နိုင်ငံခြားသင်္ဘောပေါ်မှာ ဆုံးသွားတာ ၇ ရက်ပြည့်သွားပေမယ့် DB မမြင်ရသေးလို့ ရင်ထဲမချိဖြစ်နေတဲ့ ကိုသဲမောင်ရဲ့ ဇနီး 💔

ပြီးတဲ့ရက်ပိုင်းတုန်းက သင်္ဘောပေါ်မှာ မြန်မာသဘော်သားနှစ်ဦး အောက်စီဂျင် ပြတ်လပ်ပြီး ဆုံးသွားတဲ့ဖြစ်ရပ်ထဲက ကိုသဲမောင်ရဲ့ ဇနီးကတော့ သူမရဲ့ ခံစားချက်ကို လူမှုကွန်ယက်ကနေ ရင်ဖွင့်လာပါတယ်။

“၁၃.၅.၂၀၂၆ မယုံကြည်နိုင်သေးပေမယ့် မရောက်ချင်တဲ့ ၇ ရက်ပြည့်ရက်ကို ရောက်လာခဲ့ပြီပေါ့ ကိုရယ်။
အခုထိလည်း ရင်ထဲမှာ ဘလောင်ဆူပြီး ဘယ်လိုမှ ဖြေမဆယ်နိုင်သေးပါဘူး။

သမီးလေးက ငယ်သေးတော့ ဘာမှမသိနားမလည်ရှာပေမယ့် သားသားကတော့ ဖေဖေ မရှိတော့တာကို သိပြီး အရမ်းဝမ်းနည်းနေရှာတယ်။
သားသားကို ဘယ်လိုဖြေသိမ့်ပေးရမလဲ ကိုရယ်… ချစ်လည်း ရင်ကျိုးရပါတယ်။

ဒီနေ့မှာ ချစ်တို့ သားအမိတွေ ကိုယ့်အတွက် ရည်စူးပြီး ပြုသမျှ ကုသိုလ်အစုစုကို သာဓု သာဓု သာဓု ခေါ်ပေးပါဦးနော် ကို။
ချစ် အားတင်းပြီး သားနဲ့သမီးကို အကောင်းဆုံး ပြုစုပျိုးထောင်သွားပါ့မယ်လို့ ကတိပေးပါတယ်။

ဒီပုံလေးက ကိုနဲ့ချစ်တို့ရဲ့ နောက်ဆုံးအကြိမ် ဖြစ်သွားခဲ့တာလား
ကောင်းရာဘုံဘဝရောက်ပါစေ ကိုရယ်… 😢”
ဆိုပြီး ရင်ဖွင့်သွားတာဖြစ်ပါတယ်။ 💔
ဆက်စပ်သတင်း
အင်ဂျင်ခန်း အလုံပိတ်နေရာမှာ အောက်စီဂျင်ပြတ်လပ်ပြီး ဆုံးပါးခဲ့ရတဲ့ မြန်မာသင်္ဘောသား ၂ ဦး


Leave a Reply