ရန်ကုန်မြို့ကြီး ကံကောင်းခဲ့သည်

ရန်ကုန်မြို့ကြီး ကံကောင်းခဲ့သည်

🌍 တရုတ်နဲ့ မြန်မာနိုင်ငံမှာ Magnificent 5.2 အဆင့်တူ မြေငလျင် ၁၂ နာရီသာခြားကာ လှုပ်ခတ်ခဲ့ပေမယ့် အကျိုးသက်ရောက်မှုဘာ့ ကြောင့်အရမ်းကွာသွားရတာလဲ?

ယမန်နေ့ညက တရုတ်နိုင်ငံ‌ တောင်ပိုင်းမှာ Magnitude 5.2 အဆင့် အားအသင့်အတင့်မြေငလျင်လှုပ်ခတ်ခဲ့ပြီး အိမ်တချို့ပြိုကျကာ လူ ၂ ဦးသေဆုံးခဲ့ရပါတယ်။

ဒီမနက်မှာတော့ မြန်မာနိုင်ငံမြို့‌ တော်ရန်ကုန်မြို့ကြီးအနီးမှာ အလားတူ Magnitude 5.2 တူညီတဲ့ မြေငလျင် လှုပ်ခဲ့ပါတယ်။ ဒါပေမယ့် သိသိသာသာခံစားကြရတာကလွဲပြီး ထိခိုက်ပျက်စီးမှုမရှိသလောက်ပါ။

0 Casualties ဖြစ်ပါသည်။

အဆိုပါမြေငလျင်တွေလှုပ်ခတ်ပြီးနောက်မှာ “Magnitude တူရင် အင်အားတူရမယ် မဟုတ်လား?” ဆိုသည့် မေးခွန်းများလည်းရှိလာပြီး တကယ်တော့မြေငလျင်တစ်ခုရဲ့ ဖျက်စီးနိုင်မှုအင်အားဟာ Magnitude တစ်ခုတည်းနဲ့ တိုင်းတာပြီးမဆုံးဖြတ်နိုင်ပါဘူး။

အောက်ပါအချက်အလက်များက မြေငလျင်ရဲ့ဖျက်ဆီးနိုင်မှုအဓိကသော့ချက်အဖြစ် ရှိနေတာပါ။

၁။ မြေငလျင်ဗဟိုချက်နှင့် အနီးဆုံးမြို့ရဲ့အကွာအဝေး။

🇨🇳 တရုတ်မြေငလျင်ဟာ အနီးဆုံးမြို့မှ ၁၄ မိုင်ခန့်သာကွာဝေးပါသည်။ ၁၄ မိုင်ဆိုတာ အားအင့်အတင့်မြေငလျင်လှုပ်ခတ်မှုအင်အားမြို့ပြထဲကိုအလွယ်တကူတိုက်ရိုက်ဝင်ရောက်သွားနိုင်တဲ့ အကွာအဝေးတစ်ခုပါ။

🇲🇲 ယနေ့မနက်ကလှုပ်ရှားခဲ့သည့်မြန်မာမြေငလျင်ကိုကြည့်ပါက ငလျင်ဟာ ရန်ကုန်မြို့မှတောင်ဘက် ၂၆ မိုင်ဝန်းကျင် အကွာကိုဗဟိုပြုခဲ့တာဖြစ်ပြီး အားအသင့်အတင့်မြေငလျင်ရဲ့ လှုပ်ခတ်မှုအားတချို့က Location ဝေးသွားလေလေ အားလျော့သွားလေဖြစ်လို့ ရန်ကုန်မြို့ကြီးမှာ ပျက်စီးဆုံးရှုံးမှုမရှိ 0 Casualties ဖြစ်ရခြင်းပါ။ မြင်သာအောင်ပြောရပါက မြေငလျင်လှိုင်းတွေဟာ ရေထဲမှာကျောက်စရစ်ခဲပစ်ချလိုက်သလို ပျံ့နှံ့သွားတာဖြစ်ပြီး ဗဟိုချက်နီးလေလေ လှုပ်ခတ်မှုအင်အားက ပြင်းထန်လေလေပါ။

၂။ မြေအောက်အနက် (Depth)

တရုတ်၊ မြန်မာနှစ်နိုင်ငံစလုံးမှာလှုပ်ခဲ့တဲ့မြေငလျင်ဟာ မြေအောက်အနက် ၆ မိုင်ခန့်သာရှိတာကြောင့် “ဇောက်တိမ်ငလျင်” (Shallow earthquake) အမျိုးအစားဖြစ်ပြီး ဇောက်တိမ်တဲ့ငလျင်တွေက အပေါ်ယံမြေမျက်နှာပြင်အနီးမှာ စွမ်းအင်ထုတ်လွှတ်တာကြောင့် အန္တရာယ်က သိသိသာသာပိုများပါသည်။

ဥပမာ — Magnitude 5.2 ချင်းတူပေမယ့် မြေအောက် ၆ မိုင်အနက်မှာလှုပ်ရင် ခံစားရမှုပြင်းထန်နိုင်ပြီး မြေအောက်မိုင် ၆၀ အနက်မှာလှုပ်ပါက မသိမသာခံစားရမှာဖြစ်ပြီး ပျက်စီးမှုလည်းနည်းပါမည်။

၃။ အဆောက်အဦးများရဲ့ အရည်အသွေး။

မြေငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အဦးနှင့် မြေငလျင်ဒဏ်မခံနိုင်တဲ့အဆောက်အဦး မြေငလျင်လှုပ်နေစဉ် တုန့်ပြန်မှု၊ အကျိုးသက်ရောက်မှုက အရမ်းကွာပါသည်။ တချို့ဒေသတွေမှာ အိမ်အိုဟောင်းများ၊ အုတ်တိုက်အမာများ၊ seismic design မပါဝင်တဲ့ အဆောက်အဦး တည်ဆောက်မှုများဟာ မြေငလျင် Magnitude မကြီးပေမယ့် အသင့်အတင့်မြေလှုပ်ရှားမှုကြောင့် အချိန်မရွေးပြိုကျနိုင်တဲ့အန္တရာယ်က အသင့်ရှိ‌နေပါတယ်။

၄။ မြေအမျိုးအစား။

မြေသားပျော့တဲ့နေရာတွေမှာ မြေငလျင်လှိုင်းတွေဟာ ပိုပြီးတုန်ခါတတ်ပါသည်။
ဥပမာ — မြစ်ဝှမ်း၊ နုန်းမြေ၊ စိုထိုင်းမြေတွေမှာ လူသားများကလှုပ်ခတ်မှုအားကို အပြည့်အဝခံစားရနိုင်ပြီး ကျောက်သားလိုမာကြောတဲ့နေရာတွေမှာ လှုပ်ခတ်အားခံစားမှုကနည်းသွားတက်ပါသည်။

၅။ လူနေထူထပ်မှု။

မြေငလျင်တစ်ခုလူနေထူတဲ့မြို့အနီးဗဟိုပြုလာပါက Magnitude မကြီးပေမယ့် လူထိခိုက်မှုများရဇိနိုင်ပါတယ်။ လူဦးရေနည်းတဲ့အပိုင်း၊ တောတောင်ဒေသအပိုင်း၊ ပင်လယ်ပြင်အပိုင်းမှာ လှုပ်ခတ်ခဲ့ပါက မြေငလျင်အင်အားချင်းတူပေမယ့် ထိခိုက်မှုကမတူညီနိုင်တောပါ။

⚠️ #အရေးကြီးအချက်

Magnitude ဆိုသည်မှာ မြေငလျင်က “ထုတ်လွှတ်လိုက်သည့် စွမ်းအင်ပမာဏ” ကိုတိုင်းတာတာဖြစ်ပြီး
သက်ရှိလူသားများခံစားရတဲ့ ပြင်းထန်မှု (Intensity) က ဗဟိုချက်နီးမှု၊ မြေအောက်အနက်၊ မြေအမျိုးအစား၊ အဆောက်အဦးအရည်အသွေးနှင့် လူနေထူထပ်မှုတို့အပေါ် မူတည်ပြီကွဲပြားသွားခြင်းဖြစ်ပါသည်။

နိဂုံးအနေနှင့် အထက်ကဖော်ပြချက်အကြောင်းအရာများကြောင့်သာ မြေငလျင် Magnitude 5.2 ချင်းတူညီနေပေမယ့် တစ်နိုင်ငံမှာ အိမ်ပြိုလူသေမှုဖြစ်ပြီး အခြားတစ်နိုင်ငံမှာတော့ သတိထားမိရုံ၊ သိသိသာသာအဆင့်နဲ့တင် ပြီးသွားတာဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။

မိဘပြည်သူအများ မြေငလျင်အန္တရာယ်မှ ဆက်လက်ကင်းဝေးကြပါစေ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *