မြန်မာပြည်၏ ထိပ်တန်းခရိုနီတဦးဖြစ်သူ ဦးတေဇသား ထူးထက်တေဇအား စစ်မှုထမ်းရန် အရွယ်ရောက်သူအဖြစ် မှတ်ပုံတင်စာရင်းသွင်းရန် ကမာရွတ်မြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့၏ ဆင့်ခေါ်စာတစောင် လူမှုကွန်ရက်စာ မျက်နှာ၌ ထွက်ပေါ်လာသည်။
ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် ၁၀ ရပ်ကွက်၊ အင်းယားလမ်းခြံအမှတ် ၈၆ နေ ထူးထက်တေဇသည် စစ်မှု ထမ်းဥပဒေအရ စစ်မှုထမ်းရန် အသက်အရွယ် ပြည့်မြောက်ပြီးသူဖြစ်ရာ မေလ ၁၄ ရက်တွင် မှတ်ပုံတင်စာရင်းသွင်း ရန်အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးသို့ လာရောက်ရန် မေလ ၇ ရက်စွဲဖြင့် ဆင့်ခေါ်ထားခြင်း ဖြစ်သည်။
AGD ဘဏ်၏ မန်နေဂျင်းဒါရိုက်တာ (MD) ဖြစ်သူ အသက် ၃၂ နှစ်အရွယ် ထူးထက်တေဇသည် စစ်မှုထမ်းရမည့် အသက်အပိုင်းအခြားထဲ အကျုံးဝင်၍ ယခုဆင့်ခေါ်စာမှာ မှတ်ပုံတင်စာရင်းသွင်းရန် ခေါ်သည့်အဆင့်သာရှိသေးပြီး အမှန်တကယ် စစ်မှုထမ်းရန် ခေါ်မခေါ် မသေချာသေးပေ။
သို့သော် ထူးထက်တေဇအနေဖြင့် စစ်မှုမထမ်းရရေးအတွက် အာဏာပိုင်များအား ငွေကျပ် သိန်းရာချီ လာဘ်ထိုးထား သည်ဆိုသော သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။
စစ်မှုထမ်းအကျုံးဝင်သူအဖြစ် အမျိုးသား အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း၊ အမျိုးသမီး အသက် ၁၈ နှစ်မှ ၂၇ နှစ် အတွင်းနှင့် ကျွမ်းကျင်သူ (ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာတတ်မြောက်သူ (သို့မဟုတ်) အခြားအတတ် ပညာ တရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသူ)ဖြစ်ပါက အမျိုးသား အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း၊ အမျိုးသမီး အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိသူများကို သတ်မှတ်ထားသည်။
နိုင်ငံသားတိုင်းမဖြစ်မနေ စစ်မှုထမ်းရမည့် ဥပဒေကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်တွင် အသက်သွင်း၍ မတ်လ ၂၈ ရက်တွင် သင်တန်းစတင်ခဲ့ရာ ယခုဆိုလျှင် အပတ်စဉ် ၂၅ အထိ ရောက်ရှိနေပြီဖြစ်သည်။ လက်ရှိအချိန်ထိ အပတ်စဥ် ၂၂ ထိ သင်တန်းဆင်းထားပြီဖြစ်ရာ စစ်မှုထမ်းအင်အား လူငယ်ဦးရေ ၁ သိန်းခန့် ရှိပြီဟု သိရသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်းကလည်း စစ်ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏သားဖြစ်သူ ထက်ရဲနောင်သည် စစ်မှုထမ်းအမှတ်စဉ်တခုတွင် တက်ရောက်ခဲ့သော်လည်း ၎င်းအား စစ်ပွဲပြင်းထန်သည့် ရှေ့တန်းဒေသများသို့ မလွှတ်ဘဲ ရန်ကုန်မြို့တွင်သာ လုံခြုံစွာတာဝန်ထမ်းဆောင်ခိုင်းခဲ့သလို ညဘက် ကလပ်သွား၊ ဘားသွားမပျက်ဟု ဆိုကြသည်။
ထို့ကြောင့် ယခု ထိပ်တန်းခရိုနီ ဦးတေဇ၏သားဖြစ်သူ ထူးထက်တေဇအား ဆင့်ခေါ်ခြင်းသည်လည်း အခြေခံပြည်သူ များအပေါ် အတင်းအကျပ် ဖမ်းဆီးစုဆောင်းနေမှုများကို လူထုဝေဖန်မှုလျော့နည်းစေရန် ဟန်ပြလုပ်ဆောင်ခြင်းသာ ဖြစ်နိုင်ကြောင်းနှင့် အမှန်တကယ် စစ်မှုထမ်းရန် ခေါ်ယူခံရမည်မဟုတ်ကြောင်း ပြောဆိုမှုများရှိနေသည်။
ခရိုနီ ဦးတေဇနှင့် သားနှစ်ယောက်ဖြစ်သော ပြည့်ဖြိုးတေဇနှင့် ထူးထက်တေဇတို့ကို စစ်အာဏာသိမ်းပြီး တနှစ်ကြာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ပပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး၏ ပိတ်ဆို့ အရေးယူမှုများ ချမှတ်ထားသည်။
ပုံစာ – AGD ဘဏ်၏ မန်နေဂျင်းဒါရိုက်တာ (MD) ထူးထက်တေဇ
တေဇသားတယောက် 6_ခွးမှုထမ်းပါတဲ့ကိစ္စက ကိုယ်သိတာတွေ ရှိပေမဲ့ နေရာတကာ မပြောချင်လို့ မရေးခဲ့တာ။
အခုကျ တခြားကလေးတယောက်နဲ့ လူစားထိုးကြောင်း မီဒီယာတွေမှာ ပါလာတော့ ပြောချင်လာတယ်။
မီဒီယာတွေမှာမပါသေးတဲ့အကြောင်းတချို့ကိုပေါ့။
ဖြစ်စဥ်က ထူးထက်တေဇဆီ ခေါ်စာရောက်တယ်။
ခေါ်စာက အစစ်။
ဘာလို့ တေဇသားဆီမှ ခေါ်စာရောက်လဲဆိုတော့ မအလ က တေဇကို ငြှိုးနေတာကြာပြီ …
သူတို့ကြား အဖု အထစ်က အများကြီး။
ဒါတွေ နောက်ပိုင်းလိုရင် ရေးပါ့မယ်။
တေဇရဲ့လေကြောင်းလိုင်းကိုလည်း မအလ က သက်တမ်းတိုးမပေးဘူး။
တေဇလည်း စင်္ကာပူကနေ ပြန်မလာဘူး။
အခု ထူးထက်တေဇရဲ့ အသက်က 6_ခွးမှုထမ်းသတ်မှတ်ချက်နဲ့ ၀င်နေတော့ ဒုက္ခပေးဖို့ကြံတယ်။
ဒါနဲ့ အောက်ကကောင်တွေက သိန်း ၁၈၀ နဲ့ လူစားလဲပေးလိုက်တယ်။
ထူးထက်တေဇ က သောကြာနေ့က ထိုင်းထွက်သွားပြီ။
သောကြာညနေ လေယာဥ်နဲ့ သု၀ဏ္ဏဘူမိလေဆိပ်ဆီ ဆိုက်တယ်။
[လေဆိပ်ထဲက သူ့ပုံကိုတောင် ရိုက်ပို့ပေးသူရှိပေမဲ့ သူများ Personalသဘောဖြစ်နေလို့ မတင်ခဲ့ပါ]
ပြောချင်တာက ဘာလဲဆိုတော့ သူ့အစား လူငယ်လေးတယောက်ကတော့ 6_ခွးမှုထမ်း ပါသွားရရှာပြီဆိုတာပဲ။
အခု မြန်မာပြည်မှာက လူမှော_င်ခိုစျေးကွက်ကြီး ဖြစ်နေတာ။
ငွေမရှိတဲ့လူတွေ နိမ့်ကျ ဆင်းရဲတဲ့လူတွေ ခဗျာ အလုပ်သွားအလုပ်ပြန် သတိထားနေရ။
တချို့ဆို အိမ်မှာနေရင်းကို တက်ဆွဲတာ။
အဲ့လို ဆွဲခံရတာတွေက 6_ခွးမှုထမ်းအခေါ်ခံရလို့ချည်း မဟုတ်ဘူး။
ဖ_မ်းပြီးလှောင်ထားတာ။
အခု ထူးထက်တေဇ case လိုမျိုး လူချမ်းသာ သားသမီးတွေ 6_ခွးမှုထမ်းပါရင် သူတို့ဖ_မ်းလှောင်ထားသူထဲက တယောက်ထုတ်ပြီး လူစားလဲလိုက်တာ။
အဲ့ဒီလို လူမှောင်ခိုလုပ်နေတာတွေက ပျုစောထီး နဲ့ အုပ်ကြီးတွေရဲ့ အဓိက စီးပွားရေးပဲ။
မြန်မာပြည်မှာ ငွေရှိရင် ဘာအတွက်မဆို လူစားထိုးလို့ရတယ်။
ထောင်ကျတာကိုတောင် လူစားထိုး ကျခံပေးသူရှိတယ်။
Thorn Nay Soe


Leave a Reply