စံခလပူရီ၌ဖြစ်ပွားခဲ့သည် ၇ နှစ်အရွယ် မိန်းက လေးငယ်အသတ်ခံရမှုနှင့်ပတ်သက်ပြီး သံသယရှိသည်ဟုဆိုကာ ဘုန်းကြီး ၄ ပါးနှင့် အမျိုးသား ၃ ဦးကို ခေါ်ယူစစ်ဆေးနေ

ထိုင်း မြန်မာနယ်စပ် ဘုရားသုံးဆူအနီးရှိ ထိုင်းနယ်မြေအပိုင်ဖြစ်သည့် စံခလပူရီ၊ Tikhrong ရွာတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အသတ်ခံရသည့်ကလေးငယ်မှာ ပြီးခဲ့သည့် မေ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က နေအိမ်မှ မုန့်ဈေးတန်းသို့ ထွက်ခွာသည့်ချိန်မှပျောက်ဆုံးခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်နှင့် နီးစပ်သူများမှ သိရသည်။
ယမန်နေ့ ဇွန် ၁ ရက်နေ့ နံနက် ၁၀ နာရီခွဲ့ခန့်က မိန်းကလေးငယ်ကို ၎င်းနေထိုင်ရာ နေအိမ်နှင့် ၁ ကီလိုမီတာကွာဝေးသည့် စံခလပူရီ၊ ခေါင်းရမ်း ဘုန်းကြီးကျောင်းအနီး ခြံတစ်ခုတွင် ရှာဖွေတွေ့ရှိခဲ့ပြီး အလောင်းတွင် လည်ပင်းပြတ်ရှဒဏ်ရာဖြင့် ပုပ်ပွသေဆုံးနေသည်ကို တွေ့ရှိရသည်ဟု မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးကဆိုသည်။

ကနဦး စစ်ဆေးချက်အရ ကလေးမလေးရဲ့ လည်ပင်းမှာ ညှစ်ထားတဲ့ ဒဏ်ရာအပြင် နံဘေးနဲ့ ကျောကုန်းမှာလည်း အညိုအမဲ ဒဏ်ရာတွေ တွေ့ရပါတယ်။
အဆိုးရွားဆုံးကတော့ အင်္ဂါစပ်မှာ စုတ်ပြဲဒဏ်ရာတွေ တွေ့ရသည်ဟု ထိုင်းရဲတပ်ဖွဲကထုတ်ပြန်ထားသည်။
မိန်းကလေးငယ်အသတ်ခံမှုနှင့်ပတ်သက်ပြီး သံသယရှိသည်ဟုဆိုကာ ဘုန်းကြီး ၄ ပါးနဲ့ ရွာထဲက အမျိုးသား ၃ ဦးကိုလည်း ခေါ်ယူစစ်ဆေးပြီး သိပ္ပံနည်းကျ DNA သက်သေတွေ ယူထားသည်ဟု ထိုင်းရဲတပ်ဖွဲကဆိုသည်။

ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့က သူမဟာ ရွာထဲမှာ အစည်းအဝေးသွားနေရလို့ အိမ်မှာမရှိပါဘူး။ မနက်ပိုင်းမှာ သမီးဖြစ်သူက ဥဝယ်ပြီး ကြက်ဥကြော်စားဖို့ ဆိုင်ကိုသွားခဲ့ပါတယ်။
အဲဒီနောက် ရွာအထက်ပိုင်း ဘုန်းကြီးကျောင်းနားမှာ သွားကစားမယ်လို့ အိမ်ကလူတွေကို ပြောပြီး ထွက်သွားခဲ့တာပါဟု အသတ်ခံရသည့် မိန်းကလေးငယ်၏မိခင်ဖြစ်သူကပြောသည်။
ညနေပိုင်း အိမ်ပြန်ရောက်လို့ သမီးကို လိုက်ရှာတဲ့အခါမှာတော့ ဆွေမျိုးတွေအိမ်မှာ ရှိနေတယ်လို့ အစက ထင်ခဲ့ပေမဲ့ ဖုန်းဆက်မေးကြည့်တော့ ဘယ်သူမှ မတွေ့ဘူးလို့ ပြောကြတယ်။
နောက်ဆုံး သိရတဲ့ သတင်းအရ သမီးလေးကို နေ့လယ် ၂ နာရီလောက်မှာ ဘုန်းကြီးကျောင်းဘေးက ညောင်ပင်ကြီးနားမှာ တွေ့ခဲ့ရပြီး အဲဒီနောက်ပိုင်းမှာတော့ လုံးဝပျောက်ဆုံးသွားခဲ့တာပါ။

၂ ရက်တိုင်တိုင် ရှာဖွေခဲ့ကြပေမဲ့ အခုလို အလောင်းအဖြစ်နဲ့သာ ပြန်တွေ့ခဲ့ရပါ မိခင်ဖြစ်သူက ပြောကြားသည်။
ကလေးမလေး ပျောက်ဆုံးတဲ့နေ့ ညပိုင်းမှာ အလောင်းတွေ့တဲ့နေရာနဲ့ မျက်စောင်းထိုးက နတ်ကွန်းမှာ ရုပ်ရှင်ပြပွဲရှိနေပြီး အသံချဲ့စက်တွေ အလွန်ကျယ်နေတာကြောင့် ကလေးငယ်ရဲ့ အော်သံတွေကို ဘယ်သူမှ မကြားခဲ့တာ ဖြစ်နိုင်တယ်လို့ဘန်ထီးခလုံးကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကဆိုသည်။
ဇွန်လ ၁ ရက်နေ့ မနက်မှာတော့ ရော်ဘာခြံထဲကို အလုပ်ဆင်းတဲ့ ရွာသားတစ်ဦးက အပုပ်နံ့ရလို့ သွားကြည့်ရာကနေ အလောင်းကို တွေ့ခဲ့တာပါ။ ကလေးမလေးဟာ ဘေးစောင်းအနေအထားနဲ့ သေဆုံးနေပြီး လက်နှစ်ဖက်က နောက်ပြန်ချုပ်ထားသလို ဖြစ်နေပါတယ်။

အနားက မြေကြီးတွေနဲ့ သစ်ရွက်တွေ ပုံပျက်နေတာကြောင့် အတင်းအကျပ် ရုန်းကန်ခဲ့ရတဲ့ ပုံစံရှိပါတယ်ဟု ထိုင်းရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားသည်။
ကလေးမလေး ဝတ်ထားတဲ့ ရွှေနားကပ်နဲ့ လက်ထဲက ဖုန်းကတော့ ပျောက်ဆုံးသွားခြင်း မရှိပါဘူး။ ဒါကြောင့် တရားခံဟာ ပစ္စည်းလိုချင်လို့ မဟုတ်ဘဲ တခြားရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာလို့ ရဲတပ်ဖွဲ့က ထိုင်းရဲတပ်ဖွဲ့ကဆိုသည်။
ကလေးမလေး နောက်ဆုံးကစားနေတဲ့ ညောင်ပင်နားမှာ ရပ်ထားတာကို တွေ့ခဲ့ရလို့ ဘုရားသုံးဆူဒေသ (ဘန်ထီးခလုံး) တရားရိပ်သာက ပစ်ကပ်ကားတစ်စီးကို သိမ်းဆည်းစစ်ဆေးနေတယ်ဟု ဒေသခံတစ်ဦးကပြော သည်။
Crd- ထိုင်းရတ်သတင်းစာ


Leave a Reply