် အားလုံးသိရှိနိုင်စေရန်နှင့်နစ်နာသူများအတွက် တရားမျှတမှုရရှိနိုင်စေရ ဒီပိုစ့်ကို ဝိုင်းဝန်းရှယ်ပေးသွားကြပါလို့ မေတ္တာရပ်ခံပါတယ် ။

၁၃ မေ

ဗိုလ်ချုပ်နပိုလီယံ


Comments

Leave a Reply

Your email address will not be published. Required fields are marked *