တကောင်း၊ ထီးချိုင့်၊ အင်းတော်နဲ့ ကသာ မှာ စစ်အုပ်စုကို ဒရုန်းတွေနဲ့ တိုက်ခိုက်သုတ်သင် (ရုပ်သံ)

တကောင်း၊ ထီးချိုင့်၊ အင်းတော်နဲ့ ကသာ မှာ စစ်အုပ်စုကို ဒရုန်းတွေနဲ့ တိုက်ခိုက်သုတ်သင်

မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအစပ်ရှိ တကောင်း၊ ထီးချိုင့်၊ ကသာနဲ့ အင်းတော်ဒေသဘက် ရောက်လာတဲ့ အာဏာသိမ်း စစ်အုပ်စုကို FPV ဒရုန်းတွေနဲ့ တိုက်ခိုက်သုတ်သင်ခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG၊ ကာကွယ်ရေးဝန်ကြီးဌာန – MOD၊ ပြည်သူ့ ကာကွယ်ရေး တပ်မတော်- PDF၊ သတင်းနဲ့ ပြန်ကြာရေးက ထုတ်ပြန်ပါတယ်။

PDF က တစ်နှစ်ကျော်ကြာ တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ကို အာဏာသိမ်း စစ်အုပ်စုဟာ ပြီးခဲ့တဲ့ မတ်လအတွင်း ပြန်လည် ထိုးစစ်ဆင် သိမ်းယူနိုင်ခဲ့သလို တကောင်းနဲ့ ဆက်စပ်နေတဲ့ စစ်ကိုင်းတိုင်း ထီးချိုင့်၊ အင်းတော်နဲ့ ကသာမြို့တွေကို မတ်လနဲ့ ဧပြီလတွေအတွင်း စစ်အုပ်စုက ပြန်လည် သိမ်းယူထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။

တကောင်း၊ ထီးချိုင့်၊ အင်းတော်နဲ့ ကသာ စစ်ဆင်ရေး နယ်မြေတွေအတွင်း ကျူးကျော် ဝင်ရောက်လာတဲ့ စစ်အုပ်စုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တွေက မဟာမိတ်တွေနဲ့ လက်တွဲကာ ပြင်းပြင်းထန်ထန် တုံ့ပြန်တိုက်ခိုက်နေတယ်လို့ PDF သတင်းနဲ့ ပြန်ကြာရေးက ဖော်ပြပါတယ်။

အဲ့ဒီ မန္တလေးနဲ့ စစ်ကိုင်းတိုင်းအစပ် ဒေသတွေကို စစ်အုပ်စုက ထိုးစစ်ဆင်ရာမှာ ပြည်သူ့စစ်မှုထမ်းခေါ် ပေါ်တာဆွဲ စုဆောင်းထားတဲ့ လူသစ်တွေကို အသေခံ ရှေ့ကတက်ခိုင်းကာ အကာအကွယ်ပြု၊ စစ်မျက်နှာဖွင့်နေတာလို့ ဆိုပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်အုပ်စု အများအပြား သေဆုံးနေတယ်လို့လည်း PDF သတင်းနဲ့ ပြန်ကြာရေးက ဖော်ပြပါတယ်။

စစ်အုပ်စုက ပြည်သူကို ပစ်မှတ်ထားကာ လေကြောင်းဗုံးကြဲသတ်ဖြတ်တာကြောင့် အများပြည်သူ ထိခိုက်မှု လျော့နည်းစေရေး တော်လှန်ရေးတပ်တွေက ထိန်းချုပ်မြို့တွေကို စွန့်လွှတ်ကာ စစ်အုပ်စုကို ပြောက်ကျားနည်းနဲ့ ပြန်လည် တိုက်ခိုက်နေတယ်လို့လည်း PDF တပ်ရင်းမှူးတွေက ပြောပါတယ်။

PDF ကို အများပြည်သူ ယုံကြည်အားကိုးရတဲ့ ကျစ်လျစ်ခိုင်မာတဲ့ တပ်မတော်တစ်ရပ် ဖြစ်လာဖို့ မဆုတ်မနစ် ကြိုးပမ်းတည်ဆောက်နေတယ်လို့လည်း PDF သတင်းနဲ့ ပြန်ကြာရေးက ဖော်ပြပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *