အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဝင် အားလုံးဟာ ပေကျင်းမြို့ ကနေ ထွက်ခွာတဲ့အခါ Air Force One ပေါ်သို့ မတက် ရောက်ခင်မှာပဲ

တရုတ်အိမ်ရှင်တွေ ဘက်က သူတို့ကိုပေးခဲ့တဲ့ ပစ္စည်းမှန်သမျှကို စွန့်ပစ်ခဲ့ကြပါတယ်လို့ NewYork Post ရဲ့ သတင်းထောက်က ဆိုပါတယ်။
လက်ဆောင်ပစ္စည်းတွေ၊ ရင်ထိုးတံဆိပ်တွေ၊ ကတ်ပြားတွေနဲ့ အထိမ်းအမှတ်ပစ္စည်းတွေအားလုံးကို လေဆိပ်က အမှိုက်ပုံးထဲကိုပဲ စုပြုံထည့်ခဲ့ကြတာပါ။

တရုတ်နိုင်ငံကနေ ရလာတဲ့ ဘယ်ပစ္စည်းတစ်ခုကိုမှ လေယာဉ်ပေါ် ပေးမတင်ရဆိုတဲ့ ညွှန်ကြားချက်က အကြွင်းမဲ့ အတည်ဖြစ်ပါတယ်။
ဒီလို ကြိုတင်ကာကွယ်မှုတွေက ထွက်ခွာခါနီးအချိန်တင်မကဘဲ ခရီးစဉ်တစ်ခုလုံးမှာလည်း ရှိခဲ့တာပါ။

ကိုယ်စားလှယ်အဖွဲ့ဝင်တွေဟာ တရုတ်နိုင်ငံကို မလာခင်ကတည်းက သူတို့ရဲ့ ကိုယ်ပိုင် အီလက်ထရွန်နစ် ပစ္စည်းတွေ (ဖုန်း၊ လက်တော့ပ် စတာတွေ) အားလုံးကို အိမ်မှာပဲ ထားခဲ့ကြပြီး ခရီးစဉ်တစ်လျှောက်လုံးမှာ ဘာအချက်အလက်မှ မရှိသေးတဲ့ ဖုန်းအသစ်တွေကိုသာ သီးသန့် အသုံးပြုခဲ့ကြပါတယ်။
Zin Thaw Naing
ဒေါ် နယ်ထရမ့်က တရုတ်ခရီးစဥ်အပြီး လေယာဉ်ပေါ် မတက်မီ တရုတ်နိုင်ငံက ပေးအပ်တဲ့ လက်ဆောင်အားလုံး အမှိုက်ပုံးထဲ စွန့်ပစ်ခဲ့
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ရဲ့ ထိပ်သီးတွေ့ဆုံပွဲအပြီးမှာ Air Force One လေယာဉ်ပေါ် မတက်မီ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဟာ ဆိုက်ဘာလုံခြုံရေး စိုးရိမ်ချက်တွေကြောင့် တရုတ်နိုင်ငံက ပေးအပ်တဲ့ အမှတ်တရလက်ဆောင်အားလုံးကို လေယာဉ်ပေါ်မတက်ခင် အမှိုက်ပုံးထဲ စွန့်ပစ်ခဲ့တယ်လို့ နိုင်ငံတကာ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အပါအဝင် ကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်နိုင်ငံကနေ ပြန်လည်ထွက်ခွာဖို့ သမ္မတစီးနင်းမယ့် Air Force One လေယာဉ်လှေကားခြေရင်း အရောက်မှာပဲ တရုတ်အာဏာပိုင်တွေဆီက ရရှိခဲ့တဲ့ အမှတ်တရလက်ဆောင်တွေ၊ ခရီးစဉ်သုံး အသိအမှတ်ပြုကတ်တွေ၊ ရင်ထိုးတံဆိပ်တွေနဲ့ ဖုန်းတွေကို အမှိုက်ပုံးထဲ အကုန်အစင် စွန့်ပစ်ခဲ့ကြပါတယ်။
ယင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆိုက်ဘာလုံခြုံရေး ကျွမ်းကျင်သူတစ်ဦးက “ဒါဟာ ထောက်လှမ်းရေး တန်ပြန်ကာကွယ်ရေးအတွက် တင်းကျပ်တဲ့ လုပ်ထုံးလုပ်နည်းတစ်ခု ဖြစ်ပါတယ်။ လက်ဆောင်ပစ္စည်းတွေထဲမှာ တိတ်တဆိတ် ထည့်သွင်းထားနိုင်တဲ့ မိုက်ခရိုဖုန်းငယ်တွေ ဒါမှမဟုတ် ဂျီပီအက်စ် (GPS) ခြေရာခံစနစ်တွေကနေတစ်ဆင့် အစိုးရကွန်ရက်တွေဆီ ထိုးဖောက်ဝင်ရောက် သူလျှိုလုပ်မှာကို တားဆီးဖို့အတွက် အခုလို လွှင့်ပစ်ခဲ့တာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။
တရုတ်နိုင်ငံအတွင်း သွားရောက်ခဲ့တဲ့ ခရီးစဉ်တစ်ခုလုံးမှာလည်း အမေရိကန် သံတမန်အဖွဲ့ဟာ ၎င်းတို့ရဲ့ ပုံမှန်နည်းပညာသုံး ပစ္စည်းတွေကို လုံးဝအသုံးမပြုခဲ့ဘဲ ယာယီဆက်သွယ်ရေးအတွက်သာ သတ်မှတ်ထားတဲ့ တစ်ခါသုံး Burner ဖုန်းတွေကိုသာ သီးသန့်အသုံးပြုခဲ့ကြပါတယ်။
ဒါ့အပြင် အဖွဲ့ဝင်အားလုံးရဲ့ ကိုယ်ပိုင်ဖုန်းနဲ့ လက်ပ်တော့တွေကိုတော့ အပြင်ပကနေ မိုဘိုင်းလ်ဖုန်းလိုင်းနဲ့ ဝိုင်ဖိုင်စနစ်တွေကို အကြွင်းမဲ့ပိတ်ဆို့ ဖြတ်တောက်နိုင်တဲ့ အထူးသတ္တုအိတ်တွေဖြစ်တဲ့ Faraday Bags များအတွင်း ထည့်သွင်းပြီး သမ္မတလေယာဉ်ပေါ်မှာပဲ လုံခြုံစွာ သိမ်းဆည်းထားခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်ကိုယ်စားလှယ်အဖွဲ့ရဲ့ အခုလို လုပ်ဆောင်ချက်ဟာ ကမ္ဘာတစ်ဝန်းရှိ အစိုးရအဖွဲ့တွေရဲ့ ဆိုက်ဘာလုံခြုံရေး စီမံခန့်ခွဲမှုအတွက် ထင်ရှားတဲ့ စံနမူနာတစ်ခု ဖြစ်လာခဲ့ကြောင်း သုံးသပ်နေကြပါတယ်။


Leave a Reply