📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ပေါက်မြို့နယ်၊ ရေပြာရဲစခန်းနှင့် ကုက္ကိုစုကျေးရွာ ပျူစောထီးစခန်းကို တိုက် ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၄၀ ကျော်သေဆုံး

ပေါက်မြို့နယ်၊ ရေပြာရဲစခန်းနှင့် ကုက္ကိုစုကျေးရွာ ပျူစောထီးစခန်းကို တိုက် ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၄၀ ကျော်သေဆုံးပြီး စစ်သုံ့ပန်း ၂၀ ကျော် ဖမ်းဆီးရရှိ

လက်နက် ၃၀ ကျော်နှင့် ခဲယမ်းအမြောက်အမြား သိမ်းပိုက်ရရှိ

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရေပြာရဲစခန်းနှင့် ကုက္ကိုစုကျေးရွာ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်မှ ၄၀ ကျော်သေဆုံးပြီး စစ်သုံ့ပန်း ၂၀ ကျော် ဖမ်းဆီးရရှိထားကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ဇွန်လ ၂ ရက်နေ့တွင် နံနက်ပိုင်း ၄နာရီခန့် အချိန်မှစတင်၍ ပေါက်မြို့နယ်အရှေ့ပိုင်း၊ ရေပြာရဲစခန်းနှင့် ကုက္ကိုစုပျူစောထီး ကျေးရွာကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်ခဲ့ကြောင်း၊ဇွန်လ ၄ ရက်နေ့တွင်မွန်းလွဲပိုင်းတွင် ရေပြာရဲစခန်းနှင့် ကုက္ကိုစုပျုစောထီးကျေးရွာစစ်စခန်တို့ကို အပြီးပိုင်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ရဲစခန်းနှင့် ပျူစောထီးစခန်းများ သိမ်းပိုက်ရရှိမှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၄၀​ကျော် သေဆုံးကာ၊ စစ်သား ၂၀ ဦးကျော် အရှင်ဖမ်းမိကြောင်း၊ သေနတ် ၃၀ကျော်နှင့်ခဲယမ်းများ သိမ်းဆည်းကာ၊ တော်လှန် ရေးဘက်မှ ရဲဘော် ၅ ဦး ကျဆုံးခဲ့ကြောင်းသိရှိသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ လေကြောင်းဖြင့် အကြိမ်ကြိမ် ဗုံးကျဲ ခုခံ တိုက်ခိုက်ခဲ့သော်လည်း သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ တော်လှန်ရေးတပ်များက စုပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မကြာမီ တရားဝင် သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း သိရှိရသည်။

“စစ်ခွေးတွေ ၄၀ ကျော်လောက်သေတယ်။ အလောင်းတွေလည်းရတယ်။ စစ် သုံ့ပန်း ၂၀ ကျော်တယ်။ စခ၊ ရခ နဲ့ ပျူတွေ မိတာ။ လက်နက်က အလက် ၃၀ ကျော်တယ်။ ခဲယမ်းတွေ ဗုံးတွေ ကျည်ဆန်တွေ မိုင်းတွေလည်းရတယ်။ အသေးစိတ်ကို သတင်းထုတ်ပြန်ဖို့ရှိပါတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

ထို့ပြင် ကုက္ကိုစုပျူစောထီးကျေးရွာမှ ရိက္ခာပြတ်လပ်နေသည့် ပြည်သူ စုစု ပေါင်း ၂၀၀ ကျော်ကိုလည်း တော်လှန်ရေးတပ်များက ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

လတ်တလော တော်လှန်ရေးတပ်များက နယ်မြေရှင်းလင်းရေး ထပ်မံ လုပ် ဆောင် နေပြီး စစ်တပ်က စစ်ကြောင်းထိုးလာနိုင်သဖြင့် စစ်ရေးအခြေအနေ ဆက်လက် တင်းမာနေဆဲဖြစ်ကြောင်း သိရှိရသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်