ဒီစာကိုဆေးရုံကနေရေးတာပါ ပွဲဖြစ်ချင်လို့မဟုတ်ပါဘူး
ဆိုင်တွေ ဆင်ခြင်နိုင်အောင်ရေးတာပါ ။
နောက်တစ်ခုက လမ်းဘေး အစားအသောက်သန့်ရှင်းရေးကို သေချာကြီးကြပ်ပေးတဲ့
စည်းကမ်းတွေ နဲ့သေချာစနစ်တကျ စိစစ်ပေးတဲ့ သက်ဆိုင်ရာအဖွဲ့တွေပေါ်လာစေချင်ပါတယ် ။
ကျမ 7 ရက်နေ့ နေ့လည် 2 နာရီဝန်းကျင် က
(မန္တလေး) မိန်းထဲက လမ်းပေါ်မှာရောင်းတဲ့ Butterfly ဆိုတဲ့ဆိုင်က ကြက်ကင်တခြမ်းဝယ်ပါတယ် ။
တသောင်းကျော်ပေးရပါတယ် ။

ပူတာလေးထည့်ပေးနော်ဆိုပြီး ရှေ့မှာကင်ထားတာကို လက်ညှိုးထိုး သေချာပြောပေမယ့်
အနောက်မှာခွဲထားတဲ့ ထည့်ကနေပဲ ယူထည့်ပေးတာကိုလည်း မြင်လိုက်ပါတယ် ။
အဲ့ဒီမှာ ဒီတိုင်းချထားတဲ့ကြက်ကင်ကိုမြင်ပြီး သန့်ရှင်းမှုမရှိတာကိုလည်းတွေ့ပါတယ် ။
တခုခုနဲ့အုပ်မထားပါဘူး ။
စိတ်ထဲထင့်သွားပေမယ့် ယူပြီး အိုးဝေပေါ်ရောက်ရောက်ခြင်း ဖွင့်စားပါတယ်

အပြင်စာ သိပ်စားလေ့မရှိပေမယ့် အဲ့နေ့ကအလုပ်များလို့ဗိုက်အရမ်း ဆာနေ လို့ဝယ်စားတာပါ။
ကြက်ကင် ကရက်ကျန်ဖြစ်နေတာ မလတ်တော့ပါဘူး။
ပူလည်းမပူနေသလိုခြောက်ကပ်နေတာပါ ။
အထဲမှာ အရိုးနားမှာဆို သွေးစတွေပါ ရှိပါတယ် ။
ကိုယ်လည်း နည်းနည်းပဲစားပြီးတဝက်ကျော် ကိုလွှင့်ပစ်လိုက်ပါတယ်။

လုံးဝစားမကောင်းလို့ပါ။
အချဥ်ကိုမစားဖြစ်လိုက်ပါဘူး။
အဲ့နေ့ကတခြားအစားအစာဆိုလို့ မနက်စာကြက်ဥပဲ စားထားတာပါ။
အဲ့နေ့ကစပြီးဝမ်းလျောတာ 8 ရက်နေ့ မှာ မသက်သာလို့ဆေးရုံတက်လိုက်ရပါတယ် ။
ကိုယ်ရောင်းတဲ့ပစ္စည်းက ရက်ကျန်ရင်လည်း မရောင်းတော့ပဲပစ်တာမျိုး ကိုယ့်ဘာသာအိမ်မှာစားတာမျိုးလုပ်သင့်ပါတယ် ။
ပြီးတော့ ပစ်လိုက်ရင်တောင် တသောင်းကျော်ပဲကုန်မှာကိုစားသုံးသူကို ဒုက္ခပေးတာ အခန့်မသင့်ရင် အသတ်တောင်သေနိုင်တာပါ။

ဆေးရုံတက်တာ သိန်းဆယ်ချီပါတယ် မလွယ်ပါဘူး။
ဆိုင်နာမည်ထည့်ရေးထားပါတယ် ။
သေချာပေါက်မလတ်တာကိုငြင်းမှာအသေအချာပါပဲ။
ဒါပေမယ့် ရာသီကပူတဲ့အချိန်မှာ မလတ်တဲ့ပစ္စည်းကိုရောင်းတဲ့ဆိုင်ကို ဆင်ခြင်စေချင်လို့ ထည့်ရေးပါတယ် ။
မယုံရင် ဆေးမှတ်တမ်းတွေပါ တင်ပေးပါ့မယ် ။

ပွဲလည်းမဖြစ်ချင်ပါဘူး။
အခုထိဆေးရုံကမဆင်းရသေးပါဘူး။
Tay ပြီထင်တာ ဖြစ်လိုက်ရင်အရေးပေါ်ပဲ တန်းနေအောင်ရောက်တာ
မနက်သုံးနာရီ ဆေးရုံရောက်တော့နှုတ်ခမ်းတွေပါပြာနေပြီ
အန်တာကမရပ်ဖူး ဆက်တိုက် ခြေလက်တွေက မလှုပ်နိုင်တော့ဘူး တုန်တုန်ရီရီနဲ့

အကြောတွေက ကပ်နေလို့အကြော ပျောက်
သွေးကဖောက်မရ ဆရာဝန်တွေကပြာ ငါကနာလို့ငို
ဆေးရုံ တက်ရမယ်ဆိုတော့ ထပ်ငို
အနားမှာဘယ်သူမှမရှိ အိမ်မှာလာကူတဲ့အမတို့လင်မယား လာလို့
မသေတာ ကံကောင်း တစ်ယောက်တည်းအိမ်ထဲမှာခွေနေပြီ
ဆေးရုံ ရောက်တာမြန်လို့တော်သေး တယ်ပြောရမယ်

အူနံရံတွေရောင်နေပြီတဲ့
မနက်ခြောက်နာရီအမီဆေးလေးပုလင်းကုန်အောင်သွင်းရမယ်ဆိုလို့
ငါကလန့်ကလန့်သေး ငိုမဲ့မဲ့နဲ့ ငုပ်တုပ်ကြီးအိပ်လည်းမအိပ်ရဲဘူး။
Su Su Nway Naing


Leave a Reply