📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ဆင်ပေါင်ဝဲမှာ ဒေါက်တိုင်တွေ စ,ရှင်းပြီဟေ့… (ရုပ်သံ)

ဆင်ပေါင်ဝဲမြို့နယ်တွင် KTV မှ ပြန်လာသော ဘ၀သစ်ရဲဘက်စခန်း အကျဉ်းဦးစီးအရာရှိ သက်စိုး ၏ကားကို စစ်ဆေးရန် တားဆီးသော် လည်း မောင်းပြေး၍ ပစ်ခတ်ရှင်းလင်းမှု အကျဉ်းဦးစီးအရာရှိနှင့်ထောင်တန်းစီ သေ ဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်တွင် KTV မှပြန်လာသော ဘ၀သစ်ရဲဘက်စခန်း အကျဉ်းဦးစီးအရာရှိ ၃ ပွင့် သက်စိုး၏ ကားကို တော် လှန်ရေးတပ်များက စစ်ဆေးရန် တားဆီးသော်လည်း မောင်းပြေး၍ ပစ်ခတ်ရှင်းလင်းရာ

အကျဉ်းဦးစီးအရာရှိနှင့်ထောင်တန်းစီး သေဆုံးသွားကြောင်း ဗီဒီယိုရုပ်သံနှင့်တကွ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ် ၅ တပ်ရင်းက သတင်းထုတ် ပြန်သည်။

ပြီးခဲ့သည့်မေလ ၅ ရက်နေ့ ညပိုင်း မကွေးတိုင်း၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ သာဂရ ကိုးပင် လမ်းတွင်းပိုင်း တစ်နေရာတွင် KTV မှ ပြန်လာသော ဘဝသစ်ရဲဘက်စခန်းမှ အကျဉ်းဦးစီးအရာရှိ သက်စိုးတို့၏ကားကို တော်လှန်ရေးတပ်များက စစ်ဆေးခဲ့ကြောင်း၊

သို့ရာတွင် အတင်းအကျပ်မောင်းနှင်ထွက်ပြေးသွား၍ လိုက်လံပစ်ခတ်ခဲ့ရာ အကျဉ်းဦးစီးအရာရှိ သက်စိုးနှင့်ထောင်တန်းစီးတို့ သေဆုံးသွားကြောင်း သိရှိရသည်။

၎င်းတို့၏ကားပေါ်မှ MA5 သေနတ်အတိုတစ်လက်၊ ကျည်ဘောက် ၃ ခု၊ ဖုန်း ၂ လုံးနှင့် စာရွက်စာ တမ်းများ အပါအဝင် ပစ္စည်းများ သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

သေဆုံးသူ အကျဉ်းဦးစီးအရာရှိ သက်စိုးသည် အသက် ၄၉ နှစ်ရှိနေပြီဖြစ်သည်။

ဆင်ပေါင်ဝဲမြို့အခြေစိုက် ဒေသသတင်းရင်းမြစ်များ၏ အဆိုအရ ဆင်ပေါင်ဝဲမြို့နယ်၊ သာဂရ-ကိုးပင် လမ်းပိုင်းမှာ တော်လှန်ရေးတပ်များက အဓိက စိုးမိုးထားကြောင်း၊ ယင်းလမ်းပိုင်းတွင် စစ်တပ်စစ်ကြောင်းများ မကြာခဏ တိုက်ခိုက်ခံရ၍ အရပ်သားပုံစံ ခိုးသွားကြကြောင်း ထုတ်ဖော်ပြောဆိုသည်။

“ဆင်ပေါင်ဝဲမြို့ပေါ်က ထွက်တာနဲ့ နယ်မြေတွေက PDF တွေ စိုးမိုးထားတာ။ စိုးမိုးတယ်ဆိုတာ စခန်းကြီးတွေ ဆောက်ပြီး စိုးမိုးတာမဟုတ်ဘူး။ လမ်းတွေမှာ အချိန်မရွေး PDF တွေ ရောက်လာနိုင်တာ။

စစ်တပ်က နယ်မြေရှင်းပေမယ့် သူတို့ အမြဲ မစိုးမိုးနိုင်ဘူး။

မြို့ပေါ်မှာတောင် ညပိုင်းဆိုရင် ရဲနဲ့ တပ်ရော သူတို့စခန်းမှာပဲ အဓိက အထိုင်နေကြတာများတယ်” ဟု ဆင်ပေါင်ဝဲမြို့မှ ဒေသသတင်းရင်းမြစ်က ရှင်းပြသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်