“ငပျူ သုတ်သင်ရှင်းလင်းရေး”
မေလ ၁၄ ရက်နေ့ ဒီကနေ့ မနက် အစောပိုင်းက စပြီး ငပျူ သုတ်သင်ရေး စီမံချက်နဲ့ ငပျူစခန်း တချို့ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်နေတယ်။
(နေရာကတော့ တိုက်ပွဲ ဖြစ်နေဆဲမို့ ခဏ ချန်ထားပါမယ်)
စစ်တပ်က လေယာဉ်နဲ့တော့ ဗုံးလာကြဲပေမယ့် ဟန်ပြပါပဲ။
တော်လှန်ရေးတပ်နဲ့ ညှိပြီး ဗုံးကြဲနေသလား မှတ်ရတယ်။
တိုက်ပွဲမရှိတဲ့ နေရာကို ကြဲပြီး ပြန်သွား၊ လေယာဉ် ပြန်တာနဲ့ တော်လှန်ရေးတပ်က ဆက်ကြိတ်။
ငပျူတွေ အတုံးအရုံး ဖြစ်နေပြီ။
ကြားရတဲ့ အတွင်းသတင်းအရ အကြမ်းဖက် စစ်တပ်က ငပျူတွေကို စစ်မှုထမ်း မဟုတ်တဲ့ သန္ဓေစစ်သားအဖြစ် ခွေးတပ်ထဲကို ဝင်ဖို့ စီမံချက်နဲ့ ဆွဲခေါ်နေတယ်။
ခိုးဆိုးလုယက် ဓားပြတိုက် ဆက်ကြေးကောက်ဖို့လောက်ပဲ စိတ်သန်တဲ့ ငပျူတွေက သေလမ်းကို ဘယ်ရွေးမလဲ။
အဲ့မှာတင် အကြမ်းဖက်ကောင်တွေနဲ့ ငပျူတွေ ပြသနာဖြစ်ကြတယ်လို့ သိရတယ်။
အခုတော့ တော်လှန်ရေးဘက်က ငပျူတွေကို ဝင်သုတ်နေပြီ။ ခွေးတပ်ကလဲ မြေပြင်စစ်ကူ ပို့မပေးပဲ တုံဏှိဘာဝေ လုပ်နေတယ်။
ပွဲကတော့ အတော်ကြီးကို ကြည့်ကောင်းနေပြီ 😅
ဖိုးစီ


Leave a Reply