ရန်ကုန်၌ အလုပ်လုပ်ကိုင်နေသည့် အသက်မပြည့်သေးသည့် မိန်းကလေးငယ်တစ်ဦးကို စက်ရုံအလုပ် လစာကောင်းကောင်းရမည်ဟု မြူဆွယ်လိမ်လည်ခေါ်ယူသွားပြီး လက်ရှိတွင် မူဆယ်မြို့ရှိ တိုက်ခန်းတစ်ခုအတွင်း အတင်းအဓမ္မ ပိတ်လှောင်ထားကြောင်း မိသားစုဝင်များထံမှ သိရသည်။
ယမန်နေ့ မေလ ၁၅ ရက်က ပျောက်ဆုံးနေသည့် မိန်းကလေးငယ်သည် အခန်းတစ်ခုအတွင်း ပိတ်လှောင်ခံထားရကြောင်း Viber မှတစ်ဆင့် မိသားစုထံ ဆက်သွယ်လာခဲ့ခြင်း ဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“မူဆယ်ကားကြီးဝင်းထဲမှာလို့ ပြောတယ်။ အဝတ်တစ်ထည် ကိုယ်တစ်ခုပဲ ရှိနေတာ။ သူ့ကို ခေါ်သွားတာက တရုတ်မယားပွဲစား မလီလီဆိုသူ ဖြစ်တယ်။ အခု တချို့က သမီးလေးကို ပြန်လိုချင်ရင် ငွေ ၇ သိန်းပေးရမယ်လို့ ဆက်သွယ်ပြောလာတာတွေ ရှိလို့ ဖုန်းတွေပိတ်ထားရတယ်။

အခုတော့ သမီးပျောက်ဆုံးသွားတဲ့ ထန်းတစ်ပင်ရဲစခန်းနဲ့ လူကုန်တား (လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့) မှာ အမှုဖွင့်ထားသလို၊ မူဆယ်လူကုန်တားကိုလည်း အကြောင်းကြားပြီး လိုက်ရှာနေပါပြီ” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။
ယင်းလိမ်လည်ခေါ်ဆောင်ခံရသူမှာ အသက် ၁၇ နှစ်အရွယ် မခင်သီတာစန်း ဖြစ်ပြီး ၎င်းသည် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ကျောက်တန်းကြီးကျေးရွာအုပ်စု၊ ပျံချီကျေးရွာတွင် နေထိုင်သူဖြစ်သည်။
၎င်းသည် ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေစဉ်အတွင်း မူဆယ်တွင် လစာပိုရမည့်အလုပ် ရှိသည်ဟုဆိုကာ ပွဲစားမလီလီက မြူဆွယ်ခဲ့သဖြင့် မိသားစုဝင်များမသိဘဲ ပြီးခဲ့သည့် မေလ ၅ ရက်က မူဆယ်မြို့သို့ လိုက်ပါသွားပြီးနောက် ပျောက်ဆုံးသွားခြင်း ဖြစ်သည်။
ယင်းလူပွဲစား မလီလီဆိုသူသည် ၎င်း၏ TikTok အကောင့်တွင်လည်း တရုတ်မယားအဖြစ် သွားရောက်လုပ်ကိုင်လိုသည့် အမျိုးသမီးများကို ပြောင်ပြောင်တင်းတင်း ရှာဖွေခေါ်ယူနေကြောင်း စုံစမ်းတွေ့ရှိရသည်။

မေကြီးတို့ လာခေါ်လို့ ရမှာမဟုတ်ဘူး…” ရန်ကုန်ကနေ မူဆယ်ကို လစာကောင်းအလုပ်အပြောင်းတွင် အခန်းပိတ်လှောင်ခံထားရသည့် ညီမငယ်လေးမှ ဗိုက်ဘာဖြင့် အရေးပေါ် ဖုန်းဆက်လာ
ရန်ကုန်အထည်ချုပ်စက်ရုံကနေ မူဆယ်မှာ လစာပိုရမယ်ဆိုပြီး သွားရောက်ရာမှ အစအနမကျန် အဆက်အသွယ် ပြတ်တောက်နေခဲ့တဲ့ ညီမငယ်လေးရဲ့ နောက်ဆုံးရ ထိတ်လန့်ဖွယ် ကွင်းဆက်သတင်း ထွက်ပေါ်လာပါတယ်။
တိတ်တဆိတ် ဆက်သွယ်လာတဲ့ ရင်ကွဲဖွယ် ဖုန်းတစ်ကော (Phone Call)
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ပျံချီကျေးရွာနေ မခင်သီတာစန်း ၏ မိခင်ဖြစ်သူထံသို့ ပြီးခဲ့သည့်ညက ထူးဆန်းသော ဖုန်းခေါ်ဆိုမှုတစ်ခု ဝင်ရောက်လာခဲ့ပါတယ်။ အဆိုပါ ဖုန်းမှာ တစ်ဖက်လူက ခဏသာ ပေးပြောခြင်းဖြစ်ပြီး ညီမငယ်လေးက ဗိုက်ဘာ (Viber) ကနေတစ်ဆင့် မိခင်ဖြစ်သူထံ ငိုယိုပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
“သမီးက မူဆယ်ကားကြီးကွင်းမှာ ရှိနေတယ်တဲ့။ ဗိုက်ဘာကနေ ဖုန်းခဏပဲ ပေးပြောတာ။ သူကတော့ အဆင်ပြေတယ်လို့ ပြောပေမယ့် ကလေးမျက်နှာက လုံးဝမကောင်းပါဘူး။ အခန်းထဲမှာ ပိတ်လှောင်ခံထားရတယ်။ မေကြီးတို့လည်း လာခေါ်လို့ ရမှာမဟုတ်ပါဘူးလို့ ပြောပါတယ်” ဟု ကြေကွဲဝမ်းနည်းနေသော မိခင်ဖြစ်သူက ပြောပြသည်။

အလုပ်အကိုင် အခွင့်အလမ်းပြပြီး သွေးဆောင်ခံရခြင်း
မခင်သီတာစန်းသည် ရန်ကုန်ရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် လုပ်ကိုင်နေသည်မှာ တစ်နှစ်ခန့် ရှိပြီဖြစ်ပြီး “မလီလီ” ဆိုသူ အမျိုးသမီးတစ်ဦးက မူဆယ်မြို့ရှိ စက်ရုံတွင် ရန်ကုန်ထက် လစာပိုကောင်းသည်ဟု ပြောဆိုသဖြင့် ယုံကြည်ကာ လိုက်ပါသွားရာမှ ယခုကဲ့သို့ အခြေအနေဆိုးနှင့် ကြုံတွေ့နေရခြင်း ဖြစ်သည်။
သက်ဆိုင်ရာ အာဏာပိုင်များနှင့် ရဲတပ်ဖွဲ့၏ တုံ့ပြန်ချက်
ဤဖြစ်စဉ်နှင့် ပတ်သက်၍ မူဆယ်မြို့ရှိ ရဲတပ်ဖွဲ့မှ ရဲမှူး မင်းနိုင် က အောက်ပါအတိုင်း ရှင်းလင်းပြောကြားထားပါတယ်-
“ကျွန်တော်တို့တော့ အကြောင်းကြားစာ ရထားပါတယ်။ မိသားစုဘက်က ရန်ကုန်မှာလည်း အမှုမဖွင့်ရသေးဘူး ထင်တယ်။ လောလောဆယ် ရှာဖွေဖို့လောက်ပဲ အကြောင်းကြားထားတာပါ။ လူကို အရင်ဆုံး ရှာဖွေတွေ့ရှိမှသာ သေချာစိစစ်ပြီး မတရားခေါ်ဆောင်ခံရတာ ဟုတ်/မဟုတ် ပေါ်ပေါက်ရင် ဥပဒေအရ အမှုဖွင့်ရမှာပါ။ သူ့အမေ ပြောပြချက်အရ ပိတ်လှောင်ခံထားရတယ်ဆိုတဲ့ ကားကြီးကွင်းအနီးတစ်ဝိုက်ကို ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေ သွားရောက်ရှာဖွေနေတုန်းပါ၊ လောလောဆယ်တော့ မတွေ့သေးပါဘူး” ဟု ပြောဆိုခဲ့သည်။

ရွှေ့ပြောင်းလုပ်သားများအတွက် အရေးကြီး အကြံပြုချက်
နယ်ဝေးသို့ ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်မည့်သူများအနေဖြင့် မိမိသွားရောက်လုပ်ကိုင်မည့် အလုပ်အကိုင်သည် တကယ်ရှိ/မရှိ၊ လုပ်ခလစာနှင့် အလုပ်သမားအခွင့်အရေး စသည်တို့ကို မသွားရောက်မီ သေချာလေ့လာစုံစမ်း မေးမြန်းပြီးမှသာ သွားရောက်သင့်ကြောင်း ရဲမှူး မင်းနိုင်က အထူးသတိပေး အကြံပြုထားပါတယ်။
မိခင်ဖြစ်သူမှာ သမီးလေးအတွက် သောကရောက်ပြီး အရူးတစ်ပိုင်း ဖြစ်နေရရှာလို့ ညီမငယ်လေးကို အမြန်ဆုံး ကယ်တင်နိုင်ဖို့ အားလုံးက ဝိုင်းဝန်း Share ပေးကြပါဦးခင်ဗျာ။
📞 တွေ့ရှိက ဆက်သွယ်ရန် မိခင်ဖုန်း: 09424070251
📞 အကူအညီတောင်းခံရန်အဖွဲ့ ဖုန်း: 09263859535


Leave a Reply