ဟားခါးမြို့နယ်၊ ချွန်ကျုံးရွာတွင် ရောက်ရှိနေသော စစ်တပ် စစ်ကြောင်း စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး တပ်ရင်းမှူး အပါအဝင် စစ်သား ၁၁ ဦး သေဆုံး
အထိနာသော စစ်တပ်က ကျေးရွာအတွင်းရှိ နေအိမ် ၂၀ ကျော်ကို မီးရှို့ဖျက်ဆီး
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးရွာတွင် ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်း တိုက်ခိုက်ခံပြီး အထိနာ၍ နေအိမ်များကို ၂ ရက်ဆက် မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၂၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း ချင်းတော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
မေလ ၁၄ ရက်နေ့တွင် ဖလမ်းမြို့ဘက်မှ ဟားခါးမြို့ဘက်ကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်သည် ချွန်ကျုံးရွာကို ရောက်လာပြီး ချင်းတော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊
ထို စစ်ကြောင်းသည် တိုက်ပွဲအတွင်း အထိနာပြီး မေလ ၁၄ ရက်နေ့တွင် ချွန်ကျုံးရွာကို မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၉ လုံးပြာကျခဲ့ကြောင်း သိရသည်။
မေလ ၁၅ ရက်နေ့တွင် ထိုစစ်တပ် စစ်ကြောင်းကို ချင်းပြည်ကောင်စီ – CC နှင့် ပူးပေါင်းတပ်ဖွဲ့များက စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူးအဆင့်ရှိသူ တစ်ဦး အပါအဝင် ၁၁ ဦး သေဆုံးခဲ့ကြောင်း၊
တိုက်ခိုက်ခံရမှု အတွင်း အထိနာသော စစ်တပ်က ယမန်နေ့ ညပိုင်းတွင် ချွန်ကျုံးရွာကို ထပ်မံမီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၁၄ လုံး ထပ်မံပြာကျခဲ့ကြောင်းသိရှိရသည်။
အလားတူ ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းကို သွားရောက် အင်အားဖြည့်ရန် ဟားခါးမြို့အခြေစိုက် ခလရ ၂၆၆ တပ်ရင်းမှ ဗျူဟာမှူး ဦးဆာင်သော စစ်ကြောင်းသည်
မေလ ၁၅ ရက်နေ့တွင် မြို့ပေါ်မှ ထွက်လာစဉ် ၆ လမ်းဆုံ အနီး CDF Hakha တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ပြီး ဗျူဟာမှူး အပါအဝင် ၄ ဦးလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“ချွန်ကျုံးရွာကို ရောက်ရှိနေတဲ့ စစ်ခွေးတွေလည်း တိုက်ခိုက်ခံရတာတွေရှိတယ်။ အဲလို တိုက်ခိုက်ခံရလို့ စစ်ခွေးတွေ အထိနာပြီး အဲစစ်ခွေးစစ်ကြောင်းက ချွန်ကျုံးရွာကို ၂ ရက်ဆက် မီးရှို့လို့ နေအိမ် ၂၃ လုံးမီးလောင်ပြာကျသွားပြီ ပြည်သူတွေလည်း အကုန်လုံး တိမ်းရှောင်နေရတယ်” ဟု ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် ယင်း စစ်တပ်စစ်ကြောင်း ဖလမ်းမြို့မှ ထွက်လာလာစဉ် ပြီးခဲ့သည့်ရက်ပိုင်းက ချင်းတော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက လိုင်ကူး (Laikua) ဘုရားကုန်း ၊ တာဝါတိုင်၊ တလန်ဇာ (Tlangzar) နှင့် ရမ်သလို ကျေးရွာနေရာများ၌ ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
ဖလမ်းမြို့ကို သိမ်းပိုက်ခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မေလပိုင်းမှ စတင်၍ ဖလမ်း-ဟားခါးလမ်းပိုင်းကို စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး
လမ်းပိုင်းတောက်လျောက်ရှိ ကျေးရွာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ပြီးနောက် ချွန်ကျုံးရွာထိ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- ချင်းတောင်ဘက်သို့လာသည့် စစ်ယာဉ်တန်း။ (ပုံအဟောင်းကိုအသုံးပြုထားပါသည်။) Photo- ယောမန်
Video- ဖလမ်းပွဲမှာ ဗျင်းလာတဲ့ စနိုက်ပါ မမလေး ၂ ယောက်
မနေ့ ကပဲ ခွေးဆွဲ ခံရတယ်
ဒီနေ့ သတ်လိုက်ပါပီ
ဓားနဲ့ လှီးသတ် တာ
ကိုယ့်ဘက်က မေတ္တာရှင်ကြီးတွေ သိဖို့ပါပဲ
နောင်ဘဝ မြန်မာပြည်မှာ လူလာမဖြစ်ပါနဲ့ ညီလေးရေ
ကောင်းရာဘုံဘဝ ရောက်ပါစေ ညီ


Leave a Reply