📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ရေကြည်မြို့နယ်ရှိ စစ်အုပ်စု၏ တောင်ကုန်း ၂ ခုကို AA နှင့် မဟာမိတ်တပ်များ တိုက်ခိုက်သိမ်းပိုက်

သုံ့ပန်း ၁၀ ဦးဖမ်းမိဟုဆို

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ် ရိုးမအစပ်ရှိ စစ်အုပ်စုတပ်စွဲထားသော စိုးမိုးတောင်ကုန်းနှစ်ခုကို အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းမဟာမိတ်တပ်များက ဇွန်လ ၁ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

​ရေကြည်မြို့နယ်၊ ကြောင်လျှာကျေးရွာအနီးရှိ စစ်အုပ်စု၏ အခြေစိုက်ခြေကုတ်စခန်းနှင့် စိုးမိုးတောင်ကုန်း နှစ်ခုကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စုတပ်ဘက်မှ သုံ့ပန်း ၁၀ ဦးကိုလည်း အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“ဇွန်လ ၁ ရက်နေ့မှာပါ၊ ဖြစ်တာက ကြောင်လျှာရွာနားဆိုတာက ရိုးမတောင်နဲ့ကပ်နေတာ။ အဲရွာနားမှာရှိတဲ့ စခန်းနှစ်ခုကို သိမ်းပိုက်လိုက်တာ။ အဲစခန်းတွေက စစ်ကောင်စီ(စစ်အုပ်စု)ရဲ့ ခြေကုတ်စခန်းကုန်း နှစ်ခုဖြစ်တယ်ဗျ။ မဟာမိတ်ပူးပေါင်းတပ်တွေက အပြီးသတ် စီးနင်းသိမ်းပိုက်ချိန်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်ကိုလည်း သုံ့ပန်းအဖြစ် အရှင်ဖမ်းဆီးရမိထားပါတယ်” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောသည်။

လက်ရှိတွင် ဧရာဝတီတိုင်းအတွင်းရှိ သာပေါင်း၊ ရေကြည် နှင့် လေးမျက်နှာမြို့နယ်များတွင် အာရက္ခတပ်တော် (AA)၊ ပူးပေါင်းမဟာမိတ်တပ်များနှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း ဒေသခံများထံမှသိရသည်။

​စစ်အုပ်စုသည် ဧရာဝတီတိုင်းအတွင်း စစ်မျက်နှာဖွင့်လာသည့် အာရက္ခတပ်တော်နှင့် မဟာမိတ်တပ်များကို ခုခံရန်အတွက် သာပေါင်းမြို့နယ်ရှိ မရမ်းချို၊ ညောင်မှော်သောင်တန်း၊ ရွှေရင်မျှော်ကုန်းနှင့် ဘုရားကြီးစသည့် နေရာများတွင် စစ်မှုထမ်းဥပဒေဖြင့် ဖမ်းဆီးစုဆောင်းထားသော တပ်သားသစ်များကို အင်အားဖြည့်တင်းကာ စစ်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်းလည်း ဒေသခံများကဆိုသည်။

​”စစ်တပ်ဘက်ကတော့ သာပေါင်းမြို့နယ်ထဲက ကုန်းတောင်တန်းတွေမှာ စစ်မှုထမ်းအသစ်တွေကို အင်အားအလုံးအရင်းနဲ့ ဖြည့်ထားတယ်။ မြစ်ကြောင်းဘက်ကနေပါ ခုခံဖို့ ပုသိမ်ငဝန်မြစ်ထဲမှာ စစ်သင်္ဘောတွေ အထိုင်ချဖို့ လုပ်နေတာမျိုးလည်း တွေ့ရတယ်” ဟု သာပေါင်းမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

​ထို့အပြင် ပုသိမ်မြို့ ငဝန်မြစ်အတွင်းရှိ ဘုရားကြီးကျေးရွာတဝိုက်တွင်လည်း စစ်အုပ်စုက စစ်ရေယာဉ်များကို အထိုင်ချ၍ ခုခံစစ်အတွက် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။

ရခိုင်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ရခိုင်ရိုးမအစပ် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များတွင် ယခုနှစ်ဆန်းပိုင်းမှစတင်ကာ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာနေပြီး စစ်အုပ်စုဘက်ကလည်း လေကြောင်းပစ်ကူနှင့် စစ်အင်အား ဖြည့်တင်းမှုများကို ဆက်တိုက်လုပ်ဆောင်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်