ရန်ကုန်ပြည်သူ့ဆေးရုံကြီးအပါအဝင် ဆေးရုံကြီး(၆)ရုံ ပူးပေါင်း၍ မေ ၁၉ ရက်တွင် အထူးကုကွင်းဆင်းဆေးကုသပေးမည်
ရန်ကုန်ပြည်သူ့ဆေးရုံကြီးအပါအဝင် ဆေးရုံကြီး(၆)ရုံနှင့် အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးတို့ပူးပေါင်း၍ တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်းနှင့် ဦးထွန်းမြတ်လမ်းထောင့်ရှိ အ.ထ.က(၄)၌ မနက်ဖြန် မေ ၁၉ ရက်တွင် အထူးကုကွင်းဆင်းဆေးကုသပေးမည်ဖြစ် ကြောင်း သိရသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဗဟိုအမျိုးသမီးရောဂါကုဆေးရုံကြီး၊ ရန်ကင်းကလေးဆေးရုံကြီး၊ မျက်စိဆေးရုံကြီး၊ နား၊ နှာခေါင်း၊လည်ပင်းနှင့် ဦးခေါင်းဆေးရုံကြီး၊ စိတ်ကျန်းမာရေးဆေးရုံကြီးနှင့် အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးတို့ပူးပေါင်းဆောင်ရွက််သွားမည်ဖြစ်ကြောင်း သိရသည်။
အထွေထွေအထူးကုသမားတော်၊ ဆီးချိုနှင့် ဟော်မုန်းအထူးကုသမားတော်၊ ခွဲစိတ်အထူးကု၊ အရိုးအထူးကု၊ စိတ်ကျန်းမာရေးအထူးကု၊ အရေပြားအထူးကု၊ က လေးအထူးကု၊ မျက်စိအထူးကု၊ နား၊ နှာခေါင်း၊ လည် ချောင်းအထူးကုများပါဝင်ကြောင်း သိရသည်။
၎င်းတို့က ကိုယ်ဝန်ဆောင်များနှင့် မီးယပ်ရောဂါလူနာများကိုစစ်ဆေးစမ်းသပ်ခြင်း၊ သားအိမ်ခေါင်းကင်ဆာကြိုတင်စစ်ဆေးခြင်း၊ သွားနှင့် ခံတွင်းစစ်ဆေးကုသပေးခြင်း၊ အဆုတ်နှင့် ရင်ခေါင်းဓာတ်မှန်(X-Ray)ရိုက်ပေးခြင်း(တီဘီရောဂါရှာဖွေပေးခြင်း)၊ ECG ဆွဲပြီးအ ဖြေထုတ်ပေးခြင်း၊ Ultrasound (တီဗီဓာတ်မှန်)ရိုက်ပြီးစစ်ဆေးပေးခြင်းတို့ကိုပြုလုပ်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။
ထို့ကြောင့် ကုသမှုခံယူလိုသူများအနေဖြင့် မေ ၁၉ ရက်နံနက် ၈ နာရီမှစတင်၍ လာရောက်ပြသစစ်ဆေးကုသနိုင်ကြောင်း သိရသည်။
သတင်းကောင်း!! ရန်ကုန်ဆေးရုံကြီးမှ နာမည်ကြီး အထူးကုဆရာဝန်ကြီးများ တာမွေ အထက (၄) တွင် ကွင်းဆင်း စမ်းသပ်ကုသပေးမည်
ရန်ကုန်မြို့က မိဘပြည်သူများအတွက် တကယ့်ကို ဝမ်းသာစရာ ကျန်းမာရေး သတင်းကောင်းတစ်ခု ရှိလာပါတယ်။
လာမယ့် မေလ (၁၉) ရက် (အင်္ဂါနေ့) နံနက် (၈:၀၀) နာရီအချိန်မှာ ရန်ကုန်ဆေးရုံကြီးမှ ထိပ်တန်း အထူးကုဆရာဝန်ကြီးများ ကိုယ်တိုင် တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်ရှိ အထက (၄) တာမွေကျောင်း သို့ အရောက်လာရောက်ပြီး မည်သူ့ကိုမဆို စမ်းသပ်ကုသပေးသွားမည့် အစီအစဉ် ရှိနေပါတယ်။
🏥 ကုသစစ်ဆေးပေးမည့် အထူးကုဌာနများနှင့် အစီအစဉ်များ-
ကျောင်းတွင်း ကွင်းဆင်းကုသမှုတွင် အောက်ပါ အထူးကုဘာသာရပ် (၁၅) မျိုးကို စုံစုံလင်လင် စစ်ဆေးကုသပေးသွားမှာ ဖြစ်ပါတယ်ဗျာ။
၁။ အရိုးအထူးကု
၂။ ခွဲစိတ်အထူးကု
၃။ အထွေထွေအထူးကုသမားတော်
၄။ ဆီးချိုနှင့် ဟော်မုန်းအထူးကုသမားတော်
၅။ စိတ်ကျန်းမာရေးအထူးကု
၆။ အရေပြားအထူးကု
၇။ ကိုယ်ဝန်ဆောင်များနှင့် မီးယပ်ရောဂါလူနာများ စစ်ဆေးစမ်းသပ်ခြင်း (OG)
၈။ သားအိမ်ခေါင်းကင်ဆာ ကြိုတင်စစ်ဆေးခြင်း
၉။ ကလေးအထူးကု
၁၀။ မျက်စိအထူးကု
၁၁။ သွားနှင့် ခံတွင်း စစ်ဆေးကုသပေးခြင်း
၁၂။ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကု
၁၃။ အဆုတ်နှင့် ရင်ခေါင်း ဓာတ်မှန် (X-Ray) ရိုက်ပေးခြင်း
၁၄။ ECG ဆွဲပေးပြီး အဖြေထုတ်ပေးခြင်း
၁၅။ Ultrasound (တီဗီဓာတ်မှန်) ရိုက်ပေးပြီး စစ်ဆေးပေးခြင်း
နီးစပ်ရာ တာမွေမြို့နယ်အတွင်းနှင့် ရန်ကုန်မြို့ရှိ မည်သည့်ဒေသကမဆို ကျန်းမာရေးချို့တဲ့သူများ၊ အထူးကုနှင့် ပြသလိုသူများ လာရောက်ပြသ ကုသနိုင်ကြောင်း သိရပါတယ်။
မိမိတို့ ပတ်ဝန်းကျင်က ဘိုးဘွားတွေနဲ့ လူနာတွေ အခွင့်အရေး မဆုံးရှုံးရအောင် အခုပဲ မိမိတို့ရဲ့ Wall ပေါ်မှာ Share ပြီး သတင်းကောင်း ပါးလိုက်ကြပါဦးခင်ဗျာ။
Credit: ဦးသန့်စင်ဦး


Leave a Reply