မနေ့မနက် (၈) နာရီ (၃၅) မိနစ်အချိန်ခန့်က ရန်ကုန်မြို့မှာ လှုပ်ခတ်သွားတဲ့ မြေငလျင်ကြောင့် ပြည်သူအများစု လန့်ဖျန့်သွားခဲ့ကြပါတယ်နော်။
လက်ရှိအချိန်ဟာ မြန်မာ့ရိုးရာပြက္ခဒိန်အရ “တနင်္လာနေ့၊ နယုန်လဆန်း (၃) ရက်” ဖြစ်တာကြောင့် ရှေးဟောင်းကျမ်းလာ မြေငလျင်အတိတ်နိမိတ်အဟောတွေအရ ဘယ်လိုအဓိပ္ပာယ်တွေ ဆောင်နေမလဲဆိုတာ ဗဟုသုတအဖြစ် စုစည်းမျှဝေပေးလိုက်ပါတယ်။
ရှေးဟောင်းကုန်းဘောင်ခေတ်ကတည်းက လက်ဆင့်ကမ်းလာခဲ့တဲ့ “မြေလှုပ်အဟော ကျမ်းစာများ” အရ နေ့ရက်နှင့် လအလိုက် နိမိတ်ကောက်ပုံများကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် –
📌 နေ့ရက်အလိုက် နိမိတ်အဟော (တနင်္လာနေ့):
ရှေးကျမ်းများတွင် တနင်္လာနေ့၌ မြေငလျင်လှုပ်သော် “မြေဩဇာကောင်းမွန်တတ်၏” ဟု ဆိုထားပါသည်။ စိုက်ပျိုးရေးနှင့် မြေထွက်သီးနှံများအတွက် ကောင်းကျိုးပြုနိုင်သည့် အတိတ်နိမိတ် ဖြစ်ပါသည်။ 🌱
📌 လအလိုက် နိမိတ်အဟော (နယုန်လ):
လအလိုက် ကောက်ယူရမယ့် အတိတ်နိမိတ်မှာမူ သတိပြုစရာ အချက်အချို့ ရှိနေပါတယ်။ ကျမ်းအသီးသီးရဲ့ အလိုအရ –
🛑 “နယုန်လတွင် လှုပ်မူ ကိုယ်ဝန်ဆောင်မိန်းမများ ဘေးရောက်တတ်၏”
🛑 အခန်း (၂) လျင်လှုပ်အတိတ်နိမိတ်အရ – “နယုန်လတွင်လှုပ်သော် ကိုယ်ဝန်ဆောင်အမျိုးသမီးများ ကလေးပျက်တတ်၏”
🛑 လအလိုက် မြေလျင်လှုပ်အဟောအရလည်း – “နယုန်လမှ မြေလှုပ်သော် ကိုယ်ဝန်ဆောင်မိန်းမတို့ ပျက်စီးတတ်၏” ဟု ဖော်ပြထားပါသည်။
💡 ခြုံငုံသုံးသပ်ချက် အတိတ်နိမိတ်
ထို့ကြောင့် ရှေးဟောင်းကျမ်းလာ နိမိတ်အဟောများအရ ယနေ့လှုပ်ခတ်သွားသော ရန်ကုန်ငလျင်သည် တနင်္လာနေ့ဖြစ်၍ မြေဆီလွှာ မြေဩဇာအတွက် ကောင်းမွန်သော နိမိတ်ဆောင်သော်လည်း၊ နယုန်လဖြစ်နေသည့်အတွက် မိခင်လောင်းများနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအနေဖြင့် ကျန်းမာရေးနှင့် သွားလာနေထိုင်ရေးကို အထူးဂရုစိုက်ရန် သတိပေးချက်အဖြစ် ရှေးလူကြီးများက အတိတ်နိမိတ် ကောက်ယူခဲ့ကြပါတယ်။
ဒါကတော့ ရှေးဟောင်းကျမ်းလာ ယုံကြည်မှုဗဟုသုတများဖြစ်ပြီး မိမိတို့ပတ်ဝန်းကျင်က ကိုယ်ဝန်ဆောင်မိခင်လောင်းများ သတိပြုဆင်ခြင်ပြီး ဘေးကင်းဝေးနိုင်အောင် အချင်းချင်း Share ပေးပြီး သတိပေးလိုက်ကြပါဦးနော်။ 🤰❤️
၂၀၁၈ ကနေ ၂၀၂၆ အထိ ငလျင်မှတ်တမ်းတွေကို တခုပြီးတခု ဆက်စပ်ကြည့်လိုက်ရင် ရန်ကုန်၊ ဧရာဝတီ၊ ဒေးဒရဲ၊ မုတ္တမပင်လယ်
ကွေ့ တကြောမှာ မြေပြင်အောက်က ဖိအားတွေဟာ “ပြန်လည်အသက်ဝင်လာတဲ့ပုံစံ”ကို တဖြည်းဖြည်း ပိုမြင်လာရပါတယ်။
📍 အရင်တုန်းက တနှစ်နေမှ တချက်လောက် လှုပ်တဲ့ပုံစံ။
📍 အခုနောက်ပိုင်း တနေရာတည်း မဟုတ်တော့ဘဲ…
▪️ အနောက်ဘက်
▪️ တောင်ဘက်
▪️ ပင်လယ်ကမ်းရိုးတန်း
▪️ ရန်ကုန်အောက်ပိုင်း
▪️ ပဲခူးဆက်စက်တကြော စတဲ့နေရာတွေမှာ အုပ်စုလိုက် ဖြန့်လွှတ်လှုပ်ခတ်လာတဲ့ပုံစံ ပြန်တက်လာနေပါတယ်။
အရေးကြီးတာက —
ဒီငလျင်တွေဟာ “အင်အားကြီးမှ အန္တရာယ်ရှိတာ” မဟုတ်တော့ပါဘူး။
ရန်ကုန်အပါအ၀င် မြစ်၀ကျွန်းပေါ်ဒေသရဲ့ မြေအောက်ခံဟာ မာကျောတဲ့ကျောက်သားချည်းမဟုတ်ဘဲ…
🌊 မြစ်ဝကျွန်းပေါ် နုန်းမြေထူထပ်တဲ့ မြေပျော့အင်တုံကြီး ဖြစ်နေပါတယ်။
ဒီလိုမြေမျိုးက —ငလျင်လှိုင်းကို “ခုခံတား” မပေးဘဲ…
⚠️ ပိုယိမ်းစေတယ်
⚠️ ပိုကြာစေတယ်
⚠️ ပိုချဲ့ပေးတတ်ပါတယ်။
ဒါကြောင့် —တခြားဒေသမှာ “သိပ်မပြင်းဘူး” ဆိုတဲ့ ငလျင်တောင်…ရန်ကုန် နဲ့ဆက်စပ်တကြောမှာတော့
🏢 အထပ်မြင့်တွေ
🏬 ကွန်ဒိုတွေ
🏗️ မြေပျော့ပေါ်ဆောက်ထားတဲ့တိုက်တွေမှာ “ကြာရှည်ယိမ်းခါမှု” ပိုသိသာနိုင်ပါတယ်။
ရန်ကုန်အနီးပတ်လှုပ်နေ။
မနေ့က(၄)ကြိမ်
ဒီမနက်(၂)ကြိမ်








Leave a Reply