ဆိုင်ကလုန်းမိုခါ ၃ နှစ်ပြည့် အမှတ်တရ

သြစတြေးလျသံရုံးက ကယ်ဆယ်ထားသည့် အောက်ချင်းငှက်မိသားစုလေး တိုးပွားလာ

မြန်မာနိုင်ငံတစ်လွှားရှိ ပြည်သူများအပေါ် ဆိုးရွားစွာ သက်ရောက်မှုရှိခဲ့သည့် ဆိုင်ကလုန်းမိုခါ (Cyclone Mocha) တိုက်ခတ်ခဲ့သည်မှာ ယနေ့ဆိုလျှင် (၃) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း ကာလများတွင် သြစတြေးလျအစိုးရအနေဖြင့် ဘေးဒဏ်သင့်ဒေသများသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို အချိန်မီ ပေးအပ်ပံ့ပိုးခဲ့ပြီး

ယနေ့တိုင် ထိခိုက်ခံစားခဲ့ရသူများအားလုံးအတွက် မိမိတို့ စိတ်မကောင်းဖြစ်ရဆဲဖြစ်ကြောင်း ရန်ကုန်ရှိ သြစတြေးလျသံရုံးက သတင်းစကား ပါးထားသည်။

ထို့ပြင် ထူးခြားသည့် အမှတ်တရတစ်ခုအနေဖြင့် မုန်တိုင်းတိုက်ခတ်စဉ်အတွင်း သံရုံးဝန်ထမ်းများ၏ ခြံဝန်းထဲသို့ လာရောက်ခိုလှုံခဲ့သည့် အောက်ချင်းငှက်နှစ်ကောင်ကို ကယ်ဆယ်ခဲ့သည်မှာလည်း (၃) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

အဆိုပါ အောက်ချင်းငှက်ဇနီးမောင်နှံသည် ထိုအချိန်မှစ၍ သံရုံးဝန်းအတွင်း၌ပင် နေထိုင်လာခဲ့ကြပြီး

ယခုအခါတွင် မိသားစုဝင် အောက်ချင်းငှက်ကလေးတစ်ကောင်ပါ ထပ်မံတိုးပွားလာပြီဖြစ်ကြောင်း သိရသည်။

ယနေ့ကျရောက်သည့် ၃ နှစ်ပြည့် အမှတ်တရနေ့တွင် ဘေးဒဏ်သင့်ပြည်သူများကို ပြန်လည်သတိရခြင်းနှင့်အတူ သဘာဝဘေးအန္တရာယ်ကြားမှ လွတ်မြောက်လာသည့်

အောက်ချင်းငှက်မိသားစုလေး၏ သတင်းကောင်းကလည်း စိတ်မကောင်းစရာများကြားမှ ကြည်နူးစရာ မှတ်တမ်းတစ်ခု ဖြစ်နေပါသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *