စစ်မှုထမ်းဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတင်အောင်စန်းရဲ့ အမိန့်သစ်ကြောင့် လူငယ်တွေ ပိုမိုစိုးရိမ်
နေပြည်တော်မှာ မေလ ၁၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ အစည်းအဝေးမှာ စစ်မှုထမ်းရမယ့် အင်အားစာရင်း အမှန်ရရှိဖို့အတွက် လဝကနဲ့ ပေါင်းပြီး မှတ်ပုံတင်စာရင်းပြုစုဖို့ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ညွှန်ကြားလိုက်ပါတယ်။
စာရင်းပြုစုမှတ်ပုံတင်ထားသူတွေကို နောက်ပိုင်းမှာ အလှည့်ကျစနစ်နဲ့ မဖြစ်မနေ ဆင့်ခေါ်နိုင်ဖို့ ကြိုတင်စီမံထားရမယ်လို့ မှာကြားခဲ့ပါတယ်။
မြေပြင်အခြေအနေ: စစ်ကိုင်းမြို့ပေါ် ရပ်ကွက်တွေမှာတော့ ပြီးခဲ့တဲ့ ဧပြီလက အသက် ၁၀ နှစ်နဲ့ ၁၈ နှစ်ကြား ရှိသူတွေကို မှတ်ပုံတင်တွေ လိုက်လုပ်ပေးခဲ့ပြီး အခုအခါမှာတော့ စစ်မှုထမ်းရမယ့် စာရင်းတွေကို ရပ်ကွက်တွေထဲ လိုက်လံကပ်ထားနေပြီလို့ မြို့ခံတွေက ဆိုပါတယ်။
တပြိုင်တည်း ခေါ်ယူနေမှု: လက်ရှိမှာ စစ်တပ်ဟာ စစ်မှုထမ်း အပတ်စဉ် နှစ်ခုကို တပြိုင်တည်း ခေါ်ယူလေ့ကျင့်ပေးနေတယ်လို့ သိရပါတယ်။

ဒီသတင်းက စိုးရိမ်ဖို့ကောင်းတယ် ပြည်တွင်းထဲ လူငယ် လူလတ်တွေ မပေါ့သင့်သလို တော်လှန်ရေးအင်အားစုတွေအနေနဲ့ တခုခုတန်ပြန်ဖို့လိုပြီဖြစ်တယ်
လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (လဝက) နှင့် ပူးပေါင်းကာ စစ်မှုထမ်းရန် အကျုံးဝင်သည့် နိုင်ငံသားအားလုံးကို မှတ်ပုံတင်စာရင်းသွင်းရန်နှင့် အလှည့်ကျစနစ်ဖြင့် ဆင့်ခေါ်နိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း သိရတယ်လို့ သတင်းတခု တွေ့မိတယ်။
မပေါ့ဆသင့်ဘူး စစ်တပ်က လူသစ်ရဖို့အတွက်ဆို ဘာမဆိုလုပ်မယ့်သူတွေဆိုတာ မြင်နေတွေ့နေရလို့ ထွေထူးပြောဖို့မလိုတော့ဘူး။
တဆက်တည်းမှာပဲပြောရရင် Non-CDM တွေအပါအဝင် စစ်တပ်ရဲ့စစ်ယန္တရားတွေ အခြေခံအဆောက်အအုံတွေ ကိုယ်ကျိုးစီးပွားတွေကို စစ်ရေး pit mark အဖြစ် ပြောင်းလဲမှသာ တော်လှန်ရေးဟာ အလှည့်အပြောင်းဖြစ်နိုင်လိမ့်မယ်။
ရပ်ကွက် ကျေးရွာတွေထဲ စစ်အုပ်ချုပ်ရေးအတွက် အလုပ်လုပ်ပေးနေတဲ့ အုပ်ကြီး ရာအိမ်မှုး ဆယ်အိမ်မှုးတို့တောင် စစ်ရေး pit mark အဖြစ် shin လင်းကြသေးတာ စစ်အစိုးရယန္တရားကို အကြီးအကျယ် ထောက်ကန်ပေး လည်ပတ်ပေးနေတဲ့ Non-CDM တွေနဲ့ စစ်အစိုးရ အခြေခံအဆောက်အအုံတွေ ကိုယ်ကျိုးစီးပွားတွေက ဘာလို့ အခုချိန်ထိ စစ်ရေး pit mark မဖြစ်လာသေးတာ အတော်လေး နားလည်ရခက်မိတယ် ။
စစ်တပ်ဟာ စစ်ယန္တရားတွေ မလည်ပတ်နိုင်တော့ရင် ရေရှည်ရပ်တည်လို့ မရနိုင်ဘူးဆိုတာ သိနေကြပေမယ့် အခုချိန်ထိ အဲဒီယန္တရားတွေဟာ ဘာဖိအားမှ ကြီးကြီးမားမား သက်ရောက်နေတာ မတွေ့မိဘူး။
ရဲဘော်ချေ


Leave a Reply