ဆောမြို့ဝင်ရောက်လာတဲ့ စစ်တပ်က ဒေသခံ ၂၀ ကျော် ဖမ်းဆီး
ဖမ်းဆီးခံရတဲ့လူငယ်တဦးကိုစစ်သားတွေကဝိုင်းနှိပ်စက်ခြိမ်းခြောက်ပြီးဗီဒီယိုဖိုင်ကိုလူမှုကွန်ယက်မှာတင်
မကွေးတိုင်း၊ ဆောမြို့ကို ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းက ဒေသခံ လူငယ်နဲ့ လူလတ်ပိုင်း ၂၀ ကျော်ကို မေလ ၁၄ရက်မှာ ဖမ်းဆီးခဲ့ကြောင်း ဒေသခံက ပြောပါတယ်။
လောင်းရှည်မြို့နယ်အခြေစိုက် ကပစ(၂၅)ကထွက်လာတဲ့ အင်အား ၃၅၀ ခန့်ပါ စစ်ကြောင်းဟာ မနေ့က မေလ ၁၄ရက်မှာ ဆောမြို့ကို ဝင်ရောက်ခဲ့ပြိးနောက် ဒေသခံတွေကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
“မနေ့ကတော့ ရွာသားတယောက် ဆောဘက်သွားတာ ဆိုင်ကယ်နဲ့သွားတာ။ စစ်ကြောင်းဝင်နေတာကို ပေပြီးသွားတဲ့ အတွက် လူငယ်လေးတယောက်အဖမ်းခံရတယ်။ ညတုန်းကတော့ လူ ၂၀လောက်ဖမ်းတယ်လို့ သတင်းရပါတယ်”လို့ ဒေသခံက ပြောပါတယ်။
မေ ၁၄ ရက်နေ့မှာ ဆောမြို့မှာ လူငယ်တဦးကိုဖမ်းဆီးပြီး စစ်သားတွေက ခြိမ်းခြောက် နှိပ်စက်နေတဲ့ ဗီဒီယိုဖိုင် တဖိုင်ကိုလည်း စစ်သား တဦးက တစ်တော့(Tiltok) မှာတင်ထားပါတယ်။
“ကျွန်တော်အဖွဲ့ထဲမှာ မပါဘူး ။ကျွန်တော့အမေးကငါးရောင်းစားနေတာလို့” လက်နောက်ပြန်ကြိုးတုပ်ရက်အဖမ်းခံရတဲ့လူငယ်က ငိုရင်းစစ်သားတွေကိုပြောတာကို မြင်တွေ့ရပါတယ်။
အဲဒီလူငယ်ကိုစစ်သားတွေက ကင်မရာကိုကြည့်ပြီးပြောဖို့ခြိမ်းခြောက်တာကိုကြားရသလို စစ်သားချင်း ဓါးယူခဲ့ဖို့ပြောတာကိုလည်းကြားရပါတယ်။ “ဟိတ်ကောင် မင်းတို့ကြုံခဲ့တဲ့ တပ်တွေမဟုတ်ဘူးနော် ” ဆိုပြီး လူငယ်ကို ပြောဆိုခြိမ်းခြောက်တာကိုတွေ့ရပါတယ် ။အဖမ်းခံရတဲ့ လူငယ်က သူဟာဘယ်မှ မပါကြောင်းအကြိမ်ကြိမ်ပြောရင်ငိုးနေတာကို မြင်ရပါတယ်။
စစ်သားတွေက လူငယ်ကို ” ငိုတာမျက်ရည်မကျဘူးမင်းအမေ … လား”လို့ဆဲဆိုပြီး ထိုးကြိတ်ကန်ကြောက်နေတာကို ဗီဒီယိုဖိုင်မှာမြင်တွေ့ရပါတယ်။
အဲဒီဗီဒီယိုဖိုင်တင်တဲ့စစ်သားကပဲ လူငယ်ကိုနှိပ်စက်တဲ့ဖိုင်တင်ပြီး နာရီအနည်းငယ်အကြာမှာစစ်သား ၅ ဦးက အရပ်သားလိုဝတ်ပြီး အရက်သေစာသောက်စားပြီး တစ်တော့ကစားတာကိုလည်းတွေ့ရပါတယ် ။
ဒါအပြင် အဲဒီစစ်သားရဲ့ တစ်တော့ကပဲ မေ ၁၅ ရက် နံနက်အစောမှာ စစ်ယူနီဖောင်းဝတ်လျက် သီချင်းအချို့နဲ့ တစ်တော့ဆော့ထားတာကိုတွေ့ရပါတယ် ။
ချင်း-မကွေးအစပ် ဒေသသတင်းတွေကို ဖော်ပြနေတဲ့ သတင်းရင်းမြစ်တစ်ဦးကလည်း မေ ၁၄ ရက်မှာဖမ်းဆီးခံရတာ လူငယ်၊ လူလတ်ပိုင်း ၂၅ဦးခန့်ရှိတယ်လို့ပြောပါတယ်။
မေ ၁၅ ရက်မနက်မှာ အချို့ကို ပြန်လွှတ်ပေးတယ်လို့ သိရကြောင်း လူမှုကွန်ရက်မှာ ရေးသားအသိပေးထားပါတယ်။
ဒါပေမယ့် ဖမ်းဆီးခံရတဲ့ လူငယ်အချို့ ပြန်လွတ်ခဲ့တယ်ဆို တဲ့သတင်းကို သီးခြားအတည်မပြုရသေးပါဘူး။
ဆောမြို့ကို ရောက်နေတဲ့ စစ်တပ်က အင်အား ၃၀ လောက်ဟာ အကြည်ကတင်းကျေးရွာဘက်ကို ရှေ့ပြေးအဖြစ်ထွက်လာတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
ဆော၊ ကျောက်ထုလမ်းပိုင်းအတွင်းရှိ ကျေးရွာနေ ပြည်သူတွေ အထူးဂရုစိုက်ဖို့ စစ်တပ်ရဲ့ စစ်ကြောင်း ၊ လေကြောင်းသတင်းတွေနားစွန့်ဖို့လည်း ဒေသခံတွေက အသိပေးထားပါတယ်။
စစ်တပ်ဟာ ချင်းတောင်ပိုင်းနဲ့ မကွေးအစပ်ဒေသရှိ ဆောမြို့နယ်ကို စစ်အင်အားတွေအလုံးအရင်းဖြည့်တင်းတာ လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။
ဆောမြို့ကို ဝင်လာတဲ့ စစ်တပ်ကို ဒေသခံ တော်လှန်ရေးတပ်တွေက ခုခံတိုက်ခိုက်ကြပေမယ့် လူအင်အားလက်နက်အင်အား မမျှတာတဲ့ အခြေအနေကြောင့် စစ်တပ်စစ်ကြောင်းတွေကို ဟန့်တားနိုင်ခြင်းမရှိခဲ့ဘူးလို့ ဒေသခံတော်လှန်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်ဟာ လေကြောင်း ပစ်ကူအပြင် နည်းပညာမြင့်ဒရုန်းနဲ့ ဂျန်ဘာတွေအသုံးပြု လာသလို စစ်အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတာလို့ ပြောပြပါတယ်။
မနေ့ ကပဲ ခွေးဆွဲ ခံရတယ်
ဒီနေ့ သတ်လိုက်ပါပီ
ဓားနဲ့ လှီးသတ် တာ
ကိုယ့်ဘက်က မေတ္တာရှင်ကြီးတွေ သိဖို့ပါပဲ
နောင်ဘဝ မြန်မာပြည်မှာ လူလာမဖြစ်ပါနဲ့ ညီလေးရေ
ကောင်းရာဘုံဘဝ ရောက်ပါစေ ညီ


Leave a Reply