PDF ၉ ဦးကျဆုံးခဲ့တဲ့တိုက်ပွဲမှာ စစ်တပ်ကို ဦးဆောင်လမ်းပြတဲ့ အုပ်ချုပ်ရေးမှူးကို ကော့သောင်း ပကဖ အရှင်မိ
စစ်ဆေးစဉ် ရုန်းကန်ထွက်ပြေးသဖြင့် လိုက်လံပစ်ခတ်ဖမ်းဆီးစဉ် ကျည်ထိမှန်သေဆုံး
တနင်္သာရီဒေသ၊ ကော့သောင်းမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော် ၉ ဦးကျဆုံးခဲ့တဲ့ တိုက်ပွဲဖြစ်စဉ်မှာ ဦးဆောင်လမ်းပြခဲ့တဲ့ အကြမ်းဖက်စစ်တပ် လက်ပါးစေ အုပ်ချုပ်ရေးမှူးကို မြို့နယ် ပကဖ က မေ ၁၃ ရက်မှာ အရှင်ဖမ်းမိခဲ့ရာ ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ကော့သောင်း – နမ္မသွန်(ဒေသအခေါ် ပါကလပ်) လမ်းပိုင်းတနေရာမှာ နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် အေးမြသာယာရွာမှ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး စိုးထိုက် (၄၄)နှစ်ရဲ့ ကားကို သတင်းအရ တားဆီးစစ်ဆေးပြီး ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆေးစဉ် ကားပေါ်မှာ ပလပ်စတစ်ပုံးနဲ့ ထည့်လာတဲ့ တော်လှန်ရေးရဲဘော်တွေ ဝတ်ဆင်လေ့ရှိတဲ့ ယူနီဖောင်း ၁၀ စုံ၊ ဖိနပ် ၃ ရံ၊ ဘတ်တံဆိပ်မျိုးစုံ ၈ ခုနဲ့ ကျည်ကာ ၁ စုံတို့ကို တွေ့ရှိခဲ့ပြီး စကခ ၂၀ သို့ ပို့ဆောင်ပေးမှာဖြစ်ကြောင်း ဝန်ခံခဲ့တယ်လို့ ဖော်ပြထားပါတယ်။
သူ့ရဲ့ လက်ကိုင်ဖုန်းကို ဆက်လက်စစ်ဆေးရာ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးတပ်တွေရဲ့ သတင်းအချက်အလက်တွေ ပေးပို့တာ၊ လူ၊ လက်နက်၊ ရိက္ခာများ သယ်ယူပေးဖို့ ပြောဆိုထားတာတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ကြိမ်းမောင်းဆဲဆိုထားတာတွေ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အုပ်ချုပ်ရေးမှူး စိုးထိုက်ဟာ ၂၀၂၃ ခုနှစ်၊ မတ် ၄ ရက်မှာ ပြည်သူ့ကာကွယ်ရေးရဲဘော် ၉ ဦးကျဆုံးခဲ့တဲ့ ခမောက်ကြီးမြို့၊ ဝိုင်ဒင်းကျေးရွာတိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ကို ဦးဆောင်လမ်းပြပြီး တိုက်ပွဲဖော်ဆောင်ခဲ့ကြောင်း ထပ်မံဝန်ခံထွက်ဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီနောက် စစ်ဆေးနေစဉ်အတွင်း အိမ်သာသွားချင်တယ်လို့ ခွင့်တောင်းတဲ့အတွက် လက်တဖက်ကြိုးချည်ပြီး အစောင့်ရဲဘော်တဦးနဲ့အတူ စေလွှတ်ခဲ့ပြီးနောက် ရုန်းကန်ထွက်ပြေးတာကြောင့် လိုက်လံပစ်ခတ်ဖမ်းဆီးစဉ် ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။
ကော့သောင်းမြို့နယ်(ပကဖ)က အကြမ်းဖက်စစ်အုပ်စုရဲ့ ထောက်တိုင်အကြီးစားတစ်ဦးကို သက်သေခံပစ္စည်းတွေနဲ့အတူ အသေဖမ်းဆီး
ကော့သောင်းမြို့နယ်(ပကဖ)က အကြမ်းဖက်စစ်အုပ်စုရဲ့ အမာခံထောက်တိုင်အကြီးစားတစ်ဦးကို တော်လှန်ရေးရဲဘော်တွေ ဝတ်ဆင်တဲ့ ယူနီဖောင်း(၁၀)စုံ ဖိနပ်(၃)ရံ ဘက်တံဆိပ်မျိုးစုံ(၈)ခု၊ ကျည်ကာ(၁)စုံနဲ့အတူ အသေဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ကော့သောင်းမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်စဉ် မေလ(၁၃)ရက် နေ့လည်ပိုင်းအချိန်မှာ ကော့သောင်း – နမ္မသွန် လမ်းပိုင်းတစ်နေရာမှာ ကော့သောင်းဘက်သို့ ဦးတည်မောင်းနှင်လာတဲ့ အေးမြသာယာရွာမှ အကြမ်းဖက်အုပ်ချုပ်ရေးမှူး စိုးထိုက် အသက်(၄၄)နှစ်နဲ့ ကားကို သတင်းအရ တားဆီးစစ်ဆေးခဲ့တာပါ။
အဲဒီလူရဲ့ ကားပေါ်မှာ ပလပ်စတစ်ပုံးနဲ့ ထည့်ယူလာတဲ့ တော်လှန်ရေးရဲဘော်တွေ ဝတ်ဆင်လေ့ရှိတဲ့ ယူနီဖောင်း(၁၀)စုံ၊ ဖိနပ်(၃)ရံ၊ ဘက်တံဆိပ်မျိုးစုံ(၈)ခုနဲ့ ကျည်ကာ(၁)စုံကို စစ်ဆေးတွေ့ရှိခဲ့ပြီး ပစ္စည်းတွေကို စကခ(၂၀)သို့ သွားရောက်ပို့ဆောင်ပေးမှာဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် သူ့ရဲ့လက်ကိုင်ဖုန်းကို ဆက်လက်စစ်ဆေးရာ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သတင်းအချက်လက်တွေ ပေးပို့တာ၊ အကြမ်းဖက်စစ်တပ်ရဲ့ ရိက္ခာနဲ့ လူ/ လက်နက်တွေ သယ်ယူပို့ဆောင်ပေးဖို့အတွက် ပြောဆိုထားတဲ့ အချက်လက်တွေနဲ့ တော်လှန်ရေးအဖွဲ့တွေကို ကြိမ်းမောင်းဆဲဆိုထားတဲ့ အချက်လက်တွေကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစိုးထိုက်က ၂၀၂၃ ခုနှစ် မတ်လ (၄)ရက်နေ့က ပြည်သူ့ကာကွယ်ရေးရဲဘော်( ၉ )ဦးကျဆုံးခဲ့ရတဲ့ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ ဝိုင်ဒင်းကျေးရွာတိုက်ပွဲမှာ သူကိုယ်တိုင် ဦးဆောင်လမ်းပြကာ တိုက်ပွဲဖေါ်ဆောင်ခဲ့တာဖြစ်တယ်လို့ ထပ်မံဝန်ခံထွက်ဆိုခဲ့ပါသေးတယ်။
စစ်ဆေးနေစဉ်အတွင်း အပေါ့/အလေး(အိမ်သာ) သွားချင်တယ်လို့ ခွင့်တောင်းသဖြင့် လက်တစ်ဖက်ကို ကြိုးချည်ကာ အစောင့်ရဲဘော်တစ်ဦးနဲ့အတူ လွှတ်လိုက်ရာ ရုန်းကန်ထွက်ပြေးသဖြင့် လိုက်လံပစ်ခတ်ဖမ်းဆီးစဉ် ကျည်ထိမှန် သေဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိပစ္စည်းတွေကို သက်ဆိုင်ရာသို့တင်ပြပြီး ညွန်ကြားချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ကော့သောင်းမြို့နယ်(ပကဖ)က ထုတ်ပြန်ပါတယ်။
ဒါကြောင့် ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ အကြမ်ဖက်စစ်တပ်နဲ့ အပေါင်းပါတွေကို လုပ်ထုံးလုပ်နည်းအတိုင်း အရှိန်မြင့်ဆက်လက်လုပ်ဆောင်သွားမှာမို့ ဒေသခံပြည်သူတွေ အကြမ်းဖက်စစ်တပ်အနီးအနား သွားလာနေထိုင်တာတွေ မပြုလုပ်ကြဖို့နဲ့ စစ်ရေးသတိ၊ စစ်ရေးအသိ အမြဲရှိကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကော့သောင်းမြို့နယ် တာဝန်ခံလပြည့်က ထုတ်ပြန်သတိပေးထားပါတယ်။


Leave a Reply