မန္တလေးမှာ မီနီအိုးဝေ သုံးဘီးယာဉ်တစ်စီးက ဆွမ်းခံကြွနေတဲ့ သံဃာတော် တစ်ပါးကို တိုက်မိပြီး ထွက်ပြေး

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၂ လမ်း၊ လမ်း ၄၀ နဲ့ ၄၁ လမ်းကြားမှာ ဒီနေ့ ဇွန်လ ၂ ရက် မနက်ပိုင်းက ဆွမ်းခံကြွနေတဲ့ သံဃာတော် တစ်ပါးကို မီနီအိုးဝေ သုံးဘီးယာဉ် တစ်စီးက တိုက်မိခဲ့တယ်လို့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။
အဆိုပါ ယာဉ်တိုက်မှု ဖြစ်ပြီး ခဏအကြာမှာ မီနီအိုးဝေ မောင်းလာတဲ့ ယာဉ်မောင်းက မောင်းပြေးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး မဏိစလ လူမှုကူညီရေးအသင်း (မန္တလေး) က ထုတ်ပြန်ထားပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ အဆိုပါ သံဃာကိုတော့ မန္တလေးပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနကို ပို့ဆောင်ထားတယ်လို့ မဏိစလ လူမှုကူညီရေးအသင်း (မန္တလေး) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိမှာတော့ သံဃာတော်ရဲ့ အခြေအနေနဲ့ ယာဉ်တိုက်မှု ဖြစ်စဉ် အသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။

မန္တလေးမြို့မှာ မောင်းနှင်နေတဲ့ မီနီအိုးဝေ သုံးဘီးယာဉ် အများစုဟာ ယာဉ်စည်းကမ်း လိုက်နာမှု အားနည်းတာ၊ ယာဉ်အချင်းချင်း အပြိုင်မောင်းနှင်တာတွေကြောင့် ဝေဖန်မှုတွေလည်း မြင့်တက်နေသလို ယာဉ်စည်းကမ်း ကြပ်မတ်ပေးဖို့ မြို့ခံတွေကလည်း တောင်းဆိုမှုတွေ ရှိနေပါတယ်။
ဓာတ်ပုံ- မဏိစလလူမှုကူညီရေးအသင်း(မန္တလေးမြို့)


Leave a Reply