အားငူလေး ဆုံးသွားရခြင်းနဲ့ဆက်စပ်ပီး မဆုံးခင်က သတင်း နောက်ဆက်တွဲ အဆက်
အသက်7နှစ်အရွယ် အားငူဟာ မြန်မာပြည်ဖွား မွန်လူမျိုးဖြစ်တယ်။
ကန်ချနပူလီမြို့ဘက်မှာ အားငူတို့မိသားစုက နေထိုင်ကြပါတယ်ရှင့်။
အားငူတို့မှာ မောင်နှမ၃ယောက်ရှိပီး မိန်းကလေးတွေကြီးပဲ၊ အားငူက သမီးအလတ်ပါ၊
အားငူပျောက်သွားတဲ့ နေ့က (30.05.2026)နေ့က၊ အားငူက မုန့်သွားဝယ်စားမယ်ဆိုပီး အဲနေ့ထဲက ပြန်မလာတော့တာတဲ့ရှင့်။
အားငူရဲ့ မိဘတွေက အလုပ်ဆင်းနေတော့၊ အားငူကို မတွေ့တော့ မေးတယ်။
အမျိုးတွေကလဲ အားငူ သူငယ်ချင်းအိမ်မှာ သွားဆော့တယ်ပဲ ထင်နေကြထင်ပီး ၊အားငူရဲ့ အမေကို သူငယ်ချင်းအိမ်မှာ နေမယ်လို့ ပြောလိုက်တယ်။
ဘာကြောင့်လဲဆို သူငယ်ချင်းအိမ်က အားငူ အမြဲတမ်းဆော့နေကျဆိုတော့ အမေကလဲ စိတ်ချနေလိုက်တယ်။
သမီးလေး ပြန်မလာတော့ အမေက လိုက်ရှာတယ်၊ ၂ ရက်မြောက်နေ့ထိ အားငူကို မတွေ့ကြသေးဘူး။
1 ရက်နေ့မှာ ရွာကသူတွေက ရာဘာခြစ်သွားရာမှ အပုပ်နဲ့ရလို့ သွားကြည့်တာ အားငူလေး ဖြစ်နေပါတယ်။
အလောင်းကို ရာဘာခြံနဲ့ မနီးမဝေး ဝါးရုံတောနားမှာ လာပစ်ထားတယ်ရှင့်။
အင်ကျီက အပေါ်ကို ဆွဲတင်ထားပီး၊ ဘောင်းဘီက အောက်ကို ဆွဲကျနေတယ်။
လည်ပင်းနဲ့ဦးခေါင်းမှာ ထုရာတွေ၊မတ်စေ့အောက်မှာ ဒဏ်ရာတွေ တွေ့ပီး အားငူဟာ ရက်ရက်စက်စက် အ-€-က်-ခံလိုက်ရတာ၊
အားငူပျောက်တာ 30ရက်နေ့ထဲက၊ 1ရက်နေ့မှ တွေ့ရတဲ့ အကြောင်းက ၊ဖြစ်ချင်တော့ မိုးတွေကြီးလို့ ရာသာခြစ်သမားတွေက မခြစ်ရတာ ၂ရက်ရှိပီ။
၁ရက်နေ့ကမှ အလုပ်ပြန်ဆင်းရင်း ဝါးရုံတောနားမှာ အလောင်းကို သွားတွေ့ကြတာ။
ရဲတွေက သံသယ ရှိသူ ၄ယောက်ကို စစ်ဆေးဖို့ ခေါ်သွားကြတယ်။
ဘုန်းကြီး ၂ ပါး၊လူ ၂ ယောက်၊ ဘုန်းကြီး ၂ ပါးကို ခေါ်မေးရတဲ့အကြောင်းက အားငူဟာ မုန့်သွားဝယ်စားပီး ဘုန်းကြီးကျောင်းနားမှာ ဖုန်းထိုင်ဆော့နေခဲ့တာ။
ဒါကြောင့် ဘုန်းကြီးကျောင်းနေရာ အနီးမှာ ဘာတွေ့မိကြလဲဆိုပီး ဘုန်းကြိးတွေကို ခေါ်မေးကြတာ။
လူ ၂ ယောက်ကို သံသယရှိသူအဖြစ် ခေါ်ထားပီး၊ ၁ယောက်က အသက် ၄၅ နှစ် နိုင်မွန်၊ နိုင်မွန်ကတော့ မြင်းဆေးချထားလို့ ဆေးမှုနဲ့ ဖမ်းထားတယ်။
ကျန် ၁ ယောက်ကို မေးနေတုန်းပဲရှင့်။ တရားခံ ဘယ်သူဆိုတာ အတိကျ မထွက်လာသေးဘူး။
နောက်ဆုံးရ သတင်းက အားငူလေး အလောင်းကို ဆေးရုံသယ်သွားပီး DNA စစ်ဆေးနေဆဲပါ၊ အဖြေမထွက်လာသေးပါဘူးရှင့်။
သမီးလေး အားငူရဲ့ အလောင်းစစ်ဆေးချက်ရလဒ်ထွက်လာပီ
ဖြစ်စဉ်ကို မသိသေးသူတွေ အတိုချုပ်ရှင်းပြပေးမယ်။
အားငူဟာ အသက် 7 နှစ်၊ မောင်နှမ ၃ ယောက်ရှိပီး အားငူက အလတ်သမီးဖြစ်ပီး၊ အားငူတို့မိသားစုဟာ ကန်ချနပူလီမှာနေထိုင်ကြတယ်။
အားငူလေးဟာ ပီးခဲ့တဲ့ (30.5.26)နေ့ထဲက အိမ်ကပျောက်သွားပီး၊ ၂ ရက်ကြာမှ (1.06.26)နေ့မှာ အလောင်းကို ဝါးရုံတောအောက်မှာ ပြန်ရှာတွေ့ကြတယ်။
3ရက်နေ့ အပ်ဒိပ် အားငူအလောင်း စစ်ဆေးချက်က ပြု(xxx)ခံထားရတဲ့ အချက်လက်တွေ ထွက်လာပီး၊ အားငူကို ရက်ရက်စက်စက် €-က်သွားပီး ၊ဝါးရုံတောမှာ ပစ်သွားခဲ့တာ။
အလောင်းပြန်တွေ့ပုံစံက အင်ကျီက အပေါ်ရောက်နေပီး ဘောင်းဘီက အောက်တွဲကျနေတယ်။
အလောင်းစတွေ့တာက ရာဘာခြစ်သွားတဲ့ သူတွေက ပုပ်နံ့ရလို့ သွားကြည့်ရာမှ စတွေ့ခဲ့ကြတယ်။
ဒါဆို အားငူလေး မဆုံးခင်က နောက်ဆုံးပုံကို CCTV မှာရှာကြပါတယ်ရှင့်။
-29.05.26 နေ့ ၊(မနက် 6:21က )အားငူလေးဟာ အိမ်နားမှာ ကျောင်းသွားဖို့ ပုံမှန်ကားစောင့်နေတယ်။
-29.05.26 နေ့၊ ညနေ 5:36မှာ နို့ဝေပေးတယ်ဆိုလို့ အားငူက အမျိုးဆိုင်ကယ်နဲ့အတူ နို့သွားယူတယ်။
-30.05.26 နေ့မှာ အားငူဟာ မုန့်သွားဝယ်ပီး၊ ဘုန်းကြီးကျောင်းနားမှာ ဖုန်းထိုင်ဆော့နေတယ်။
ဖြတ်သွား ဖြတ်လာသူတွေက အားငူကို ဘုန်းကြီးကျောင်း နားမှာတွေ့ပီး အားငူ ဖုန်းပြောနေတာကို မြင်တယ်လို့ ပြောပြကြတယ်။
အဲဒီ 30 ရက်နေ့ နောက်ပိုင်းဟာ အားငူရဲ့ နောက်ဆုံးပုံရိပ်ပဲ ဖြစ်ပါတယ်။
တရားခံဟာ အားငူကို ခေါ်သွားမဲ့ လမ်းကြောင်း ၂ ခုရှိပါတယ်ရှင့်။
ပထမလမ်းကြောင်းက ဘုန်းကြီးကျောင်းနားမှာ ထိုင်နေတဲ့ အားငူကို ခေါ်သွားနိုင်ခြေရှိနိုင်ပီး၊
ဒုတိယလမ်းကြောင်းက အားငူရဲ့ အလောင်းတွေ့တဲ့ ဝါးရုံဘက်နဲ့ တလမ်းထဲမှာ ပိတ်ကားထောင်ရုပ်ရှင်ပြပွဲရှိတယ်။
အားငူဟာ ကလေးပီပီ ပိတ်ကားရုပ်ရှင်သွားကြည့်ရင်းနဲ့ တရားခံက တခုခုနဲ့မျှားကာ ခေါ်သွားတာလာဆိုတာ၊ အဲဒီ ၂ ခုထဲက ၁ ခုပဲဖြစ်ရမယ်။
ဘာကြောင့်လဲဆို အလောင်းရဲ့ အနီးမှာ မုန့်ထုပ်လေးနဲ့ နို့ဘူးလေး ကျနေပါတယ်။
အားငူကို မုန့်နဲ့မျှားပီး ခေါ်လာတာလားဆိုတာ၊ မုန့်နဲ့နို့ဘူးက လက်ဘွေရာတွေကို စစ်ဆေးနေပါတယ်ရှင့်။
လက်ရှိ ကန်ချနပူလီမြို့က အကြီးဆုံးအရာရှိကြီးတွေ ကိုတိုင် အားငူအမှုကို စစ်ဆေးနေပါတယ်ရှင့်။
အခု အားငူ အမှုနဲ့ ဆက်စပ်တဲ့သူ ၁၂ယောက်ကို စစ်မေးနေပီး DNA ပါစစ်နေပီး၊ ဒီသူတွေဟာ (ဘုန်းကြီး၊ ဘုန်းကြီးကျောင်းသား၊ ရွာထဲကသူတွေ၊ ကော်ဆန့်သမားတွေ ဖြစ်ကြပါတယ်ရှင့်။
အဲဒီ ၁၂ယောက်ထဲက DNA နဲ့ အားငူရဲ့ DNA ကိုက်မကိုက် စစ်ဆေးပီး တရားခံက ၁၂ယောက်ထဲက ၁ယောက်ပဲ ဖြစ်ရမယ်တဲ့ရှင့်။
တကယ်လို့ DNA မကိုက်ညီခဲ့ရင် တရားခံကို မမိမချင်း အဆုံးထိ ရှာဖွေမယ်လို့ သိရပါတယ်။
အားငူလေးအတွက် တရားမျှတမှု ရပါစေရှင့်။
ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက လူမှုကွန်ရက်ပေါ်မှာ လူအများ စိတ်ပူပြီး ဝိုင်းဝန်းရှာဖွေပေးနေကြတဲ့ (၇) နှစ်အရွယ် မွန်တိုင်းရင်းသူ သမီးငယ်လေး “နောင်းအ့ငွန်း” ရဲ့ ရင်ကွဲစရာ သတင်းဆိုးကြီးကို အရမ်းစိတ်မကောင်းစွာနဲ့ပဲ ထပ်မံ မျှဝေပေးလိုက်ရပါတယ်။
😭 ပျောက်ဆုံးရာကနေ အသက်မဲ့ ခန္ဓာနဲ့ ပြန်တွေ့ခဲ့ရတဲ့ သမီးလေး
ပြီးခဲ့တဲ့ မေလ (၃၀) ရက်နေ့ကတည်းက ပျောက်ဆုံးနေခဲ့တဲ့ သမီးလေးကို… မိသားစုဝင်တွေနဲ့ ဒေသခံတွေက နေ့ရောညပါ အပူတပြင်း လိုက်လံရှာဖွေနေခဲ့ကြတာပါ။ ပြန်တွေ့ရင်လည်း အသက်ရှင်လျက်လေးပဲ ဘေးကင်းကင်းနဲ့ တွေ့ရပါစေလို့ အားလုံးက ဆုတောင်းနေခဲ့ကြပေမယ့်… ကံကြမ္မာက ရက်စက်လွန်းစွာနဲ့ပဲ၊ ဒီကနေ့မှာတော့ သမီးလေးကို အသက်မရှိတော့တဲ့ အခြေအနေနဲ့ ရင်နာဖွယ် ပြန်လည်တွေ့ရှိခဲ့ရပြီ ဖြစ်ပါတယ်။
⚠️ သံသယရှိသူ အမျိုးသားကို ဖမ်းဆီးရမိထား
အပြစ်ကင်းစင်တဲ့ သမီးလေးကို ဘယ်လို လူမဆန်တဲ့သူကများ အခုလို လုပ်ရက်တာလဲဆိုပြီး ပြည်သူတွေအားလုံး ဒေါသထွက်နေကြပါတယ်။ လက်ရှိ သတင်းတွေအရ သမီးလေးဟာ ပြစ်မှုတစ်ခုခုရဲ့ သားကောင်ဖြစ်ခဲ့ရတယ်လို့ သံသယရှိနေကြပြီး… ကျူးလွန်သူလို့ ယူဆရတဲ့ အမျိုးသားတစ်ဦးကိုလည်း တာဝန်ရှိသူတွေက ဖမ်းဆီးထိန်းသိမ်းထားပြီလို့ သိရပါတယ်။
ကလေးမလေး ဘာကြောင့် အခုလို အသက်ဆုံးရှုံးခဲ့ရတာလဲ ဆိုတာကို အသေးစိတ် စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး၊ သမီးလေးအတွက် ထိုက်တန်တဲ့ တရားမျှတမှု အမြန်ဆုံး အဖြေပေါ်ထွက်လာဖို့ မျှော်လင့်မိပါတယ်။
ဒီလို ရင်ကွဲစရာ ကောင်းလွန်းတဲ့ ဖြစ်စဉ်ဆိုးကြီးဟာ ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စန်ခလဘူရီမြို့နယ် မှာ ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။
ကွယ်လွန်သွားတဲ့ သမီးငယ်လေး “နောင်းအ့ငွန်း” ကောင်းရာသုဂတိလားပါစေလို့ မှတ်ချက် (Comment) မှာ ဆုတောင်းပေးခဲ့ကြပြီး… သမီးလေးအတွက် တရားမျှတမှု အမြန်ဆုံး ရရှိစေဖို့နဲ့ လူအများ သိရှိနိုင်အောင် ဒီပိုစ့်လေးကို အခုပဲ ဝိုင်းဝန်း မျှဝေ ပေးသွားကြပါဦးခင်ဗျာ။ 🙏🥀


Leave a Reply