သားသမီးတိုင်း မျက်ရည်လည်ပြီး ကိုယ်ချင်းစာမိမယ့် ထိတ်လန့် ဝမ်းနည်းစရာ လူပျောက်သတင်းလေးတစ်ခုကို ပြည်သူတွေအားလုံး ဝိုင်းဝန်းကူညီပေးကြဖို့ အရေးတကြီး တောင်းဆိုပါရစေ။
အခု ပျောက်ဆုံးနေသူကတော့ ပရိသတ်တွေ အချစ်တော် အဆိုတော် ခင်ပိုးပန်းချီ ရဲ့ မိခင်အရင်းဖြစ်သူ ဒေါ်ခင်အေးသိန်း ပဲ ဖြစ်ပါတယ်။
မိသားစုဝင်တွေခမျာ နေ့ရောညပါ အိပ်မရ၊ စားမဝင်ဘဲ သောကမီးဝိုင်းပြီး လိုက်လံရှာဖွေနေပေမယ့် အခုချိန်ထိ အိမ်ပြန်မရောက်လာသေးတဲ့ မိခင်ဖြစ်သူ ဘယ်ဆီများ ရောက်နေမလဲဆိုတာ တွေးကြည့်ရုံနဲ့တင် ရူးမတတ် ခံစားနေကြရပါပြီ။
😭 ပုံမှန် ခရီးထွက်တာလို့ ထင်ခဲ့ရာကနေ…
အမေဖြစ်သူဟာ အရင်ကလည်း တရားစခန်းဝင်တာ၊ သူငယ်ချင်းတွေနဲ့ ဘုရားဖူးထွက်တာမျိုးတွေ ရှိခဲ့ဖူးပါတယ်။
အခုနောက်ပိုင်း သမီးဖြစ်သူ ခင်ပိုးပန်းချီ ကျန်းမာရေးကြောင့် ပွဲတွေ အတူမသွားဖြစ်တဲ့အခါ၊ အပန်းပြေ ခရီးသွားချင်တယ်လို့ ပြောဖူးတာကြောင့် စထွက်သွားတဲ့နေ့ကစပြီး တစ်ရက်နိုးနိုးနဲ့ ပုံမှန်ပဲထင်ကာ စောင့်နေခဲ့ကြတာပါ။
📞 ရုတ်တရက် အဆက်အသွယ် လုံးဝ ပြတ်တောက်သွားခြင်း
နှစ်ပတ်ကျော် ကြာလာတဲ့အခါမှာတော့ ပုံမှန်မဟုတ်တော့တာကို သတိထားမိလာပါတယ်။
စစပိုင်းမှာ ဖုန်းဘယ်လောက်ခေါ်ခေါ် မကိုင်သလို၊ Facebook ကနေ Active ဖြစ်နေပေမယ့် စာပြန်မပို့ခဲ့ပါဘူး။
အခုဆိုရင်တော့ ဆက်သွယ်မှု ဧရိယာပြင်ပ ရောက်သွားပြီး ဖုန်းပါ စက်ပိတ်သွားတဲ့အတွက် မိသားစုတွေ အရမ်းကို ထိတ်လန့်နေကြပါပြီ။
အခုဆိုရင် ပျောက်ဆုံးနေတာ (၁) လ နီးပါး တောင် ပြည့်တော့မှာပါ။
🛑 အိမ်တွင်းရေး ပြဿနာ လုံးဝ (လုံးဝ) မရှိပါ
အိမ်က အဖေနဲ့ရော၊ သမီးတွေနဲ့ရော ဘာပြဿနာမှ မရှိခဲ့သလို၊ မိသားစုကလည်း အမေ့ကို စိတ်ပင်ပန်းအောင် တစ်ခါမှ မလုပ်ဖူးပါဘူး။
ငွေကြေးကအစ လိုလေသေးမရှိ အကောင်းဆုံး ထားပေးခဲ့တာမို့ အိမ်ကသူတွေကြောင့် စိတ်ကောက်ပြီး ထွက်သွားတာ လုံးဝ မဟုတ်ဘူးလို့ အတည်ပြုထားပါတယ်။
⚠️ လူလိမ်ဂိုဏ်းတွေများလားဆိုတဲ့ စိုးရိမ်စိတ်
အဆိုးဆုံးကတော့ အရင်က ခင်ခဲ့တဲ့ အသိမိတ်ဆွေတွေနဲ့ သွားနေကျ နေရာတွေ အကုန်လုံးကို ဆက်သွယ်ရှာဖွေပေမယ့် အရိပ်အယောင်လေးတောင် မတွေ့ရတာပါပဲ။
အခုနောက်ပိုင်း အမေ အသစ်ပေါင်းတဲ့ သူငယ်ချင်းတွေကို သမီးဖြစ်သူတို့က မသိကြပါဘူး။
သိထားတဲ့သူ တချို့ဆိုတာကလည်း အမေ့ဆီကနေ ပိုက်ဆံလိမ်ဖူးတဲ့ သူတွေလောက်သာ ဖြစ်နေပါတယ်။
အခုခေတ်က အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျား-ဖြန့်) တွေ အရမ်းပေါနေတဲ့ အချိန်မို့ သမီးဖြစ်သူခမျာ ပိုပြီး သောကရောက်နေရပါတယ်။
ကိုယ်တိုင်လည်း ကျန်းမာရေး သိပ်မကောင်းတဲ့ကြားက အမေ့အတွက် ရူးမတတ် စိတ်ပူပြီး Social Media ကနေ အကူအညီ တောင်းခံလာတဲ့ အဆိုတော် ခင်ပိုးပန်းချီရဲ့ မိခင်ကို အမြန်ဆုံး အသက်ရှင်လျက် ဘေးကင်းကင်း ပြန်တွေ့ဖို့ ပြည်သူတွေရဲ့ မျက်စိနဲ့နားက အရေးကြီးဆုံး ဖြစ်နေပါပြီ။
ဒါကြောင့် ဒီပိုစ့်လေးကို တွေ့မြင်ရတဲ့ မိဘပြည်သူတွေအနေနဲ့ မိခင်ကြီး ဒေါ်ခင်အေးသိန်းကို လမ်းမှာဖြစ်ဖြစ် တွေ့ရှိခဲ့ရင်၊ သဲလွန်စ တစ်စုံတစ်ရာ သိရှိခဲ့ရင် အမြန်ဆုံး အကြောင်းကြား ကူညီပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။
အားလုံးပဲ ဖုန်းလေးပွတ်ရင်း တစ်ယောက် တစ်ချက်စီ ဝိုင်းဝန်း မျှဝေ (Share) ပေးပြီး ကုသိုလ်ယူ ကူညီရှာဖွေပေးသွားကြပါဦးခင်ဗျာ။ 🙏✨

မူရင်းပို့စ်မှာ
လူပျောက်
*အိမ်ကမိသားစုတွေအရမ်းစိတ်ပူနေကြလို့ပါ*
Edit❕[တစ်ခါတည်းပြောပါမယ် အပြစ်လာမတင်ကြပါနဲ့.. အမေဘယ်သွားမလဲဘယ်လာမလဲမမေးမိဘူးဆိုတာ အမြဲတရားစခန်းဝင်နေကြလူကြီးမလို့မမေးမိပါဘူး.. တစ်လနေမှရှာတာလည်းမဟုတ်ဘူး ပုံမှန်ခရီးထွက်ရင် တစ်ပတ်လောက်
ကတော့ တစ်ခါကြာဖူးလို့ ပုံမှန်ထင်ခဲ့မိတာပါ ဒါကတော့ ကိုယ့်ဦးနှောက်ကမစဉ်းစားတက်တာမှန်ပါတယ်.. ပြောချင်တာက လူကိုအပြစ်လာတင်မယ့်စကားတွေအစား နှစ်သိမ့်စကားပဲပြောပေး ment ပေးပါ ကျေးဇူးပါရှင့်🙏🏻] ❕
အိမ်ကအမေ – ဒေါ်ခင်အေးသိန်း – ပျောက်ဆုံးနေလို့ပါ
အရင်က တရားစခန်းဝင်တာ ၊ သူငယ်ချင်းတွေနဲ့ဘုရားဖူးသွားတာ မျိုးတွေကို သွားမယ်လို့တော့ပြောဖူးပါတယ်..၊ ဒီလပိုင်းတွေထဲလည်း အမေ့ကျန်းမာရေးကြောင့် သမီးနဲ့ပွဲတွေအတူမသွားဖြစ်တော့လို့ အပန်းပြေအနေနဲ့အမေ့က သူ့မိတ်ဆွေတွေနဲ့ ခရီးသွားချင်တာမျိုးတွေရှိတယ်လို့တော့ ပြောဖူးပါတယ် ၊ စထွက်သွားတဲ့နေ့ကစပြီး တစ်ရက်နိုးနိုး တစ်ရက်နိုးနိုး နဲ့ပုံမှန်ပဲထင်ပြီး စောင့်နေခဲ့တာပါ..၊
ဒါပေမယ့် နှစ်ပတ်ကျော်ကြာတဲ့အခါ သမီးစိတ်ထဲကနေပုံမှန်မဟုတ်တာသတိထားမိလာလို့ပါ.. စစပိုင်းမှာဖုန်းဘယ်လောက်ခေါ်ခေါ်မကိုင်ပါဘူး Facebook ကနေဆက်သွယ်တာလည်း active ဖြစ်ပြီး စာပြန်မပို့ပါဘူး (အစကတော့ တရားရိပ်သာများရောက်နေမလားဆ်ိုတဲ့စိတ်နဲ့ ဖုန်းခေါ်တာမကိုင်တာကို သိပ် အများကြီးမတွေးခဲ့မိပါဘူး.. နောက်ပိုင်းခေါ်တော့ ဆက်သွယ်မှု့ဧရိယာပြင်ပနဲ့ ဖုန်းပိတ်ထားတယ်ဆိုတာပဲ ဖြစ်ဖြစ်လာလို့ စိတ်ထဲပိုစိတ်ပူလာတာနဲ့ဘာလုပ်လို့ဘာကိုင်ရမှန်းကိုမသိတော့တာပါ)
အခုဆိုပျောက်သွားတာ တစ်လနီးနီးပြည့်ပါတော့မယ်.. အိမ်ကအဖေ့ကိုရော သမီးတို့ညီအစ်မတွေကိုရော ဘာမှမပြောပဲ ဒီအတိုင်းကြီးထွက်သွားပြီးမှ အခုအဆက်သွယ်လည်းမရ – ပြန်လည်းရောက်မလာတာပါ အမေဆိုတော့စိတ်ထဲတစ်ခုခုဖြစ်နေပြီထင်လို့လူပျောက်တင်ရခြင်းဖြစ်ပါတယ်ရှင်
[အိမ်ကမိသားစုတွေတစ်ယောက်မှ အမေ့ကိုစိတ်ပင်ပန်းအောင်မလုပ်ဖူးကြပါဘူး..အဖေနဲ့လည်းရန်မဖြစ်ထားပါဘူး အမေ့ကိုအကောင်းဆုံးတွေပေးပြီးပဲစိတ်ချမ်းသာအောင်ထားကြတာပါ ၊ ပိုက်ဆံလိုရင် ပိုက်ဆံ ၊ လိုချင်တာလေးတွေလည်း သမီးကိုယ်တိုင်ရသလောက်ဖြည့်ပေးပါတယ်.. ပြောချင်တာက အိမ်ကသူတွေကြောင့်နဲ့ထွက်သွားတာမျိုးမဟုတ်လောက်ဘူးထင်တာပါ ၊ ဒါကြောင့် လူပျောက် case လို့တင်လိုက်တာပါ]
Acc ထဲကအသိမိတ်ဆွေများ အမေ့ကိုတွေ့ခဲ့ရင် အကြောင်းကြားပေးကြပါအုံးရှင်.. 🙏🏻
အရင်ကဒါမျိုးတွေမထွက်သွားဖူးပါဘူး အခုအရမ်းစိတ်ပူနေလို့ပါ.. အခုခေတ်ကလည်း ကျာ၊းဖြန့်တွေပေါနေတော့ စိတ်ပိုပူပါတယ်
[အရင်ကခင်ခဲ့တဲ့သမီးတို့ရဲ့အသိမိတ်ဆွေတွေ ၊ အမေ့ရဲ့သူငယ်ချင်းတွေအကုန်လုံးကိုဆက်သွယ်ကြည့်ပြီးပါပြီ အဖြေမရပါဘူး.. ] အမေသွားနေကျ ရွာတွေနယ်တွေနဲ့ နေရာတွေအကုန်လုံး (ကိုယ်သိသလောက်) ကိုလည်း ဆက်သွယ်ပြီး ရှာကြည့်ပြီးပါပြီ မတွေ့ပါဘူးရှင်
အခုနောက်ပိုင်း သမီးနဲ့ခရီးမလိုက်ဖြစ်တဲ့ကာလတွေမှာ အမေအသစ်ပေါင်းတဲ့အမေ့ အသိမိတ်ဆွေတွေ ၊ သူငယ်ချင်းတွေကိုတော့ သမီးတို့သားအဖတွေ တစ်ယောက်မှမသိလို့ပါ အမေကလည်းမိတ်ဆက်ပေးထားတာမျိုးမရှိတော့.. ဆက်သွယ်စရာလူထပ်မရှိလို့ပါရှင် ( အဲ့ဒီထဲမှာမှ သမီးတို့သိတဲ့သူတွေအကုန်လုံးကလည်း သမီးအရင်ပို့စ်တင်ဖူးတဲ့ – အခုနောက်ပိုင်းအမေ့ကိုပိုက်ဆံလိ၊မ်ဖူးတဲ့သူတွေလောက်ကိုပဲသိတာပါ ဒါတောင်ကိုယ်ကအကုန်ဝင်ဖြေရှင်းပေးထားလို့သိရတာပါ မဟုတ်ရင်မသိရပါဘူး)
* social ကနေရှာရင်လည်းအထောက်အပံ့ဖြစ်လောက်မယ်ထင်လို့ စိတ်ပူနေတဲ့ကြားကနေတင်လိုက်ရပါတယ်ရှင် * စာရေးတာ အစဉ် မကျရင်တောင်းပန်ပါတယ် လူကလည်းကျန်းမာရေးမကောင်းတော့ စိတ်မကောင်းလည်းအတော်ဖြစ်နေလို့ပါ


Leave a Reply