📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ဧရာဝတီတိုင်းနယ်လုံဝန်ကြီး၏ တူဖြစ်သူကို ဖမ်းဆီးခဲ့သည့် တပ်ရင်းမှူးနှင့်အဖွဲ့ စစ်ဆေးခံနေရ

ဧရာဝတီတိုင်းကနေ ရန်ကုန်မြို့ကို လာလည်တဲ့ စစ်အာဏာရှင်ခန့် တိုင်းနယ်လုံဝန်ကြီးရဲ့ တူဖြစ်သူကို မြို့အဝင် X Ray စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးပြီး စစ်ကြောရေးနဲ့တည်းခိုရေးတပ်ကို ပို့လိုက်တဲ့ အမှတ် ၂၀၅ တပ်ရင်းမှူးနဲ့အဖွဲ့ စစ်ဆေးခံနေရတယ်လို့ ထန်းတပင်မြိုခံတွေဆီက သိရပါတယ်။

မေ ၃၁ ရက် ညနေက ရန်ကုန်မြို့အဝင် X Ray စစ်ဆေးဂိတ်မှာ အာဏာရှင်စစ်တပ်က ကားတစီးပေါ်ကနေ လူငယ် ၂ ယောက်ကို ဖမ်းဆီးပြီး ဘုရင့်နောင် စစ်ကြောရေးနဲ့ တည်းခိုရေးတပ်ကို ပို့လိုက်ရာ လူငယ်တယောက်ဟာ ဧရာဝတီတိုင်း နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိုးမင်းဦးရဲ့တူ ဖြစ်နေတာကြောင့် စစ်ဆေးခံရတာလို့ သတင်းအရင်းအမြစ်က ပြောပါတယ်။

“ဖမ်းခံရတဲ့ ကောင်လေးက စစ်ကြောရေးကနေ သူ့အိမ်ကို ဖုန်းဆက်လိုက်တာ၊ သူ့မိဘတွေ လိုက်လာပြီး ပြဿနာရှာတာ။ အဲဒီကျမှ ဖမ်းထားတဲ့ နယ်လုံဝန်ကြီးတူရော၊ သူ့ သူငယ်ချင်းရော ပြန်လွှတ်ပေးလိုက်တာ။ X Ray ဂိတ်က စစ်သားတွေရော စမဟ ၂၀၅ က တပ်ရင်းမှူးနဲ့ အဖွဲ့ရော စစ်ဆေးခံရတယ်။”

စစ်ဆေးခံရသူတွေဟာ ထန်းတပင်၊ မှော်ဘီ၊ တိုက်ကြီးနဲ့ ဥက္ကံမြို့က စစ်မှုထမ်းဆင့်ခေါ်ရေး ကိစ္စတွေကို ဦးဆောင်နေတဲ့ အမှတ် ၂၀၅ စစ်မှုထမ်းဟောင်းတပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စိုးမိုးအောင်နဲ့အဖွဲ့ ဖြစ်တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။

“စစ်ဆေးခံရတာတော့ မှန်တယ်၊ အရေးယူ မယူတော့ မသိဘူး။ သူတို့ အချင်းချင်းဆိုတော့ ကိုကြီး ညီလေးနဲ့ပဲ ပြီးသွားမှာ။ အဲဒီကလေးတွေနေရာမှာ တခြားသူဆို အခုလောက်ဆို သင်တန်းကျောင်းပို့ပြီးလောက်ပြီ။ ရန်ကုန်မှာ စစ်မှုထမ်း ၂၆ အတွက် အခုကတည်းက ကြိုတင်ပြီး လူသစ်စုဆောင်းနေတာ။”

စစ်မှုထမ်းအပတ်စဥ် ၂၅ တုန်းကလည်း မိသားစုစားဝတ်နေရေးအတွက် ရေနံချောင်းမြို့နယ်ကနေ ရန်ကုန်မြို့ကိုတက်လာပြီး တာမွေမြို့နယ်မှာ ဆိုက်ကားနင်းနေတဲ့ အသက် ၄၇ နှစ်အရွယ် ဦးမြင့်ဆိုင်ကို စစ်တပ်က ဖမ်းပြီး အသက် ၃၅ နှစ် မှတ်ပုံတင်ပြင်ဆင်ပြုလုပ်ပေးကာ စစ်ထဲ ထည့်ခဲ့တယ်လို့ဇနီးဖြစ်သူ ဒေါ်ခင်စိုးရီက ဇွန် ၁ ရက်က လူမှုကွန်ရက်မှာ ပြောပါတယ်။

မေ ၂၅ ရက်က အာဏာရှင်စစ်တပ်က မြန်မာနိုင်ငံတဝန်းမှာရှိတဲ့ သင်တန်းကျောင်းတွေမှာ စစ်မှုထမ်းအပတ်စဥ် ၂၅ ကို ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

လူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမဲ့ ဥပဒေကို အာဏာသိမ်းစစ်ခေါင်းဆောင်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က အသက်သွင်းခဲ့ပြီး မတ် ၂၈ ရက်မှာ စတင်သင်တန်းပေးခဲ့ရာ အခုဆိုရင် အပတ်စဉ် ၂၆ အထိ ရောက်လာပြီ ဖြစ်ပါတယ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်