မန္တလေးတိုင်း ပုဂံ ညောင်ဦး ဒေသဟာတော့ လျှို့ဝှက်ဆန်းကြယ် ဖြစ်ရပ်မှန် ဇာတ်လမ်းတို အပိုင်းအစ တွေ ရှိနေခဲ့တာ ကြာပါပြီ။တကယ့်မြေပြင်မှာလည်း ပြည် တွင်းခရီးသွားတွေ လက်ရှောင်ကြတဲ့ လမ်းပိုင်းတစ်ခု ဖြစ်လို့နေပါပြီ။ပုဂံ ညောင်ဦး ဒေသမှာ ပြန်ပေးဆွဲမှု တွေ စပြီး သတိထားမိတာက ရေနံ့သာဒင်္ဂါး ဆိုသူ ဖြစ်ပါတယ်။အဲဒီနောက်ပိုင်းကစလို့ လူသိများတဲ့ သူတစ်ချို့ ပျောက်သွားလိုက် ပြန်ပေါ်လာလိုက် မဟုတ်ပါဘူးဆိုပြီး ငြင်း လိုက် ဖြစ်လို့နေခဲ့ပါတယ်။
ချောက်မြို့ နယ် အတွင်းမှာလဲ ယခုလို မထင်မရှား ကုမ္မဏီဝန်ထမ်းတွေ ပြန်ပေးဆွဲခံရသယောင် ဖြစ်ခဲ့ပေမယ့် ဘယ်အဖွဲ့ကမှ လို့ ထုတ်မပြောရဲကြတဲ့ အချက်ဟာ တစ်ထပ်တည်းလိုလို တူညီနေတာကို တွေ့ရပါတယ် ။
တော်-လှ-န်ရေးတ-ပ်တွေ မဟုတ်ဘူးဆိုရင် ဘယ်အဖွဲ့ဖြစ်မလဲ ❓
အကြ-မ်းဖ-က်စ-စ်တ-ပ် တစ်ခု သာ ဖြစ်စရာ ရှိပါတယ် ။
သို့သော် တော်-လှ-န်ရေးတ-ပ်တွေ မဟုတ်ပါဘူးဆိုတဲ့ ထွက်ဆိုချက် ကို အကြ-မ်းဖ-က်စ-စ်တ-ပ် က အဘယ့်ကြောင့် လက်ခံနေပါသလဲ ❗
တော်- လှ-န်ရေးအဖွဲ့ မဟုတ်တဲ့ တကယ့် ပြန်ပေးဆွဲဂိုဏ်း ဖြစ်နေပါသလား ❓
နွေဦး နဲ့ အတူ ပေါ်ပေါက်လာတဲ့ လ-က်န-က်ကိုင်တော်-လှ-န်ရေး နဲ့ အတူ ဖြစ်ပေါ် လာတဲ့ ဘေးထွက်ဆိုးကျိုး ဖြစ်စဉ် တစ်ခု ဖြစ်ပြီး နှောင်းပိုင်းကာလတွေ မှာ အချိန်ယူဖြေရှင်းရမယ့် ကိစ္စရပ်ကြီး တစ်ခု ဖြစ်လို့နေပါတယ် ။ လ-က်န-က်ခဲ-ယ-မ်း ကိုင်ဆောင်ခွင့် စည်းမျဉ်းဥပဒေ သ-တ်သ-တ်မှတ်မှတ် အနည်းဆုံး အဆင့် မူအားဖြင့် ရှိရမှာပါ ။
ဆိုးရွားလှပါတယ် အကြ-မ်းဖ-က်စ-စ်တ-ပ်မှာတောင် ” အမိန့်မရဘဲ ကျ-ည် ထိုးခဲ့ရင် ” အရေးယူလို့ရတဲ့ ပုဒ်မ နဲ့ ပြ-စ်ဒ-ဏ် တွေ ရှိနေပါတယ် ။သာမန်ချိန် အရေးပေါ်ချိန် အရေးကြီးချိန် စသည်ဖြင့် ခွဲခြားထားရတာပါ ။ ချောက် ပုဂံ ညောင်ဦး လမ်း ၊ ကျောက်ပန်းတောင်း ညောင်ဦး လမ်း ၊ မြင်းခြံ လက်ပံခြေပေါ် ညောင်ဦး လမ်း ဆိုပြီး သုံးခု ရှိတဲ့ အနက် ဘယ်လမ်းပိုင်းတွေ ဖြစ်သလဲ ဆိုတာတော့ -သေ-ချာမသိရှိရပါဘူး ။
ယခု နောက်ဆုံး -မီး-ကင်ကြီးလို့ – ဒေါ်ခိုင်နှင်းဝေ ကောလဟာလ ထွက်ပေါ်ခဲ့တဲ့ ဖြစ်စဉ်မှာတော့ ပုပ္ပါးဘက်သို့ ကူးတဲ့ အခိုက်အတန့် ဆိုတော့ ကျောက်ပန်းတောင်း ညောင်ဦးလမ်းကြောင်း ဖြစ်နေတယ်လို့ တွက်ဆရပါတယ် ။ အဆိုပါလမ်းပိုင်းတွေ မှာလဲ ရံဖန်ရံခါ ဆိုသလို တော်-လှ-န်ရေးတပ်ဖွဲ့တွေ က အကြ-မ်းဖ-က်စ-စ်ကြောင်းတွေကို စီးနင်းတို-က်ခို-က်မှု တွေ ပြု လုပ်နိုင်ခဲ့တာကို တွေ့ရပါတယ် ။ အဆိုပါ လမ်း ကြောင်းတွေဟာ ဘယ်ဘက်က ထိန်းချု-ပ်ထားပါသလဲ ❓
လက်တွေ့မှာလဲ ခရီးသွားတွေဟာ အဆိုပါလမ်းကြောင်းကို စိုးရွံ့ထိတ်လန့်မှု အပြည့်ရှိနေတယ် ဆိုတာကတော့ အ-သေ-အချာ ဘဲ ဖြစ်ပါတယ် ။ချောက် ပုဂံညောင်ဦး လမ်းပိုင်းဆိုပါလျင် ခရီးသည်တင်လိုင်းကား က အစ မသွားရဲတော့သည် အထိ ဖြစ်လို့နေပြီ လို့ သိရှိရပါတယ် ။ ဒီလို နာမည်ကျော်ဇော်နေပါလျက် နဲ့ လပခ (အလယ်ပိုင်းတိုင်းစ-စ်ဌာနချု-ပ်) နယ်မြေအတွင်း မှာ ရှိနေပါလျက် စ-စ်တ-ပ်ဟာ စ-စ်ကြောင်းထိုး နယ်မြေရှင်းတာတွေကို အဘယ့်ကြောင့် မလုပ်ရပါသလဲ ❗ သူတို့ အမျိုးတွေ ဘဲ ဖြစ်ပါလိမ့်မယ် ။ မဟုတ်ရင်လဲ မကြာခင် အဖြေထွက်ပေါ်လာတော့မယ်လို့ ယူဆရပါတယ် ။
ပုဂံ ညောင်ဦး ယဉ်ကျေးမှုနယ်မြေဟာ ဘာမြူဒါဒေ သ ဆန်ဆန် ဖြစ်နေတယ်လို့ ဆိုလျင် လွန်အံ့မထင်ပါဘူး ။အဘယ့်ကြောင့်ဆိုသော် ရုရှားစ-စ်သားတွေ မောင်းနှင်လာတဲ့ တင့်ကားကြီး တစ်စီးဆိုတာ လဲ ပေါ်ထွက်လာခဲ့ ဖူးပါသေးတယ် ။ ဆိပ်ဖြူ စေတုတ္တရာ ပေါက် ငဖဲ မလွန် မှာ ရှိတဲ့ ကပစ (ကာ-ကွ-ယ်ရေးပစ္စည်းစက်ရုံ) တွေ ကို လာရောက်တဲ့ နိုင်ငံခြားသား (တရုတ်) ပညာရှင် အမည်ခံ ကျွမ်းကျင်လုပ်သားတွေ ဟာ ညောင်ဦး လေဆိပ် မှတဆင့် သာ အသွား အပြန် ပြုလုပ်လေ့ ရှိတာ ဖြစ်ပါတယ် ။
နွေဦးတော်-လှ-န်ရေးကာလမှာ အခေါက်ရေ ကြဲသွားပေမယ့် ရံဖန်ရံခါ ရှိတတ်ပါတယ် ။ အဆိုပါ အရပ်ယာဉ်တန်း တွေ ကျတော့ ဘေးအ-န္တ-ရာယ်ကင်းရှင်းနေတဲ့ အချက် ကို လဲ တွေ့ရပါတယ် ။ ယခု လမ်းပိုင်း ဟာ စ-စ်ရေးသုံးသပ်ချက် ထဲ မှာ ထည့်သွင်း ဖော်ပြသင့်တဲ့ ဒေသတစ်ခု ဖြစ်လို့ လာပြီ ဖြစ်ပါတယ် ။ ညောင်ဦးမြို့မှာတော့ တ-ပ်မ ၈၈ လက်အောက်ခံ ခမရ ၄၁၅ တစ်တပ်တည်းသာ အခြေစိုက် တည်ရှိတာ ဖြစ်ပါတယ် ။
မကွေးတိုင်း ပခုက္ကူမြို့နယ် မြစ်ခြေဒေသ ဟာ ညောင်ဦး တစ်ဘက်ကမ်း မှာ တည်ရှိနေပါတယ် ။ တ-ပ်မ ၁၀၁ လက်အောက်ခံ စ-စ်ကြောင်းတစ်ခုဟာ ပခုက္ကူတ-ပ်နယ် အတွင်းကနေ မြစ်ခြေမြို့သို့ လွန်ခဲ့တဲ့ သုံးရက်လောက်က စလို့ စ-စ်ကြောင်းထိုး ရွေ့လျားလာခဲ့ပါတယ် ။ လမ်းတလျှောက် ကျေးရွာတွေကို -မီး-ရှို့ ဖျက်ဆီးနေတဲ့ အတွက် ဒေသခံတွေ ကိုယ်လွတ်ရု-န်း ပြေးလွှားနေကြရပြီး မြစ်ခြေမြို့ပေါ်သို့ ဝင်ရောက်လာခဲ့ပြီး လ-က်န-က်ကြီး နဲ့ ပ-စ်ခ-တ်တို-က်ခို-က်မှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။
ကံမ မြစ်ခြေ တကြောမှာ တော်-လှ-န်ရေးတ-ပ်တွေ အားမကောင်းဘူးလား ဆိုတော့ အားကောင်းပါတယ် ။ အ-င်-အား ၃၀၀ ဝန်း ကျင် ရှိပြီး လ-က်န-က်အပြည့်အစုံ တ-ပ်ဆင်ထားနိုင်ခြင်း တော့ ရှိဟန်မတူပါဘူး ။ တ-ပ်ဖွဲ့ဝင် အ-င်-အား ကောင်းပေမယ့် ချို့တဲ့ တဲ့ နယ်မြေ တစ်ခု ဖြစ်ပါတယ် ။အဆိုပါနယ်မြေ က တော်-လှ-န်ရေးတ-ပ်ဖွဲ့ဝင်တွေဟာ ဘောင်းဘီ တောင် အပြည့်အစုံ ရှိဟန်မတူဘဲ ခြေဗလာ နဲ့ တို-က်ပွဲဝင်နေကြရတာ ဖြစ်ပါတယ် ။
အညာဒူဘိုင်း လို့ ခေါ်တဲ့ ပေါက်ရေနံမြေ ဘက် က တ-ပ်ရင်းတ-ပ်ဖွဲ့ တွေ နဲ့ သိသာထင်ရှားစွာ ကွဲပြားနေတာကို တွေ့ရပါတယ် ။ အဘယ့်ကြောင့်ပါနည်း ❗ အကြ-မ်းဖ-က်စ-စ်တ-ပ် လိုဘဲ တ-ပ်ရင်းမှူး ချမ်းသာ ၊ စ-စ်ဗို-လ်ချု-ပ် တွေ တို-က်ဆောက်ပြီး အောက်ခြေတ-ပ်ဖွဲ့ဝင်တွေ ချို့တဲ့ နေရတဲ့ အချက်ကလဲ တော်-လှ-န်ရေး ကို လေးလံစေတဲ့ အချက် တစ်ခု ဖြစ်လို့ နေပါတယ် ။ တ-ပ် က ဆင်းရဲ ပြီး တ-ပ်မှူး ချမ်းသာ တွေ ဖြစ်ကုန်ကြတာမျိုးလား ❗ရဲဘော်ကို ပျော်အောင်ထားပြီး တ-ပ်နေပျော်၍ စ-စ်တို-က်တော်စေရန် တ-ပ်တွေကို တည် ဆောက်ရမှာ ဖြစ်ပါတယ် ။
အကြ-မ်းဖ-က်စ-စ်တ-ပ် ဟာ ပေါ်တာဆွဲတယ်ဘဲ ပြောပြော အတင်း အ-ဓ-မ္မ လူသစ်စု တယ်ဘဲ ဆိုဆို ဘယ်လိုဘဲ ဖြစ်နေနေ တစ်လ ကိုပျမ်းမျှ ၄၀၀၀ နဲ့ ၅၀၀၀ ကြား အသားတင် ရရှိနေတာ ဖြစ်ပါတယ် ။ ဆိုတော့ တစ်ရက် ကို ပြုန်းတီးအ-င်-အား ၁၅၀ ဖြစ်ခဲ့ရင်တောင် စ-စ်တ-ပ် အတွက် ခံသာနေနိုင်တယ် ဆိုတာကို တွေ့ရမှာပါ ။ နောက်ဆုံး တို-က်ခို-က်ရေးအ-င်-အားခြင်း ယှဉ်ရတော့မှာ ဖြစ်ပါတယ် ။ တော်-လှ-န်ရေးတ-ပ်တွေဆီသို့ မိမိသဘောဆန္ဒအလျောက် ဝင်ရောက်လာသူတွေ လိုအပ်နေပြီ ဖြစ်ပါတယ် ။ အားလုံး နိုင်ငံခြားကို မထွက်နိုင်ကြပါဘူး ။
စ-စ်တ-ပ် အတွက် တလ ၅၀၀၀ ဆိုတာကတော့ ဘယ်နေရာက ဖြစ်ဖြစ် ရနေနိုင်တာကို တွေ့ရပါတယ် ။ စ-စ်တ-ပ်ဟာ ဝါဒဖြန့်တယ်ဘဲ ဆိုဆို မှိုင်းတို&က်တယ်ဘဲ ပြောပြော ၎င်းတို့ ဘက်ကို ထောက်ခံသူများလာအောင် အတင်းအ-ဓ-မ္မ လုပ်ယူနေပြီ ဖြစ်ပါတယ် ။ ဒီမိုကရေစီဆိုတာ အ-င်-အား များတဲ့ ဘက်ကသာ အနိုင်ရစမြဲ ဆိုပြီး ” လူ ညီ ဤ ကို ဇွတ်တရွတ် ကျွဲ ဖတ် ” ဖို့ စိုင်းပြင်း နေကြပြီ ဆိုတဲ့ အချက် ကို အလေးအနက်ထား စဉ်းစားရတော့မှာ ဖြစ်ပါတယ် ။
ပခုက္ကူမြို့မှာ လဲ ပစ္စည်းဝယ်ယူခွင့်တွေ ကန့်သ-တ်ပိတ်ပင်မှုတွေ တိုးမြှင့်လာခဲ့တာကို တွေ့ရပါတယ် ။ ယုတ်စွ အဆုံး မော်တော်ဆိုင်ကယ် ကာပရိုက်တာ ရဲ့ အပ်ပင်ခွက် ကို တောင် သယ်ဆောင်ခွင့်တားမြစ်ထားတယ် လို့ သိရှိရပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ ဒရု-န်း လုပ်တဲ့ နေရာမှာ အသုံးပြုလို့ ရတယ်ဆိုပြီး ခွင့်မပြုတော့တာ ဖြစ်ပါတယ် ။
ချင်းပြည်နယ် ဖလမ်းမြို့နေ ထွက်ခွာလာတဲ့ စ-စ်ကြောင်းကတော့ ချွန်ကျုံးကျေးရွာ မှတဆင့် ဟားခါးမြို့နယ် အတွင်းသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ် ။ အဆိုပါ စ-စ်ကြောင်းတွေကို ဟားခါး အခြေချစ-စ်ဗျူဟာမှူး နဲ့ နယ်မြေခံ ခလရ ၂၆၆ စ-စ်ကြောင်းတို့ ကြိုဆိုရန် စ-စ်ကြောင်း နဲ့ ထွက်ခွာလာရာ ၆ မိုင်လမ်း ဆုံ အနီး ချင်းတော်-လှ-န်ရေးတ-ပ်တွေ မှ အသင့်စောင့်ကြိုတို-က်ခို-က်ရာ ၄ ဦးမတ်စိကိုက်ပြီး စစ်ဗျူဟာမှူး နဲ့ စစ်သည် ၂ ယောက် ဒ-ဏ်ရာရရှိပြီး ကလေးသို့စ-စ်ရဟတ်ယာဉ် နဲ့ အရေးပေါ် ပို့ဆောင်ခဲ့ရပါတယ် ။ စစ်ဗျူဟာမှူး ရဲ့ ဒဏ်ရာရ အခြေအနေ ကတော့ မစိုးရိမ်ရ လို့ ကနဦး သိရှိထားရပါတယ် ။
တီးတိန် ကို ချင်းတော်-လှ-န်ရေးတ-ပ်ဖွဲ့တွေက မြို့သိမ်းတို-က်ပွဲဆင်နွဲမယ်လို့ သတင်းထွက်ပေါ်ခဲ့ပေမယ့် အကြ-မ်းဖ-က်တ-ပ်ဘက်က လက်ဦးမှုရယူလာခဲ့တာကို တွေ့ရပါတယ် ။ ကျီခါးမြို့ မှ စ-စ်ကြောင်းတစ်ကြောင်း ၊ တီးတိန်မြို့မှ စ-စ်ကြောင်းတစ်ကြောင်း နှစ်ဘက်ညှပ်ပြီး ရွေ့လျားလာသလို ထိတွေ့ ဖြစ်စဉ် တွေ စတင် ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ် ။
ရှမ်းပြည်နယ် အရှေ့ခြမ်း ရလခ (အရှေ့အလယ်ပိုင်းတိုင်းစ-စ်ဌာနချု&ပ်) နယ်မြေ အတွင်းမှာလည်း ဇာတ် လမ်းလေးတွေ ရှိနေပါတယ် ။ တစ်နိုင်ငံလုံး “စုံ မ” ပြဿနာ စက်သုံးဆီဈေးတွေ ကြီးမြင့်ရှားပါးလာနေတာကြပေမယ့် တောပန်းကလေးများနဲ့လှချင်တိုင်းလှနေပါ တဲ့ လင်းခေးမြို့မှာ အတော်လေး အကျည်းတန်နေတာကို တွေ့ရပါတယ် ။ လင်းခေး နဲ့ ၃၅ ကီလိုမီတာ (၂၂ မိုင်) ဝန်းကျင် သာ ကွာဝေးတဲ့ မိုးနဲမြို့မှာ စက်သုံးဆီ တစ်လီတာ ကို ၅၂၀၀ ကျပ် ဝန်းကျင် သာ ရှိပေမယ့် လင်းခေးမှာတော့ တစ်လီတာကို ၉၀၀၀ ကျပ် အထိ ဈေးပေါက်နေခြင်း ဖြစ်ပါတယ် ။
လင်းခေးခရိုင်အု-ပ်ချု-ပ်ရေးမှူး က တပ်ထွက် ကက်ပတိန် အငြိမ်း စား အောင်-ကို နဲ့ စက်သုံးဆီဆိုင် တွေ ပေါင်းပြီး စားနေတာကြောင့် ဖြစ်ပါတယ် ။မအလ ခန့် ရှမ်းပြည်နယ် ဝန်ဂျီးချု-ပ် ဟာ လင်းခေး ဇာတိ ဖြစ်ပါတယ် ။ ယခု မေလ ၁၁ ရက်နေ့ ဝန်ဂျီးချု-ပ် ခရီးစဉ် မှ ဒေသခံ ရှမ်းတိုင်းရင်းသား စိုင်း-ဆေ-ဟန် ဆိုသူ က ကျိုးကြောင်းခိုင်မာစွာ တင်ပြခဲ့ပေမယ့် ခရိုင်အု-ပ်ချု-ပ်ရေးမှူး က ” ဟဟ ” ပေးသွားခဲ့ပါတယ် ။ လိုင်စင်ကုန်ကားတွေတောင် စက်သုံးဆီပေးမရောင်းတော့ဘဲ မှောင်ခိုဈေးနဲ့သာ ရောင်းချသည် အထိ ပိုမို တင်းကြပ်လိုက်တယ်လို့ သိရှိရပါတယ် ။ တ-ပ်ထွက်ချင်း တူတာတောင် ခရိုင်မှူးအိုကြီး က ဝန်ဂျီးချု-ပ် အသစ်ကြပ်ချွတ်လေးကို နားရွက်တံတွေးဆွတ်ပြီး ငယ်ထိပ် ဖနောင့်နဲ့ နှစ်ချက် အပေါက် ခံ လိုက်ရတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတိုလေးဘဲ ဖြစ်ပါတယ် ။
ရှမ်းမြောက် မှာ တော့ နမ့်ခမ်း ၊ နမ္မတူ မြို့တွေက နေ တအာန်း နဲ့ ကိုးကန့် တ-ပ်တွေ ဆုတ်ခွာပေးရမယ်ဆိုတဲ့ သတင်းဟာ တော်တော်လေး ကျယ်လောင်လာတာကို တွေ့နေပါတယ် ။တိုင်းရင်း သားတ-ပ်တွေဘက်က လက်မခံနိုင်ဘူးလို့ အသံထွက်နေပေမယ့် တရုတ် ရဲ့ ဖိအား ဟာလဲ ပိပြား စေနိုင်တဲ့ အနီရောင် အဆင့်လို့ ယူဆရပါတယ် ။ဒေသခံတွေကတော့ နမ္မတူမြို့တွင်းကနေ ညဘက်ဆိုရင် တွဲကားတွေ အများအပြား ထွက်ခွာမှုတွေ ရှိနေသလို ကိုးကန့် တ-ပ်တွေကလဲ ဘော်တွင်းဘက်သို့ ပြောင်းရွှေ့ ခြေကုပ်ယူထားတယ်လို့ ဆိုပါတယ် ။
အမြဲတစေ ဖိတ်စာတစ်ခြမ်း ရိုက်ထားလေ့ ရှိတဲ့ အကြ-မ်းဖ-က်တ-ပ်ကတော့ လားရှိုး တုန်းက ဖြစ်စဉ်လိုဘဲ ယခု စာသင်နှစ် အမီ ဝန်ထမ်းတွေ နဲ့ ဝင်ရောက်ဖို့ ပြင်ဆင်ထားပြီး ဖြစ်တာကြောင့် ဇွန် ဇူလိုင် ကာလ ဟာ နောက်အကျဆုံး ဖြစ်နိုင်တယ်လို့ တွက်ဆရပါတယ် ။ နမ္မတူမြို့ မှာ ခမရ ၃၂၄ အခြေစိုက်ခဲ့တာဖြစ်ပြီး အဆိုပါ နှစ်မြို့လုံးကို တအာန်းတ-ပ်တွေက ၁၀၂၇ စ-စ်ဆင်ရေးမှာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါမှာတော့ နမ္မတူမြို့ကို ကိုးကန့်တ-ပ်တွေ က ကျူးကျော်တ-ပ်စွဲ ထားတာ ဖြစ်ပါတယ် ။
ကရင်ပြည်နယ် အတွင်းမှာတော့ မြဝတီဝေါလေ ဗျူ ဟာစခန်းကုန်းကြီးကို လေကြောင်းကနေသာ ရိက္ခာခဲ-ယ-မ်း ထောက်ပံ့နိုင်တော့တဲ့ အခြေအနေ သို့ ရောက်ရှိနေခဲ့တာကို တွေ့ရပါတယ် ။ မတ်လ ၃၁ ရက်နေ့ ကနေ စတင်ခဲ့တဲ့ စခန်းသိမ်းတို-က်ပွဲဟာ ၄၅ ရက်ကျော် ကြာမြင့်လာခဲ့ပြီ ဖြစ်ပါတယ် ။ ဖာပွန်နယ်မြေ အတွင်းမှာလဲ ကရင်တော်-လှ-န်ရေးတ-ပ်တွေဟာ စ-စ်ရေးရလဒ် အမြတ်ရရှိထားတဲ့ ဖြစ်စဉ် တစ်ခု ရှိနေပါတယ် ။ သို့သော် ရတခ (အရှေ့တောင်တိုင်းစ-စ်ဌာနချု-ပ်) စ-စ်တိုင်းမှူး က တော့ စိတ်ဓာတ်စ-စ်ဆင်ရေးကိုသာ ခေတ်ရေစီးကြောင်းအတိုင်း လုပ်ဆောင်နေတာကို တွေ့ရပါတယ် ။ တ-ပ်မ ၂၂ လက်အောက်ခံ ထိလုံ အခြေစိုက် ခလရ ၂၀၃ ကို ဘယ်နားကရလာမှန်းမသိတဲ့ အောင်ပွဲရရှေ့တန်းပြန်ကြိုဆိုရေး အခမ်းအနားကို ရိုက်ကူးရေးလုပ်နေခြင်း ဖြစ်ပါတယ် ။
ဝေါလေလို မဆုတ်တမ်းခံစ-စ်စခန်းကြီး ကျလုနီးနီး ဖြစ်နေသယောင် ရှိနေစဉ် မှာ တို-က်ခို-က်ရေးတ-ပ်ရင်းတစ်ခုကို ဖော်ရှိုး အနားပေးလိုက်ခြင်း ဖြစ်ပါတယ် ။ ဓာတ်ပုံမှတ်တမ်းတွေ အရ တ-ပ်ရင်းမှူး ဒုရင်းမှူး နှစ်ဦးစလုံးအပါ ရှေ့တန်းဝင်-အင်-အား ၁၅၀ လောက် ရှိတာ တွေ့ရတဲ့ အတွက် ရ-န်သူမသိ မိမိမထိ နယ်မြေ အတွင်း က တ-ပ်ရင်းတစ်ခု ကို ဆွဲထုတ်လာခြင်း ဖြစ်ပါလိမ့်မယ် ။ ကော့ကရိတ်မြောက်ခြမ်း နောင်ကိုင်းနယ်မြေ အတွင်းမှာတော့ နေ့စဉ်လိုလို ဒရု-န်း နဲ့ အပြန်အလှန် တို-က်ခို-က်မှု ရှိနေပြီး တောင်ဘက်ခြမ်းမှာလဲ လ-က်န-က်ကြီး နဲ့ ပ-စ်ခတ်မှု တွေရှိခဲ့တာမှ အပ ထိတွေ့ဖြစ် စဉ် မရှိခဲ့ပါဘူး ။ မြေပြင်သတင်းရင်းမြစ်အရတော့ ဝေါလေဒေသသို့ အ-င်-အားဖြည့်တင်းပို့ဆောင်မှု တွေ ပြုလုပ်နေဆဲ သာ ဖြစ်ပါတယ် ။
အာရက္ခတ-ပ် ရဲ့ အောင်ပွဲ တွေ နဲ့ အတူတူ စီးမြောကြရအောင်ပါ ။ အင်းတော်မြို့နယ် နတ်မဟုတ်ကလေးကျေးရွာ အနီး မှာ ရှိတဲ့ အ-င်အား ၁၀၀ ဝန်းကျင် ရှိတဲ့ စ-စ်ကြောင်းတစ်ခုကိုတော့ စီးနင်းတိုက်ခို-က်နိုင်ခဲ့တာကို သိကြပြီး ဖြစ်ပါလိမ့်မယ် ။ အင်းတော် မြို့ နဲ့ မဲဇာလမ်းဆုံ အကြားမှာ ရှိတဲ့ ခြေကုပ်စခန်းတစ်ခုကို ချေ မှုန်းနိုင်ခဲ့ခြင်း ဖြစ်ပြီး ထိတွေ့တို-က်ပွဲငယ်တွေ ဆက် လက် ဖြစ်ပွား နေဆဲ ရှိပါသေးတယ် ။ စ-စ်နယ်ဝန်းဟာ နတ်မဟုတ်ကြီး ဘက်ထိ ဆက်လက်ကျယ်ဝန်းလာာခဲ့ပြီး တော်-လှ-န်ရေးတ-ပ်တွေဘက် အလော-င်းအလက် တွေ သိမ်းဆည်းရမိ ခဲ့တာ ရှိပါတယ်။
နား လည်ရခက်တဲ့ တို-က်ပွဲဖြစ်စဉ် တစ်ခု လို့ ဆိုရမှာပါ ။ အာရက္ခတ-ပ် လို့ ခေါင်းစဉ်တပ်ပြီး စ-စ်ရေးဖော်ဆောင်မှု လျှ-ပ်တစ်ပြက် လုပ်ဆောင်လိုက်တာကလဲ ထူးဆန်းနေပါတယ် ။တန်ပြန်တို-က်စ-စ်ဟာ နောက် ကျသွားပြီလား ❗
စ-စ်တို-က်တာမှာ နည်းနည်းလေးနောက်ကျသွားတယ်ဆိုပြီး ငြီးငြူတာဆိုလို့ ကမ္ဘာ့သ မိုင်းမှာ နပိုလီယံဘိုနာဘတ် တစ်ယောက်သာ ရှိခဲ့ဖူးပါတယ်။အခုလဲ နောက်မကျသေးဘူးလို့ ဘဲ ဆိုရမှာ ဖြစ်ပါတယ် ။မပခ (မြောက်ပိုင်းတိုင်းစ-စ်ဌာနချု-ပ်) မြစ်ကြီးနားတ-ပ်နယ် အတွင်းကနေ စ-စ်ယာဉ်တန်းတွေကတော့ ပြန်ဆင်းလာခဲ့တာကိုတွေ့ရပါတယ် ။ နတ်မဟုတ်ကလေး ဒေသ မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ် အရ အကြ-မ်းဖ-က်စ-စ်ကြောင်းတွေဟာ မဲဇာလမ်းဆုံ ကို ထပ်မံထိန်းချု-ပ်ပြီး ပင်လည်ဘူးဘက်သို့ စ-စ်ရေးပြင်ဆင်လာနိုင်ချေ ရှိတဲ့ အပေါ် လက်ဦးမှု ရယူ ချေမှုန်း ခြင်းဖြစ်နိုင်တယ်လို့ တွက်ဆရပါတယ် ။
အင်းတော်မြို့ဝန်းကျင်တဝိုက်မှာလဲ ထိတွေ့ဖြစ်စဉ်ငယ်တွေ ဆက်တိုက်ရှိနေဆဲ ဖြစ်ပြီး စ-စ်တ-ပ်ဘက်က အထိနာ လျက်ရှိနေခဲ့ပါတယ် ။ မြစ်ဝကျွန်းပေါိဒေသ မြောက်စမ်း အမတ ၃၄၄ ( အမြောက်တ-ပ်ရင်း) ကိုလဲ အာရက္ခ နဲ့ ပူးပေါင်းတ-ပ်တွေ ဟာ ဝိုင်းပတ်ပိတ်ဆို့ နိုင်ခဲ့ပြန်ပြီ ဖြစ်ပါတယ် ။ ယခုတကြိမ်မှာတော့ အမြောက်တ-ပ်အပြင်ဘက်က ကာကင်းစခန်းတွေ အားလုံးကို စီးနင်းသိမ်းပိုက်ပြီး အနီးကပ် ခြိ-မ်းခြော-က်တို-က်ခို-က်ထားနိုင်ခဲ့တာကို တွေ့ရပါတယ် ။
ဆောက်လုပ်ရေးယန္တယား တွေကိုပါ အသုံးပြုလာတာကို တွေ့ရတဲ့ အတွက် အသစ်စက်စက် ဆောက်လုပ်ထားတဲ့ ဘန်ကာတွေကို ဖြိုချပြီး အဆုံးအဖြတ်တို-က်ပွဲ အဖြစ်ဖော်ဆောင်လာမယ့် စီမံချက်ရှိနိုင်တယ်လို့ တွက်ဆရပါတယ် ။ သီတာကုန်းပြင် မြောက်စမ်း စက်စက်ယို နဂါးရစ်တောင်ကြောတွေ မှ တဆင့် ကွင်းကောက်ဒေသသို့ စ-စ်ကြောင်းတွေ ကျွံထွက်သွားပြီးချိန်မှ အ-င်-အားအလုံးအရင်း နဲ့ တို-က်စ-စ်ဆင်လာခဲ့ခြင်း ဖြစ်ပါတယ် ။ သို့သော် ယခင်အကြိမ်ထိုးစ-စ်တွေတုန်းကလိုဘဲ ရေနံသာလမ်းဆုံကို ဖြတ်တောက်ထိန်းချုပ်နိုင်ခြင်းမပြုမီ တို-က်စ-စ်ဆင်ခဲ့ခြင်းဖြစ်တာကြောင့် အကြ-မ်းဖ-က်တ-ပ်ရဲ့ စစ်ကူစစ်ကြောင်းတွေရောက်ရှိလာနိုင်ချေ ရှိပါတယ် ။
မြောက်စမ်းတပ် ရဲ့ တည်နေရာအရ တ-ပ်ကို စီးနင်းတို-က်ခို-က်သိမ်းပိုက် သိမ်းဆည်းပြီး ဆုတ်ခွာရမယ့် အနေအထားမျိုးဘဲ ဖြစ်ပါတယ် ။ အမြောက်တ-ပ်တစ်တ-ပ် ကို သိမ်းနိုင်ခဲ့ရင်ဆိုတော့ အကျိုးရလဒ်ဟာ မနည်းမနော ရရှိမှာပါ ။ ကွင်းကောက် အခြေစိုက် တတက ၅ (တမာတောတန်းမြင့်လေ့ကျင့်ရေးကျောင်း) ကနေ စုဖွဲ့ ရွေ့လျားနေတဲ့ စ-စ်ကြောင်းဟာ အ-င်-အား ၇၀ ဝန်းကျင် အထိ ရှိလာပြီး နန်ကသူလိုဏ်ဂူတဝိုက်မှာ အခြေပြုလှုပ်ရှားနေတာကို တွေ့ရှိရပါတယ် ။
ယမန်နေ့ ညနေပိုင်းအထိတော့ မြောက်စမ်းဒေသ သို့ စ-စ်ကူရောက်ရှိခြင်းမရှိသေးသလို အမြောက်တွေ ပြောင်းထောင်ပြီး ပ-စ်နေကြရတဲ့ အနေအထား ဖြစ်ပါလိမ့်မယ် ။ တို-က်ပွဲဖြစ်စဉ် တလျှောက်လုံးမှာ လေကြောင်းပ-စ်ကူများများစားစား မလာတဲ့ တစ်ချက် ကို လဲ တွေ့ရပါတယ် ။ နတခ (အနောက်တောင်တိုင်းစ-စ်ဌာနချု-ပ်) စ-စ်တိုင်းမှူး အသစ် လို အလွန်အမင်း စိုးရိမ်တတ်သူဖြစ်လင့်ကစား မြောက်စမ်း အမြောက်တ-ပ်ဖြစ်စဉ် ထိန်ချန် ခံထားခဲ့ရသလား ဆိုတာကလဲ စဉ်းစားစရာ အချက်ဖြစ်လို့ နေပါတယ် ။
ရခိုင်ပြည်နယ် ကျောက်ဖြူစ-စ်မျက်နှာ တောင်ဦးမော်ရေတပ်စခန်းဌာနချု-ပ်တွေဟာ ရမ်းဗြဲ အစပ်ဖြစ်တဲ့ စနဲမြို့သို့ ဦးတည်ရွေ့လျားနေခြင်း ဖြစ်ပြီး အာရက္ခတ-ပ် ရဲ့ ဖြတ်တောက်တို-က်ခို-က်မှုကြောင့် အထိနာပြီး လေကြောင်းပ-စ်ကူ ရယူထားရတာကို တွေ့ရပါတယ် ။ချင်းတောင်ဘက်ကနေ ဖောက်ဝင်လာမယ့် အကြ-မ်းဖ-က်တ-ပ်ရဲ့ စ-စ်ကြောင်းတွေ မင်းတပ်တိုက်စစ် မစနိုင်သေးခင် အာရက္ခတ-ပ်ဟာ ရခိုင်မြေပြင်ပ စ-စ်မျက်နှာ တွေ ကို အရှိန်မြှင့်လိုက်နိုင်ပြီ ဖြစ်ပါတယ် ။
ယမန်နေ့ မနက်ပိုင်းမှာတော့ ပုဏ္ဏားကျွန်းမြို့နယ် ရသေ့တောင်လမ်းဆုံကို လေကြောင်းတို-က်ခို-က်မှု ပြုလုပ်ခံခဲ့ရပြီး အထိအခိုက် မသိရှိရသေးပါဘူး ။လတ်တလော ဧရာဝတီမြစ်အနောက်ဘက်ခြမ်း ဘက် မှာ အကြီးမားဆုံးတို-က်ပွဲကတော့ ယောတောင်ပိုင်းဒေသ တလျောက် မှာ ဖြစ်ပွားလာနေတာကိုတွေ့ရပြီး မင်းတ-ပ်မြေမှာ အကြ-မ်းဖ-က်စ-စ်တ-ပ် ဟာ ဘယ်လိုဘယ်ပုံ လက်စတုန်း ချေ-မှုန်းခံသွားရမလဲဆိုတာကို တွေ့မြင်ကြရမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ် ခင်ဗျာ ။
စာကြွင်း ။ ။ ခဏတာ နားပါဦးမည် ….. မကြာခင် ပြန်လည်ဆုံဆည်းကြပါစို့ခင်ဗျာ ။
ဇင်ယော်
၂၀၂၆ မေ ၁၆ ၀၉၃၀


Leave a Reply