ကလေးမိဘတွေ သတိထားသင့်တဲ့ သာမန်လို့ထင်ရပေမယ့် အန္တရာယ်ရှိတဲ့ ကစားစရာ

ကလေးမိဘတွေ သတိထားသင့်တဲ့ 🚨‼️

🚨 သာမန်လို့ထင်ရပေမဲ့ အန္တ_ရာယ်ရှိတဲ့ ကစားစရာတမျိုး ‼️

ဖြစ်စဉ် – မနေ့ညက သမီးလေးဟာ ပူဖောင်းမှုတ်တဲ့အရည် (Soap Bubbles) နဲ့ ဆော့ကစားခဲ့ပါတယ်။

ခဏကြာတော့ မျက်လုံးတွေယားလို့ အတင်းပွတ်ရာကနေ မျက်ကြည်လွှာ စုတ်ပြဲသွားတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ကလေးက မိဘကိုမပြောဘဲ သူ့ဘာသာ မျက်နှာသွားသစ်ပေမဲ့ မသက်သာဘဲ မျက်လုံးနဲ့ မျက်နှာတစ်ခုလုံး ဖောင်းကားလာခဲ့ပါတယ်။

လက္ခဏာ – ၁ မိနစ်၊ ၂ မိနစ်အတွင်းမှာတင် မျက်လုံးတွေ ညိုမည်းယောင်ကိုင်းလာလို့ မိဘတွေက မျက်စိကွယ်သွားပြီလားဆိုပြီး အရမ်းထိတ်လန့်သွားကာ ဆေးရုံကို အရေးပေါ် ပို့လိုက်ရပါတယ်။

ဆရာဝန်၏ မှတ်ချက် – ဒီလိုကစားစရာတွေမှာ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ ပါဝင်တတ်ပြီး ကလေးတွေနဲ့ ထိတွေ့မိတဲ့အခါ ပြင်းထန်တဲ့ ဓာတ်မတည့်မှု (Allergic Reaction) တွေ ဖြစ်ပွားနိုင်တယ်လို့ ဆိုပါတယ်။

သတိပေးချက် – အခုတော့ ကျောင်းရှေ့ကရောင်းတဲ့ ဒီလိုကစားစရာမျိုးတွေကို လုံးဝမဆော့ခိုင်းတော့ပါဘူး။

တခြားမိဘတွေအနေနဲ့လည်း ဓာတုပစ္စည်းပါတဲ့ ကစားစရာတွေကို ကလေးတွေမသိဘဲ ဆော့မိရာကနေ အန္တ_ရာယ်မဖြစ်အောင် အထူးဂရုစိုက်ကြဖို့ သတိပေးထား ပါတယ်။

အကြံပြုချက် – ကလေးတွေ ပူဖောင်းမှုတ်အရည်တွေနဲ့ ဆော့တဲ့အခါ မျက်လုံးထဲမဝင်အောင် ဂရုစိုက်ပေးပါ။

တကယ်လို့ ထိတွေ့မိပြီး ယားယံတာ၊ နီမြန်းတာ ဖြစ်လာရင် ချက်ချင်း ရေစင်စင်ဆေးပြီး ဆရာဝန်နဲ့ ပြသသင့်ပါတယ်ရှင့်✨✨


Comments

Leave a Reply

Your email address will not be published. Required fields are marked *