စစ်တွေမြို့ပြင်တွင် အာဏာသိမ်းစစ်တပ်နှင့်AA တို့အကြားနှစ်ဖက်တိုက်ပွဲဆက်ဖြစ်နေ

ရခိုင်ပြည် စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်နေရာတချို့တွင် မြန်မာအာဏာသိမ်းစစ်တပ်နှင့် အာရက္ခတပ်တော်(AA) တို့အကြား နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေကြောင်းသတင်းရရှိသည်။

ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ခုက “ တကျော့ပြန်တိုက်ပွဲကိုအခုမေလ ၁၃ ရက်နေ့က စပြီးပြန်လည်ဖြစ်နေတယ်။မနေ့ကအထိနှစ်ဖက်အပြန်အလှန် လက်နက်ကြီး၊လက်နက်ငယ်၊ဒရုန်းတွေနဲ့ပါ ပြန်လည် ပစ်ခတ်တိုက်မူတွေရှိနေတယ်။ အဓိက ပုဏ္ဏားကျွန်းနဲ့ စစ်တွေအစပ် နေရာတွေမှာ ဖြစ်နေကြတယ်။ ပစ်ခတ်သံတွေကအယင်ကထက်ပိုပြီးကြားနေရတယ်”ဟုပြောသည်။

AA Mm News.xyz 2026 03 07 135425

နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်နေသည့်နေရာအနီးဝန်းကျင်သို့စစ်တွေ အခြေစိုက် တပ်ရင်းများမှ လက်နက်ကြီးများဖြင့်ပစ်ကူပေးနေသည့်အပြင်ရှေ့တန်းအထိုင်းစခန်းနှင့်နေဗီတို့ကပါ ပစ်ကူပေးနေသည်ဟုသိရသည်။

AA 646758679 1291309289763341 5672870575272908313 N

“ မနေ့က တိုက်ပွဲနဲ့မသက်ဆိုင်တဲ့ ပုဏ္ဏားကျွန်းမြို့ပေါ်ရပ်ကွက်တွေကိုပါလေကြောင်းမှ ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာရှိတယ်။စစ်တပ်ဖက်က အင်အားဖြည့်ပြီး ကာကင်းစခန်းတွေကိုအင်အားတိုးချတယ် ပြီးတော့ စစ်ရေးလှုပ်ရှားတယ် AA ဖက်ကလည်း သူတို့လှုပ်ရှားနေတဲ့အပေါ် မူတည်ပြီး ပြန်လည်တိုက်ခိုက်နေတယ်”ဟုပြောဆိုသည်။

မြန်မာစစ်တပ်ဟာ လေကြောင်း၊ရေကြောင်းမှ မကြာသေးမည်ရက်ပိုင်းကရွှေမင်းဂံရေတပ်၊ ရဲရိုးပြင်၊တောကံ၊ ချောင်းနွယ်၊ ဇော်မတက်နှင့် ကာကင်းအသီးသီးကိုတပ်ဖွဲ့ဝင်စစ်သား အင်အားအများအပြား ဖြည့်တင်းထားပြီးနောက် ယခုလိုရပ်တန့်နေသော တိုက်ပွဲများထပ်မံဖြစ်ပွားလာသည်ဟုပြောသည်။

စစ်တွေမြို့ပြင် တိုက်ပွဲ ဖြစ်လာသဖြင့်အာဏာသိမ်း စစ်တပ်သည် စစ်တွေမြို့ နေရာအချို့တွင် လုံခြုံရေး နေ့ရောညပါ တိုးမြင့်နေရာယူထားပြီး ည ၈ နာရီလမ်းပေါ်တွင် တွေ့ရှိသူများကို လိုက်လံဖမ်းဆီးမူတွေလုပ်ဆောင်နေကြောင်း ​မြို့ခံများထံမှသိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *